Tuesday, January 27, 2026

စစ်ပွဲကြောင့် ကလေးငယ်များအပေါ် ကြီးလေးသည့် ချိုးဖောက်မှု ၊ ညှင်းပမ်းနှိပ်စက်မှု အဆုံးသတ်ရန် Save the Children တိုက်တွန်း

စစ်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသည့် ကလေးများအပေါ် ကြီးလေးသည့် ချိုးဖောက်မှု အားလုံး နှင့် ညှင်းပမ်း နှိပ်စက်မှု လုပ်ရပ်များ အဆုံးသတ်ရေး လုပ်ဆောင်ပေးရန် Save the Children မှ တိုက်တွန်းလိုက်သည်။

Photo by Dear Ranger/ မိုင်းကိုင်မြို့နယ်အတွင်း ဖြစ်ပွါးသောတိုက်ပွဲကြောင့် ဓမ္မဝိဟာရဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင် ခိုလှုံနေရသော စစ်ဘေးရှောင်များ

စစ်ပွဲကြောင့် ထိခိုက်နေရသည့် ကလေးငယ်များ အကာအကွယ်ပေးရေးတိုးမြှင့် လုပ်ဆောင်ပေးရန်၊ စစ်ပွဲကြောင့် နေရပ်စွန့်ခွာနေရသည့် ကလေးများအပေါ် ကြီးလေးသည့် ချိုးဖောက်မှုများ အားလုံးနှင့် ညှင်းပန်းနှိပ်စက်မှု လုပ်ရပ် အားလုံးကို အဆုံးသတ်ရေးလုပ်ဆောင်ရန်နှင့်ကလေးများ၏ အခွင့်အရေးများကို အလေးထားရန် Save the Children က မေ ၂၉ ရက်ထုတ် အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

ကလေးငယ် များ စာသင်ကျောင်း နှင့် တက္ကသိုလ် များ ဘေးကင်းလုံခြုံသည့် ကြားခံနယ်မြေ ဖြစ်သင့်ပြီး လက်နက်ကိုင် အဖွဲ့အစည်းများ လာရောက် တပ်စွဲ နေထိုင်ခြင်း မရှိသင့်ကြောင်း၊ စာသင်ကျောင်း များတွင် စစ်ဘက်ဆိုင်ရာ ကိစ္စများအတွက် အသုံးပြု ခြင်းသည် ကလေးများ၏ ပညာသင်ကြားခွင့် နှင့် အခြား နိုင်ငံတကာ လူ့အခွင့်အရေး ကို ချိုးဖောက် သည်ဟု အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။

“ ပဋိပက္ခ နဲ့ စစ်ဘေး ဒဏ်သင့် ဒေသတွေမှာ နေထိုင်ရတဲ့ ကလေးသူငယ်တွေ ဟာ အကြမ်းဖက် မှု ခေါင်းပုံဖြတ် အမြတ်ထုတ်မှု ညှင်းပန်း နှိပ်စက်မှု နဲ့စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ပိုပြီး ကြံုတွေ့နိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ ကလေးတွေရဲ့ ပညာရေး မှာလည်း မကြာခဏ ထိခိုက်မှု တွေရှိနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု နဲ့အဟာရ ရရှိမှု မှာလည်းပိုပြီး ခက်ခဲနေပါတယ်” ဟု Save the Children မှ မြန်မာနိုင်ငံ ၏ ဒါရိုက်တာ Michael McGrath က ပြောကြားသည်။

စစ်ပဋိပက္ခ ကြောင့် ကလေးငယ်များ ၏ ပညာရေး ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက် ပညာသင်ကြားခွင့် ရနိုင်ရန် အတွက် မြန်မာ အစိုးရ အနေဖြင့် စာသင်ကျောင်း များ ဘေးကင်းလုံခြံုရေး ကြေညာချက် တွင် လက်မှတ်ရေးထိုး ရန် လည်း Save the Children က တိုက်တွန်းထားသည်။

Photo by Kham On-ကျောက်မဲမြို့ ပေါ်ရှိ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင် တွေရောက်ရှိခိုလှုံနေရ

ကလေး သူငယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှု ရရှိခြင်း၊ ပညာသင်ကြားခွင့်၊ အဟာရ ပြည့်ဝမှု နှင့် အကာအကွယ် ပေးခံရမှု၊ ကလေး လုပ်သား နှင့် အသက်မပြည့်မီ အိမ်ထောင်ကျမှုတွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံ အနက် မြန်မာ နိုင်ငံသည် အဆင့် ၁၀၉ တွင် ရပ်တည်နေကြောင်း Save the Children ၏ အစီရင်ခံစာ အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိခင်ရင်ခွင်ထဲကနေ ကလေးအသက်ကို ဆွဲနှုတ်သွားတဲ့ စစ်ဗုံး

0
“ခမ်း နင့်သမီး ဆုံးပြီ” ဟု သျှမ်းဘာသာစကားဖြင့် ပြောလာသည်။ ထို့နောက် နန်းခမ်းတစ်ယောက် တစ်ဖက်လူ၏ မျက်နှာကို စေ့စေ့ကြည့်လျက် မျက်တောင်မခတ်ဘဲ မတုန်မလှုပ် အသက်ရှူရန်ပင် မေ့သွားသည့်အတိုင်း အံ့ဩမှင်သက်နေခဲ့သည်။ နောက်ထပ် မိနစ်အနည်းငယ် အကြာတွင်မှ “ငါ့ သမီးလေး …”ဟု မျက်ရည်ပေါက်ကြီးငယ် ကျလာလေ၏။ နန်းခမ်းသည် စိတ်ကို ချုပ်တည်းမနေတော့ဘဲ...

စစ်ကောင်စီ ဖယ်ခုံမြို့နယ်ထဲ တိုက်လေယာဥ်ဖြင့် ဗုံးကြဲ ကလေးအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီမှ ယနေ့ (မေ ၆) ရက် နံနက် ၃ နာရီခွဲကျော်တွင် တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား (၃) ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေ ၆) ရက် နံနက် ၃...

ဟိုပုံးမြို့နယ် စစ်ရှောင်ကလေးများ စာသင်ကြားရန် စာရေးကိရိယာများ လိုအပ်နေ

0
သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် ပန်လုံရွာသစ်စစ်ရှောင်စခန်းအတွင်းနေထိုင်သည့် ကလေးများ စာသင်ရန်အတွက် စာရေးကိရိယာများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ တိုက်ပွဲကြောင့် ၁ နှစ်ကျော်ကြာ ဟိုပုံးမြို့နယ် ပန်လုံရွာသစ်သို့ ပြောင်းရွှေ့နေထိုင်ရသည့် စစ်ရှောင်များသည် လက်ရှိမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဖွင့်လှစ်နိုင်ခဲ့သော်လည်း ကလေးငယ်များ စာသင်ကြားဖို့ရန်အတွက် စာအုပ်၊ ခဲတံနှင့် ဘောပင် များလိုအပ်နေကြောင်း...

အေးသာယာတွင် မိုးသည်းထန်ပြီး ကလေးတစ်ဦး ရေစီးထဲမျောပါသွား

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် မိုးသည်းထန်ရွာသွန်း၍ ကလေးတစ်ဦး ရေစီးချောင်းထဲ မျောပါပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ နိုဝင်ဘာ ၅ ရက် ညနေ ၃ နာရီဝန်းကျင်တွင် အေးသာယာမြို့၊ မြို့ဉီး ရပ်ကွက်နေ သားအမိ ၃ ဦးသည် ရေချောင်းအနီးတွင် ရှိနေစဉ် တောင်ကျချောင်းရေက...

သီပေါတွင် ၆ နှစ်ကလေးအားအဓမ္မပြုကျင့်သူကို ကြီးလေးသောပြစ်ဒဏ်ပေးသွားမည်ဟု SSPP ပြော 

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်နောင်ကျေးရွာအုပ်စုအတွင်း အသက် (၆) နှစ်အရွယ် ကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို ကြီးလေးသောပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း SSPP/SSA ထံမှ စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ၉ ရက်နေ့က တစ်ရွာသားဖြစ်သူ အသက်(၃၀)နှစ်ရှိသူ စိုင်းစောသည် (၆) နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း...