နမ့်လန်မြို့တွင်း SSPP/SSA တပ်ဖွဲ့ တပ်သားစုဆောင်းရာတွင် အမျိုးသားမတွေ့ပါက အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် ကျောက်မဲခရိုင် နမ့်လန်မြို့တွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့သည် တပ်သားသစ်စုဆောင်းရာ နေအိမ်ထဲ အမျိုးသား မတွေ့ရှိပါက အမျိုးသမီးကိုပါ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

နမ့်လန်မြို့

ပြီးခဲ့သည့် မေလ ၂၇ ရက်တွင် နမ့်လန်မြို့ ပန်ဟိုက်ကျေးရွာထဲသို့ SSPP/SSA တပ်ဖွဲ့မှ တပ်သားသစ်လာရောက် ခေါ်ဆောင်ရာ နေအိမ်ထဲတွင် အမျိုးသား မတွေ့ရှိသဖြင့် အမျိုးသမီးတစ်ဦးကို ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

“အဲ့အမျိုးသမီးကို ကျနော်တို့ အခုဆို ပြန်လွတ်လိုက်ပါပြီ။ ကျနော်တို့က ပေါ်လစီရှိတယ်။ အိမ်မှာ အမျိုးသား ၂ ယောက်ရှိတယ်ဆိုရင် တစ်ယောက်လာရတယ်။ တကယ်လို့ အမျိုးသားတွေက ရှောင်နေတယ်ဆိုရင် အိမ်မှာရှိတဲ့သူကို ခေါ်သွားတာပါ။ ပြီးရင် သင့်တော်တဲ့သူနဲ့ ပြန်လာအစားထိုးခိုင်းတာပေါ့” နမ့်လန်မြို့တွင်း SSPP/SSA တပ်ဖွဲ့က တာဝန်ရှိသူက ပြောသည်။

ထိုအပြင် SSPP/SSAတပ်ဖွဲ့သည် ညအချိန်မှာ တပ်သားများကို ဝင်ရောက် စုဆောင်းနေရခြင်းသည် နေ့အချိန်တွင် စစ်တပ် နှင့် မတွေ့လိုသည့်အတွက်ကြောင့် ညအချိန်မှ ပြည်သူတွေကို ဝင်ရောက် ခေါ်ဆောင်ရခြင်း ဖြစ်သည် ဟု သိရသည်။

“ဒေသခံတွေတော့ စိုးရိမ်နေကြတာ ဟုတ်ပါတယ်။ မြို့ထဲမှာ စစ်တပ် နဲ့ ဌာနဆိုင်ရာတွေ သွားလာတာရှိတယ်။ နေ့အချိန်ဆို သူတို့လည်း သွားလာတာရှိတယ်။ တကယ်လို့ ကျနော်တို့လည်း နေ့အချိန်သွားမယ်ဆိုရင် သူတို့တွေနဲ့ ထိတွေ့နိုင်တယ်။ တကယ်လို့ ထိတွေ့မှုရှိရင် တစ်ခုခုဖြစ်မှာလည်း ကြောက်ရတယ်။ အဲ့ကြောင့် ညအချိန်မှာ ဖြစ်သွားတာ” ဟု နမ့်လန်မြို့ SSPP/SSA တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ နမ့်လန်မြို့အတွင်းတွင် SSPP/SSA က တပ်သားတွေကို ဝင်ရောက်စုဆောင်းနေသည့်အတွက်ကြောင့် ဒေသခံ အမျိုးသားအများစုက ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

ထိုအပြင် နေ့အချိန်တွင်လည်း မြို့အတွင်းမှ တိတ်ဆိတ်နေပြီး အလုပ်သမားတွေလည်း မရှိတော့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ နေ့အချိန်လည်း လူမရှိတော့ဘူး။ ညအချိန်ဆိုလည်း တိတ်ဆိတ်နေတာပဲ။ ပန်းရံသမားတွေတောင် အလုပ်မဆင်းတော့ဘူး။ အခုဟာဆိုရင် တစ်ချို့ ဆိုင်မဖွင့်တော့ဘူး။ သူတို့က နေ့ခင်းဆိုလည်း ဝင်ချင်သလို ဝင်နေကြတာ။ စစ်တပ်ကလည်း လုံခြုံရေး မပေးဘူး။ သူတို့ကလည်း ကျနော်တို့ကို လုံခြုံရေး မပေးတော့ဘူး” ဟု ၎င်းက ပြောသည်။

နမ့်လန်မြို့နယ်ထဲတွင် SSPP/SSA က တပ်သားစုဆောင်းရာတွင် ၁၀ ဦး ထက်မနည်း ဖမ်းဆီးခေါ်ဆောင် သွားပြီဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အလားတူ SSPP/SSA တပ်ဖွဲ့အနေနဲ့လည်း နမ့်လန်မြို့အတွင်း ညအချိန်တွင် တပ်သားစုဆောင်းမှု ထပ်မံပြုလုပ်သွားဖို့ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...