အရပ်သားကို မီးမြှိုက်ပြီး အမှုစစ်ခဲ့သည်ဟု SSPP ဝန်ခံပြော

အရပ်သားတစ်ဦးကို မီးမြှိုက်ပြီး အမှုစစ်ခဲ့သည့် ဗီဒီယိုဖိုင် ကိစ္စသည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဘက်မှ ဝန်ခံပြောဆိုလိုက်သည်။

ဗီဒီယိုဖိုင်ထဲတွင် SSPP/SSA စစ်ဝတ်စုံဖြင့် ဝတ်ဆင်ထားသည့် စစ်သား ၃ ဦးသည် အရပ်သား တစ်ဦးကို သစ်ပင်ပေါ်ကြိုးချည်ပြီး မီးမြှိုက်ထားသည်။

အဆိုပါ ဗီဒီယိုသည် ယမန်နေ့ (မေ ၉) ရက်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ သျှမ်းလူထုအသိုင်းအဝိုင်းတွင် ပြန့်နှံ့ခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး SSPP/SSA ဘက်မှ ထုတ်ပြန်ချက်တစောင်ထွက်ပေါ်လာခဲ့ပြီး၊ SSPP/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဖုန်းဟန်ကလည်း သျှမ်းသံတော်ဆင့်ကို ဝန်ခံပြောဆိုထားသည်။

“ ဟုတ်ပါတယ်။ အဲ့နေရာနဲ့ အချိန်ကို ကျနော်တို ပြောလို့မရသေးဘူး။ လက်ရှိမြေပြင်မှာလည်း တိုက်ပွဲတွေဖြစ်နေတုန်းပါ။ အမှုစစ်နေတုန်း မလို့ အမှုဖြစ်စဥ်ကတော့ ပြောလို့မရသေးဘူး” SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo by credit

လက်ရှိမှာ အမှုကို စစ်ဆေးနေချိန် မပြီးသည့်အတွက် အမှု ဖြစ်စဥ်ကို မပြောဆိုနိုင်သေးကြောင်းနှင့် သျှမ်းတပ် (၂) တပ် မြေပြင် စစ်မျက်နှာဖြစ်နေချိန်ဖြစ်သဖြင့် နေရာနှင့်အချိန်ကိုလည်း မပြောဆိုနိုင်သေးကြောင်း ဗိုလ်မှူးဖုန်းဟန် က ဆိုသည်။

“မြေပြင်မှာဖြစ်နေတဲ့ဟာကို စိတ်ဆန္ဒအနေနဲ့ စစ်ကြောရေးမှာ ကျော်လွန်ပြီးတော့ လုပ်သွားတဲ့ အနေအထား ဖြစ်သွားတယ်။ အဲ့ကြောင့် ကျနော်တို့လည်း စိတ်မကောင်းပါဘူး”ဟု ဗိုလ်မှူး ဖုန်းဟန် က ဆိုသည်။

အရပ်သားကို မီးမြှိုက်ပြီး အမှုစစ်ဆေးသည့် ကိစ္စသည် လူ့အခွင့်အရေး ချိုးဖောက်သည့် ဟုလည်း သျှမ်းလူထု အသိုင်းအဝိုင်း ကြား ဝေဖန်ပြောဆိုထားသည်ကို တွေ့မြင်ရသည်။

ပြည်သူများအနေဖြင့် ပြောပိုင်ခွင့်၊ စိုးရိမ်စိတ်ပိုင်ခွင့်ရှိကြောင်း၊ ထိုဖြစ်သွားသည့်ကိစ္စနှင့်ပတ်သက်ပြီး ဝမ်းနည်းရကြောင်းလည်း ဗိုလ်မှူး ဖုန်းဟန်က ထပ်လောင်းပြောဆိုသည်။

SSPP တပ်သား

အရပ်သားကို ကြိုးတုတ် မီးမြှိုက်ပြီး အမှုစစ်ဆေးနေသည့် လုပ်ရက်သည် လူ့အခွင့်အရေး ချိုးဖောက်ပြီး တရားမျှတမှုမရှိသည့်လုပ်ရက်ကို ဆန့်ကျင်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ရောက် သျှမ်းလူငယ်အဖွဲ့ ကပြောသည်။

ဆက်လက်ပြီး ဗိုလ်မှူး ဖုန်းဟန် က “ ဖြစ်စဥ်တွေအကုန်လုံး စိစစ်ပြီးတော့မှ ဘာတွေ ဆောင်ရွက်သင့်မလဲ ဆိုတဲ့ဟာ ကျနော်တို့ ဆောင်ရွက်ဖို့ရှိပါတယ်။ စစ်သုံ့ပန်းမှာ လုပ်တဲ့အနေအထားမှာလည်း ပြန်လွှတ်ပေးတယ်။ ကျနော်တို့ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးတယ်။ သူတို့ သွားချင်တဲ့နေရာကို ပို့ပေးတယ်” ဟု ဆိုပြန်သည်။

လက်ရှိဖြစ်စဥ်မှာ SSPP/SSA သည် စစ်ကြောရေးပေါ်လစီထက် ကျော်လွန်ပြီး လုပ်ဆောင်စစ်ဆေးသွားခြင်းသည် SSPP/SSA ဘက်ရဲ့ အားနည်းချက်ဖြစ်သွားပြီး လက်ရှိ ထိုအမျိုးသားကို ဆေးကုသမှု ပေးထားကြောင်းလည်း ယနေ့ SSPP/SSA ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

SSPP/SSA ဘက်မှ စစ်သုံ့ပန်းများကို လည်းဖမ်းဆီးထားခြင်းရှိလျှင် ပြန်လွှတ်ပေးခဲ့ခြင်းလည်း ရှိခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...