Tuesday, January 27, 2026

သီပေါတွင် ၆ နှစ်ကလေးအားအဓမ္မပြုကျင့်သူကို ကြီးလေးသောပြစ်ဒဏ်ပေးသွားမည်ဟု SSPP ပြော 

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်နောင်ကျေးရွာအုပ်စုအတွင်း အသက် (၆) နှစ်အရွယ် ကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို ကြီးလေးသောပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း SSPP/SSA ထံမှ စုံစမ်းသိရှိရသည်။

Photo Credit to SSPP- ၆ နှစ်အရွယ်ကလေးငယ်အား အဓမ္မပြုကျင့်သူ စိုင်းစောအား SSPP မှတာ၀န်ရှိများကဖမ်းဆီးရမိစဉ်

ဒီဇင်ဘာ ၉ ရက်နေ့က တစ်ရွာသားဖြစ်သူ အသက်(၃၀)နှစ်ရှိသူ စိုင်းစောသည် (၆) နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ မူဝါဒအရ ဒီလို လူသတ်မှုဆိုရင် သေဒဏ်အထိ ချဖွယ်ရှိတာပေါ့နော်။ ပြီးတော့ ဒါက ကလေးလည်းဖြစ်တယ်။ဘယ်လို အမိန့်ချမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးတော့ အချုပ်ထဲမှာပဲ ထည့်ထားနေတုန်း”ဟု SSPP ၏ ပြန်ကြားရေးမှူး ဗိုလ်မှူးစိုင်းသန်းအောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ အဓမ္မပြုကျင့်သည့်သူကို SSPP က ဖမ်းဆီးထားပြီး ယခုလက်ရှိတွင် အမိန့်မချမှတ်ရသေးသည့်အတွက်ကြောင့် အချုပ်ထဲ ထည့်ထားကြောင်း၊ ၄င်းသည် မူးယစ်သုံးစွဲသူ မဟုတ်ကြောင်းလည်း ဗိုလ်မှူးစိုင်းသန်းအောင် ကပြောသည်။

Photo Credit to SSPP-အဓမ္မပြုကျင့်ခံရသည့်ကလေးငယ်၏အလောင်းအား ရွာအနီးချောင်းခြောက်အတွင်း ရွာသားများသွားရောက်တွေ့ရှိ

ထိုကလေးငယ်သည် ဒီဇင်ဘာ (၉) ရက်ညပိုင်းအချိန်မှာ နေအိမ်မှ ပျောက်ဆုံးသွားပြီး ရွာသားများ လိုက်လံရှာဖွေရာ ဒီဇင်ဘာ (၁၁) ရက် နေ့လည်ပိုင်းအချိန်တွင် ရွာအနောက်ပိုင်ရှိ ချောင်းခြောက်အတွင်း လည်ပင်းညှစ်ခံထားရသည့် ဒဏ်ရာ ၊ နောက်စေ့ရိုက်ခံထားသည့် ဒဏ်ရာ ဖြင့် သေဆုံးနေကြောင်း သိရသည်။

အလားတူ ဖြစ်စဉ်မျိုးကို SSPP/SSA လှုပ်ရှားရာ နယ်မြေအတွင်း ရှိခဲ့ဖူးပြီး သေဒဏ်အထိ ပေးခဲ့ဖူးကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...
Hsipaw Bridge Closed

သီပေါတံတား တစ်လကျော်ပိတ်ထားသော်လည်း စစ်တပ်လာဘ်ယူပြီး ကုန်ကားအချို့ ညအချိန် ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA တို့ တစ်လကျော်ကြာ ပိတ်ဆို့ထားသော်လည်း ကုန်ကားအချို့ထံ လာဘ်ငွေတောင်းယူပြီး ညအချိန် ဖြတ်သန်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA တို့ စစ်ရေးတင်းမာမှုကြောင့်...