Wednesday, January 28, 2026

နမ့်လန်မြို့တွင်း SSPP/SSA တပ်ဖွဲ့ တပ်သားစုဆောင်းရာတွင် အမျိုးသားမတွေ့ပါက အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် ကျောက်မဲခရိုင် နမ့်လန်မြို့တွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့သည် တပ်သားသစ်စုဆောင်းရာ နေအိမ်ထဲ အမျိုးသား မတွေ့ရှိပါက အမျိုးသမီးကိုပါ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

နမ့်လန်မြို့

ပြီးခဲ့သည့် မေလ ၂၇ ရက်တွင် နမ့်လန်မြို့ ပန်ဟိုက်ကျေးရွာထဲသို့ SSPP/SSA တပ်ဖွဲ့မှ တပ်သားသစ်လာရောက် ခေါ်ဆောင်ရာ နေအိမ်ထဲတွင် အမျိုးသား မတွေ့ရှိသဖြင့် အမျိုးသမီးတစ်ဦးကို ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

“အဲ့အမျိုးသမီးကို ကျနော်တို့ အခုဆို ပြန်လွတ်လိုက်ပါပြီ။ ကျနော်တို့က ပေါ်လစီရှိတယ်။ အိမ်မှာ အမျိုးသား ၂ ယောက်ရှိတယ်ဆိုရင် တစ်ယောက်လာရတယ်။ တကယ်လို့ အမျိုးသားတွေက ရှောင်နေတယ်ဆိုရင် အိမ်မှာရှိတဲ့သူကို ခေါ်သွားတာပါ။ ပြီးရင် သင့်တော်တဲ့သူနဲ့ ပြန်လာအစားထိုးခိုင်းတာပေါ့” နမ့်လန်မြို့တွင်း SSPP/SSA တပ်ဖွဲ့က တာဝန်ရှိသူက ပြောသည်။

ထိုအပြင် SSPP/SSAတပ်ဖွဲ့သည် ညအချိန်မှာ တပ်သားများကို ဝင်ရောက် စုဆောင်းနေရခြင်းသည် နေ့အချိန်တွင် စစ်တပ် နှင့် မတွေ့လိုသည့်အတွက်ကြောင့် ညအချိန်မှ ပြည်သူတွေကို ဝင်ရောက် ခေါ်ဆောင်ရခြင်း ဖြစ်သည် ဟု သိရသည်။

“ဒေသခံတွေတော့ စိုးရိမ်နေကြတာ ဟုတ်ပါတယ်။ မြို့ထဲမှာ စစ်တပ် နဲ့ ဌာနဆိုင်ရာတွေ သွားလာတာရှိတယ်။ နေ့အချိန်ဆို သူတို့လည်း သွားလာတာရှိတယ်။ တကယ်လို့ ကျနော်တို့လည်း နေ့အချိန်သွားမယ်ဆိုရင် သူတို့တွေနဲ့ ထိတွေ့နိုင်တယ်။ တကယ်လို့ ထိတွေ့မှုရှိရင် တစ်ခုခုဖြစ်မှာလည်း ကြောက်ရတယ်။ အဲ့ကြောင့် ညအချိန်မှာ ဖြစ်သွားတာ” ဟု နမ့်လန်မြို့ SSPP/SSA တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ နမ့်လန်မြို့အတွင်းတွင် SSPP/SSA က တပ်သားတွေကို ဝင်ရောက်စုဆောင်းနေသည့်အတွက်ကြောင့် ဒေသခံ အမျိုးသားအများစုက ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

ထိုအပြင် နေ့အချိန်တွင်လည်း မြို့အတွင်းမှ တိတ်ဆိတ်နေပြီး အလုပ်သမားတွေလည်း မရှိတော့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ နေ့အချိန်လည်း လူမရှိတော့ဘူး။ ညအချိန်ဆိုလည်း တိတ်ဆိတ်နေတာပဲ။ ပန်းရံသမားတွေတောင် အလုပ်မဆင်းတော့ဘူး။ အခုဟာဆိုရင် တစ်ချို့ ဆိုင်မဖွင့်တော့ဘူး။ သူတို့က နေ့ခင်းဆိုလည်း ဝင်ချင်သလို ဝင်နေကြတာ။ စစ်တပ်ကလည်း လုံခြုံရေး မပေးဘူး။ သူတို့ကလည်း ကျနော်တို့ကို လုံခြုံရေး မပေးတော့ဘူး” ဟု ၎င်းက ပြောသည်။

နမ့်လန်မြို့နယ်ထဲတွင် SSPP/SSA က တပ်သားစုဆောင်းရာတွင် ၁၀ ဦး ထက်မနည်း ဖမ်းဆီးခေါ်ဆောင် သွားပြီဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အလားတူ SSPP/SSA တပ်ဖွဲ့အနေနဲ့လည်း နမ့်လန်မြို့အတွင်း ညအချိန်တွင် တပ်သားစုဆောင်းမှု ထပ်မံပြုလုပ်သွားဖို့ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...