UWSA အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့ (၃) ဖွဲ့ နှင့် NSPNC တို့ နေပြည်တော်မှာ တွေ့ဆုံနေ

သျှမ်းပြည် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့ (၃) ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC တို့က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးနေကြောင်း သိရသည်။

လက်နက်ကိုင် နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေး

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် UWSA အပါအဝင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA တို့ကလည်း တက်ရောက်နေကြကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုသည် ဇူလိုင်လ ၂၀ ရက် နှင့် ၂၁ ရက်နေ့ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တွေ့ဆုံနေတာက ဟုတ်ပါတယ်။ မနေ့က ၂၀ ရက်နေ့ နဲ့ ဒီနေ့ ၂၁ ရက်နေ့ နှစ်ရက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အဓိက ကတော့ ဒေသအတွင်းက ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုပဲ ဆွေးနွေး ဖြစ်ခဲ့ကြတယ်” ဟု ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုတကြိမ် တွေ့ဆုံဆွေးနွေးမှုသည် FPNCC အဖွဲ့ဝင်ဖြစ်သည့် UWSA “ဝ” တပ်ဖွဲ့၊ SSPP တပ်ဖွဲ့ နှင့် မိုင်းလား တပ်ဖွဲ့ NDAA တို့အကြား တွေ့ဆုံဆွေးနွေးမှု ငါးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးနေသည့် ရှမ်းပြည်တပ်မတော် SSPP တပ်ဖွဲ့သည် မြေပြင်တွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့်လည်း စစ်ရေးတင်းမာမှု ရှိနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇွန်လလယ်ပိုင်း အချိန်တွင် လဲချားမြို့နယ် အတွင်းရှိ SSPP တပ်စခန်းများ အားလုံး ဆုတ်ခွာရန် စစ်ကောင်စီမှ ဖိအားပေး ညွှန်ကြားမှုကို SSPP တပ်ဖွဲ့မှ လက်မခံသည့်အတွက် စစ်ရေးတင်းမာမှုများ ရှိနေခြင်း ဖြစ်သည်။

လက်ရှိ ပြုလုပ်နေသည့် ဆွေးနွေးပွဲသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ UWSA ဘက်မှ ဒုဥက္ကဌ ဦးလော်ရာကု၊ SSPP ဘက်မှ ဒုဥက္ကဌ(၃) စဝ်ဆေပိုင်ဖ နှင့် NDAA ဘက်မှ ဒုဥက္ကဌ ဦးစန်းပေ့ စသည့် ကိုယ်စားလှယ် အဖွဲ့များတက်ရောက်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့တွင်လည်း ငြိမ်းချမ်းရေး ညီလာခံ ပြုလုပ်ရန်အတွက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့က ဆွေးနွေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...