ဟိုပုံးမြို့နယ် စစ်ရှောင်ကလေးများ စာသင်ကြားရန် စာရေးကိရိယာများ လိုအပ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် ပန်လုံရွာသစ်စစ်ရှောင်စခန်းအတွင်းနေထိုင်သည့် ကလေးများ စာသင်ရန်အတွက် စာရေးကိရိယာများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ဟိုပုံးစစ်ရှောင်ကလေးငယ်

တိုက်ပွဲကြောင့် ၁ နှစ်ကျော်ကြာ ဟိုပုံးမြို့နယ် ပန်လုံရွာသစ်သို့ ပြောင်းရွှေ့နေထိုင်ရသည့် စစ်ရှောင်များသည် လက်ရှိမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဖွင့်လှစ်နိုင်ခဲ့သော်လည်း ကလေးငယ်များ စာသင်ကြားဖို့ရန်အတွက် စာအုပ်၊ ခဲတံနှင့် ဘောပင် များလိုအပ်နေကြောင်း စစ်ရှောင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ ထွက်ပြေးလာကတည်းက ကလေးတွေ စာမသင်ရဘူး။ သံဃာတော်ကနေ အကူညီပေးခဲ့လို့ အခုလိုကိုယ်ထူကိုယ်ထ ဘုန်းကြီးကျောင်းမှာ စာသင်ရတယ်။ ဒါပေမယ့်လည်း စာသင်ဖို့အတွက်က စာအုပ်၊ ခဲတံ၊ ဘောပင်တို့တွေ လိုအပ်နေသေးတာပေါ့။ အခုကရှိသားလေးနဲ့ လုပ်ရတယ်။ မလုံလောက်ဘူး “ ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းထဲတွင် ကလေးငယ်ဦးရေ ၃၀ ကျော် ရှိပြီး စာသင်ကြားဖို့ရန်အတွက် ကျောင်းသုံးကိရိယာများ လိုအပ်နေကြောင်း သိရသည်။

လက်ရှိ စစ်ရှောင်စခန်းမှ ကလေးငယ်များကို ကျောင်းသုံးပစ္စည်း ကိရိယာထောက်ပံ့ဖို့အတွက်လည်း နေ့စားအလုပ် ပုံမှန်မသွားရသဖြင့် မထောက်ပံ့ပေးနိုင်ကြောင်း စစ်ရှောင် တစ်ဦးက ထပ်လောင်းပြောသည်။

“ အလှူရှင်တွေက မလာတာ ကြာပြီ။ ကိုယ့်ဟာကိုယ် ရှိသာလေးနဲ့စိုက်ပျိုးပြီး စားရတယ်။ နေ့စားအလုပ်က ပုံမှန်မှမရှိတာရယ် အခုဆိုကလေးငယ်တွေလည်း ကျောင်းသုံးပစ္စည်းတွေ ဝယ်ဖို့အတွက် အခက်ခဲရှိနေတယ်။ ပိုက်ဆံမရှိတော့ မဝယ်ပေးနိုင်ဘူး “ ဟု ၎င်းက ပြောသည်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် (ဒီဇင်ဘာလပိုင်း)ကုန်မှစ၍ စစ်ရှောင်များသည် ကမ္ဘာ့စားနပ်ရိက္ခာ အစီစဉ်အဖွဲ့အစည်း (WFP) ထံ ထောက်ပံ့မှုပြတ်တောက်ခံရပြီး ယနေ့အချိန်ထိ ထောက်ပံ့မှုပြန်လည် မရရှိသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...