Tuesday, January 27, 2026

UWSA အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့ (၃) ဖွဲ့ နှင့် NSPNC တို့ နေပြည်တော်မှာ တွေ့ဆုံနေ

သျှမ်းပြည် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့ (၃) ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC တို့က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးနေကြောင်း သိရသည်။

လက်နက်ကိုင် နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေး

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် UWSA အပါအဝင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA တို့ကလည်း တက်ရောက်နေကြကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုသည် ဇူလိုင်လ ၂၀ ရက် နှင့် ၂၁ ရက်နေ့ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တွေ့ဆုံနေတာက ဟုတ်ပါတယ်။ မနေ့က ၂၀ ရက်နေ့ နဲ့ ဒီနေ့ ၂၁ ရက်နေ့ နှစ်ရက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အဓိက ကတော့ ဒေသအတွင်းက ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုပဲ ဆွေးနွေး ဖြစ်ခဲ့ကြတယ်” ဟု ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုတကြိမ် တွေ့ဆုံဆွေးနွေးမှုသည် FPNCC အဖွဲ့ဝင်ဖြစ်သည့် UWSA “ဝ” တပ်ဖွဲ့၊ SSPP တပ်ဖွဲ့ နှင့် မိုင်းလား တပ်ဖွဲ့ NDAA တို့အကြား တွေ့ဆုံဆွေးနွေးမှု ငါးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးနေသည့် ရှမ်းပြည်တပ်မတော် SSPP တပ်ဖွဲ့သည် မြေပြင်တွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့်လည်း စစ်ရေးတင်းမာမှု ရှိနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇွန်လလယ်ပိုင်း အချိန်တွင် လဲချားမြို့နယ် အတွင်းရှိ SSPP တပ်စခန်းများ အားလုံး ဆုတ်ခွာရန် စစ်ကောင်စီမှ ဖိအားပေး ညွှန်ကြားမှုကို SSPP တပ်ဖွဲ့မှ လက်မခံသည့်အတွက် စစ်ရေးတင်းမာမှုများ ရှိနေခြင်း ဖြစ်သည်။

လက်ရှိ ပြုလုပ်နေသည့် ဆွေးနွေးပွဲသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ UWSA ဘက်မှ ဒုဥက္ကဌ ဦးလော်ရာကု၊ SSPP ဘက်မှ ဒုဥက္ကဌ(၃) စဝ်ဆေပိုင်ဖ နှင့် NDAA ဘက်မှ ဒုဥက္ကဌ ဦးစန်းပေ့ စသည့် ကိုယ်စားလှယ် အဖွဲ့များတက်ရောက်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့တွင်လည်း ငြိမ်းချမ်းရေး ညီလာခံ ပြုလုပ်ရန်အတွက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့က ဆွေးနွေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...