Thursday, April 25, 2024

ကလေးငယ်

စစ်ကောင်စီ ဖယ်ခုံမြို့နယ်ထဲ တိုက်လေယာဥ်ဖြင့် ဗုံးကြဲ ကလေးအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီမှ ယနေ့ (မေ ၆) ရက် နံနက် ၃ နာရီခွဲကျော်တွင် တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား (၃) ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေ ၆) ရက် နံနက် ၃...

ဟိုပုံးမြို့နယ် စစ်ရှောင်ကလေးများ စာသင်ကြားရန် စာရေးကိရိယာများ လိုအပ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် ပန်လုံရွာသစ်စစ်ရှောင်စခန်းအတွင်းနေထိုင်သည့် ကလေးများ စာသင်ရန်အတွက် စာရေးကိရိယာများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ တိုက်ပွဲကြောင့် ၁ နှစ်ကျော်ကြာ ဟိုပုံးမြို့နယ် ပန်လုံရွာသစ်သို့ ပြောင်းရွှေ့နေထိုင်ရသည့် စစ်ရှောင်များသည် လက်ရှိမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဖွင့်လှစ်နိုင်ခဲ့သော်လည်း ကလေးငယ်များ စာသင်ကြားဖို့ရန်အတွက် စာအုပ်၊ ခဲတံနှင့် ဘောပင် များလိုအပ်နေကြောင်း...

အေးသာယာတွင် မိုးသည်းထန်ပြီး ကလေးတစ်ဦး ရေစီးထဲမျောပါသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် မိုးသည်းထန်ရွာသွန်း၍ ကလေးတစ်ဦး ရေစီးချောင်းထဲ မျောပါပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ နိုဝင်ဘာ ၅ ရက် ညနေ ၃ နာရီဝန်းကျင်တွင် အေးသာယာမြို့၊ မြို့ဉီး ရပ်ကွက်နေ သားအမိ ၃ ဦးသည် ရေချောင်းအနီးတွင် ရှိနေစဉ် တောင်ကျချောင်းရေက...

သီပေါတွင် ၆ နှစ်ကလေးအားအဓမ္မပြုကျင့်သူကို ကြီးလေးသောပြစ်ဒဏ်ပေးသွားမည်ဟု SSPP ပြော 

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်နောင်ကျေးရွာအုပ်စုအတွင်း အသက် (၆) နှစ်အရွယ် ကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို ကြီးလေးသောပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း SSPP/SSA ထံမှ စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ၉ ရက်နေ့က တစ်ရွာသားဖြစ်သူ အသက်(၃၀)နှစ်ရှိသူ စိုင်းစောသည် (၆) နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း...

စစ်ပွဲကြောင့် ကလေးငယ်များအပေါ် ကြီးလေးသည့် ချိုးဖောက်မှု ၊ ညှင်းပမ်းနှိပ်စက်မှု အဆုံးသတ်ရန် Save the Children တိုက်တွန်း

စစ်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသည့် ကလေးများအပေါ် ကြီးလေးသည့် ချိုးဖောက်မှု အားလုံး နှင့် ညှင်းပမ်း နှိပ်စက်မှု လုပ်ရပ်များ အဆုံးသတ်ရေး လုပ်ဆောင်ပေးရန် Save the Children မှ တိုက်တွန်းလိုက်သည်။ စစ်ပွဲကြောင့် ထိခိုက်နေရသည့် ကလေးငယ်များ အကာအကွယ်ပေးရေးတိုးမြှင့် လုပ်ဆောင်ပေးရန်၊ စစ်ပွဲကြောင့် နေရပ်စွန့်ခွာနေရသည့် ကလေးများအပေါ်...

Latest news