သျှမ်းပြည်အတွင်း ကုန်စုံဆိုင်တစ်ချို့ အရောင်းဝယ် ရပ်ဆိုင်းထား

စစ်ကောင်စီသည် ဇူလိုင်လကုန် ၂ သောင်းတန် အသစ်ကို ထုတ်ဝေသွားမည်ဟု ကြေညာပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း ဆေးဆိုင်၊ ကုန်စုံဆိုင်အချို့က အရောင်း၊ အဝယ် ရပ်တန့်ထားကြောင်း စုံစမ်း သိရှိရသည်။

ကုန်စုံဆိုင်

လက်ရှိ သျှမ်းပြည် တောင်ကြီးမြို့နယ်အတွင်း ဆေးကုမ္ပဏီ ၊ အချိုရည်ကုမ္ပဏီ ၊ ကုန်စုံဆိုင်များ ကုန်တင်ပို့မှုမရှိတော့ဘဲ ဆိုင်များလည်း အရောင်းအဝယ် ရပ်တန့်ထားကြောင်း သိရသည်။

“ဆေးကုမ္ပဏီတစ်ချို့ အရောင်းဝယ်တွေ အားလုံး ရပ်ထားလိုက်ကြပြီ။ ဆိုင်ကတော့ ဖွင့်ထားတယ်။ ဒါပေမဲ့ မရောင်းပေးကြတော့ဘူး။ အချိုရည်ကုမ္ပဏီတွေလည်း ရောင်းဝယ်တာ ပိတ်ထားလိုက်ပြီ။ တစ်ချို့ကတော့ လက်ကျန်တွေကို အကုန်ရောင်းနေကြတာလည်း ရှိတယ်။ ကုန်အသစ်တော့ မတင်သွင်းကြတော့ဘူး” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုအပြင် တောင်ကြီးမြို့နယ်ထဲတွင်လည်း ကားရောင်းဝယ်ရေးများလည်း ရပ်ထားကြောင်းသိရသည်။

အလားတူ လားရှိုးမြို့နယ်တွင်လည်း ကုန်စုံဆိုင်တစ်ချို့က ဖွင့်ထားသော်လည်း ရောင်းဝယ်ပေးခြင်း မရှိကြောင်း သိရသည်။

သျှမ်းပြည်တွင်း စျေး

“လားရှိုးမှာလည်း ဆိုင်တွေတော့ ဖွင့်ထားပါတယ်။ ဒါပေမဲ့ မရောင်းပေးချင်ကြဘူးတဲ့။ ဒီတိုင်း ဗန်းပြပြီးတော့ ဖွင့်ထားတာ။ ၂ သောင်းတန် ထွက်လာတော့မယ်ဆိုတော့ မရောင်းပေးကြတာထင်တယ်။ ပြီးတော့ တစ်ချို့ဆိုင်တွေဆိုကုန်ဈေးနှုန်းတွေက တက်နေပြီ” ဟု လားရှိုးမြို့ ဒေသခံအမျိုးသမီးက ပြောသည်။

အဆိုပါ ဆိုင်ကို ဗန်းပြဖွင့်ထားပေးခြင်းသည် စစ်ကောင်စီက လာရောက်ဖမ်းဆီးမှုကို စိုးရိမ်သောကြောင့် ဖွင့်ထားကြောင်း တောင်ကြီးမြို့ အဝတ်ထည်ရောင်းသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။

“ကျမတို့ကတော့ ရောင်းပေးပါတယ်။ ဈေးကတော့ တည်ငြိမ်မနေဘူး။ ဈေးပြန်တက်တယ်။ တစ်ချို့ဆိုင်တွေကတော့ ဖွင့်တယ်။ မရောင်းပေးဘူး။ ဒီတိုင်းပဲ ဖွင့်ထားတယ်။ စစ်ကောင်စီက လာဖမ်းမှာဆိုးလို့ သူတို့က ဒီတိုင်းဗန်းပြဖွင့်ထားတာ။ မဖွင့်တဲ့ဆိုင်များရင် သူတို့လာဖမ်းမှာလည်း ကြောက်ရတယ်လေ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ကျပ်ငွေ ၂ သောင်းတန်အသစ် ထုတ်ဝေလာသည့်အတွက်ကြောင့် ငွေဖောင်းပွလာနိုင်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG က သုံးသပ်ပြောဆိုထားသည်။

ထိုအပြင် စစ်ကောင်စီကို နိုင်ငံတကာက အရေးယူ ပိတ်ဆို့လာသည့်အတွက်ကြောင့် ဝင်ငွေရရှိမှု နည်းလာသည့်အတွက်ကြောင့် ၂ သောင်းတန်အသစ်ကို ထုတ်ဝေလာခဲ့ကြောင်း သိရသည်။

အဆိုပါ ၂ သောင်းတန်အသစ်ကို ဇူလိုင်လကုန်တွင် အကန့်သတ်ဖြင့် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ယမန်နေ့ ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...