Tuesday, January 27, 2026

စစ်ကောင်စီ ဖယ်ခုံမြို့နယ်ထဲ တိုက်လေယာဥ်ဖြင့် ဗုံးကြဲ ကလေးအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီမှ ယနေ့ (မေ ၆) ရက် နံနက် ၃ နာရီခွဲကျော်တွင် တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား (၃) ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဗုံးကြဲမှုကြောင့် အသက် ၁၀နှစ်အရွယ် ကလေး ထိမှန် ဒဏ်ရာရ

ယနေ့ (မေ ၆) ရက် နံနက် ၃ နာရီ ၅၀ မိနစ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီဘက်မှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ကာ အရပ်သား (၃) ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ဖယ်ခုံ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

” ဒီနေ့ နံနက် လူတွေ အိပ်ချိန်မှာ တိုက်ပွဲမဖြစ်ဘဲ တိုက်လေယာဥ် နဲ့ ဗုံးကြဲတယ်။ ၁၀နှစ် ကလေးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာက ပြင်းတယ်” ဟု ဖယ်ခုံဒေသခံ က ဆိုသည်။

ထိုဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးသည် ပြင်းထန်ဒဏ်ရာရရှိကာ စိုးရိမ်ရပြီး ကျန် ၂ ဦးလည်း ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

အဆိုပါ အကြောင်းမဲ့ နံနက်စောစော စစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကက်သလစ်ဘုရားကျောင်း နှင့် အရပ်သား နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

သျှမ်းပြည် တောင်ကြီးခရိုင် သျှမ်း – ကယား နယ်စပ်ဒေသ တလျောက်ရှိ ဖယ်ခုံ၊ မိုးဗြဲ နှင့် ပင်လောင်းမြို့နယ်တွင် နေ့စဉ်နီးပါး စစ်ကောင်စီမှ လေကြောင်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေသည်။

ယမန်နေ့ (မေလ ၅ ရက်) နံနက်အစောပိုင်း ၄ နာရီခွဲမှစပြီး ၈ နာရီဝန်းကျင်အထိ ပင်လောင်း – ဖယ်ခုံ နယ်စပ်တလျောက်ရှိ ကျေးရွာများကို စစ်ကောင်စီမှ တိုက်လေယာဉ် ၄ စင်း အသုံးပြုပြီး ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချခဲ့သည့်အပြင် အသေးစား ဗုံးများကိုလည်း ဆက်စဉ်မပြတ် ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ေ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...