သီပေါတွင် ၆ နှစ်ကလေးအားအဓမ္မပြုကျင့်သူကို ကြီးလေးသောပြစ်ဒဏ်ပေးသွားမည်ဟု SSPP ပြော 

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်နောင်ကျေးရွာအုပ်စုအတွင်း အသက် (၆) နှစ်အရွယ် ကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို ကြီးလေးသောပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း SSPP/SSA ထံမှ စုံစမ်းသိရှိရသည်။

Photo Credit to SSPP- ၆ နှစ်အရွယ်ကလေးငယ်အား အဓမ္မပြုကျင့်သူ စိုင်းစောအား SSPP မှတာ၀န်ရှိများကဖမ်းဆီးရမိစဉ်

ဒီဇင်ဘာ ၉ ရက်နေ့က တစ်ရွာသားဖြစ်သူ အသက်(၃၀)နှစ်ရှိသူ စိုင်းစောသည် (၆) နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ မူဝါဒအရ ဒီလို လူသတ်မှုဆိုရင် သေဒဏ်အထိ ချဖွယ်ရှိတာပေါ့နော်။ ပြီးတော့ ဒါက ကလေးလည်းဖြစ်တယ်။ဘယ်လို အမိန့်ချမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးတော့ အချုပ်ထဲမှာပဲ ထည့်ထားနေတုန်း”ဟု SSPP ၏ ပြန်ကြားရေးမှူး ဗိုလ်မှူးစိုင်းသန်းအောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ အဓမ္မပြုကျင့်သည့်သူကို SSPP က ဖမ်းဆီးထားပြီး ယခုလက်ရှိတွင် အမိန့်မချမှတ်ရသေးသည့်အတွက်ကြောင့် အချုပ်ထဲ ထည့်ထားကြောင်း၊ ၄င်းသည် မူးယစ်သုံးစွဲသူ မဟုတ်ကြောင်းလည်း ဗိုလ်မှူးစိုင်းသန်းအောင် ကပြောသည်။

Photo Credit to SSPP-အဓမ္မပြုကျင့်ခံရသည့်ကလေးငယ်၏အလောင်းအား ရွာအနီးချောင်းခြောက်အတွင်း ရွာသားများသွားရောက်တွေ့ရှိ

ထိုကလေးငယ်သည် ဒီဇင်ဘာ (၉) ရက်ညပိုင်းအချိန်မှာ နေအိမ်မှ ပျောက်ဆုံးသွားပြီး ရွာသားများ လိုက်လံရှာဖွေရာ ဒီဇင်ဘာ (၁၁) ရက် နေ့လည်ပိုင်းအချိန်တွင် ရွာအနောက်ပိုင်ရှိ ချောင်းခြောက်အတွင်း လည်ပင်းညှစ်ခံထားရသည့် ဒဏ်ရာ ၊ နောက်စေ့ရိုက်ခံထားသည့် ဒဏ်ရာ ဖြင့် သေဆုံးနေကြောင်း သိရသည်။

အလားတူ ဖြစ်စဉ်မျိုးကို SSPP/SSA လှုပ်ရှားရာ နယ်မြေအတွင်း ရှိခဲ့ဖူးပြီး သေဒဏ်အထိ ပေးခဲ့ဖူးကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

မိုင်းကိုင်- နမ့်လန်ကြား SSPP စစ်ဆေးရေးဂိတ်များ စစ်ကော်မရှင်တပ် ထပ်မံဆုတ်ခိုင်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ မှ သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်ရှိသည့် SSPP/SSA စစ်ဆေးရေးဂိတ်များ ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် - နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်တပ်...