အေးသာယာတွင် မိုးသည်းထန်ပြီး ကလေးတစ်ဦး ရေစီးထဲမျောပါသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် မိုးသည်းထန်ရွာသွန်း၍ ကလေးတစ်ဦး ရေစီးချောင်းထဲ မျောပါပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ရေစီးနှင့် မျောပါသွားသည့် ကလေးငယ်

ယမန်နေ့ နိုဝင်ဘာ ၅ ရက် ညနေ ၃ နာရီဝန်းကျင်တွင် အေးသာယာမြို့၊ မြို့ဉီး ရပ်ကွက်နေ သားအမိ ၃ ဦးသည် ရေချောင်းအနီးတွင် ရှိနေစဉ် တောင်ကျချောင်းရေက အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး ကလေးတစ်ဦးမှာ ရေစီးချောင်းထဲသို့ မျောပါသွားကြောင်း အေးသာယာ ဒေသခံ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကလေးက ချောင်းထဲမှာ ရေဆော့ ကစားနေတုန်း တောင်ကျ ချောင်းရေက အရှိန်နဲ့ဆင်းလာပြီး ကလေးက ရေထဲကိုပါသွားတာ။ သူ့အစ်မ နဲ့ အမေက လိုက်ဆယ်ရင်း ချောင်းထဲကို ပြုတ်ကျသွားပြီး ၃ ယောက်စလုံးက ရေထဲကိုမျောပါသွားတယ်။ ကလေးကတော့ မနေ့က အေးသာယာဆည်မှာ အလောင်းပြန်တွေ့တယ်။ ဒီမနက်ထိ သူ့ အစ်မနဲ့ အမေကိုတော့ ပြန်မတွေ့သေးဘူး “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ နေ့လည် ၂ နာရီ ဝန်းကျင်တွင် စတင်ပြီး တောင်ကြီးမြို့ပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် နေ့လည် ၄ နာရီဝန်းကျင်ထိ ဆက်လက်ရွာသွန်းခဲ့ကြောင်း သိရသည်။

ထို့အပြင် တောင်ကြီးမြို့ပေါ်တွင် မိုးသည်းထန်ရွာသွန်းပြီးလျှင် အေးသာယာမြို့ရှိ သစ်ပင်ထောင်ရပ်ကွက် နှင့် မကျီးပင်ရပ်ကွက် စသည့် ရပ်ကွက်များတွင် ချောင်းရေများ လျှံပြီး နေအိမ်အတွင်းထိ ရေများ စီးဝင်ခဲ့ကြောင်း သစ်ပင်ထောင် ရပ်ကွက်နေ ဒေသခံ တစ်ဦးက ပြောသည်။

“ တောင်ပေါ်က မိုးတအားကြီးရင် ကျနော်တို့ဘက် ရပ်ကွက်က ချောင်းရေတွေ လျှံတယ်။ တစ်ခါတစ်လေ ချောင်းရေလျှံထွက်ပြီး နေအိမ်ထဲကို စီးဝင်တယ်။ တောင်ပေါ်မှာ မိုးတအားရွာရင်တော့ စိုးရိမ်ရတယ်။ တောင်ပေါ်မှာ ရေကြီးရင် ကျနော်တို့ အေးသာယာမှာ ပိုခံရတယ်လေ။ အခုက ရာသီဥတု မမှန်တော့ဘူး ဆောင်းရာသီဝင်နေပြီ မိုးကရွာနေသေးတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

ယခုနှစ် မိုးရာသီ ကာလတွင် ရာသီဥတု ပြောင်းလဲမှု နှင့် သစ်တောများ ပြုန်းတီးမှုကြောင့် သျှမ်းပြည်အတွင်း ယခင်နှစ်ထက် ရေကြီးမှု ပိုမိုဖြစ်လာကြောင်း သျှမ်းပြည်တွင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့များကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...