လဲချားမြို့နယ် SSPP/SSA တပ်စခန်းရှိသည့်နေရာကို စစ်ကောင်စီက လေယာဉ်နဲ့ ပျံဝဲ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းရှိရာနေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ၆ ကြိမ်ထပ်မနည်း ပျံဝဲခဲ့ကြောင်း သတင်းရရှိသည်။

လဲချားမြို့

ယမန်နေ့ (ဇွန် ၂၈) ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်သည် လဲချားမြို့နယ် SSPP/SSA တပ်စခန်းနေရာကို ပျံဝဲခဲ့သည်။

“မနေ့က စစ်ကောင်စီ တိုက်လေယာဉ် နဲ့ လဲချားမြို့နယ်ထဲကို ပတ်လာတာ ၆ ကြိမ်ထက် မနည်းလာတယ်။ သူတို့ ဒီနမ့်စန် ၊ ခိုလမ်ဘက်ကနေ လာတာ။ သူတို့ လဲချားမြို့နယ်ကို ပတ်ပြီးတော့ ပြန်သွားတာ။ ပြီးတော့ ခနနေ ပြန်လာတယ်။ တိုက်လေယာဉ် တစ်စီးပဲ လာတာပါ” ဟု လဲချားမြို့နယ်အတွင်း စစ်ရေးအတွင်း လှုပ်ရှားသူ တစ်ဦးက ပြောသည်။

ထိုအပြင် စစ်ကောင်စီသည် လဲချားမြို့နယ် ဟိုင်းဆိုင်ကျေးရွာ (ဝၢၼ်ႈႁၢႆးသႅင်) အတွင်း စစ်အင်အား နှင့် လက်နက်အင်အားထပ်မံ ဖြည့်တင်းလာခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာအနီးတွင် SSPP/SSA က သွားလာလှုပ်ရှားနေသည့်နယ်မြေဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီ နှင့် SSPP/SSA က စစ်ရေးတင်းမာ နေလျက်ရှိသည်။

“ လဲချားမြို့နယ်ကရှိတဲ့ SSPP/SSA တပ်ကို တိုက်ဖို့ အမိန့်ပေးနေတဲ့ စစ်ကောင်စီတပ်ကလည်း အဲ့ဒီ ဟိုင်းဆိုင်ကျေးရွာနားရှိတဲ့ စစ်ကောင်စီ တပ်ဖြစ်တယ်။ မနေ့ မနက်ကစ ပြီးတော့ စစ်ကောင်စီတပ်တွေကလည်း လွိုင်ဝမ်လုတ်း ကျေးရွာမှာ စစ်ဆေးရေး ပြန်လုပ်နေပြီ။ အဲ့ကျေးရွာမှာကလည်း SSPP/SSA က သွားလာနေတာ ဖြစ်တယ်။ တကယ်လို့ စစ်ကောင်စီက ရှေ့ထပ်တိုးလာခဲ့ရင် တိုက်ပွဲဖြစ်ပြီ။ အခုက နှစ်ဖက်လုံး စစ်ရေးတင်းမာနေကြတာ” ဟု အထက်ပါ စစ်ရေးအတွင်း လှုပ်ရှားနေသူ တစ်ဦးက ပြောသည်။

လဲချားမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်သားသည် ၂၀၀ ဝန်းကျင်လောက်ရှိပြီး အများစုက နမ့်စန်မြို့ နှင့် ခိုလမ်မြို့မှ စစ်အင်အားဖြည့်တင်းလာခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အလားတူ လွိုင်ဝမ်လုတ်းကျေးရွာအနီး စစ်ကောင်စီတပ်စခန်း ၃ ခုရှိထားကြောင်း သိရသည်။

ယခု ဇွန်လအတွင်း စစ်ကောင်စီက SSPP/SSA ကို လဲချားမြို့နယ်အတွင်းရှိ တပ်စခန်းအားလုံး ဆုတ်ခွာသွားရန် အတွက် (၂) ကြိမ်တိတိ ညွှန်ကြားထားသည်။

“စစ်ကောင်စီက ကျနော်တို့ကို လဲချားမြို့နယ်ထဲမှာရှိတဲ့ တပ်စခန်းတွေကို တပ်ဆုတ်ခိုင်းနေတာ။ တကယ်လို့ မဆုတ်သွားဘူးဆိုရင် ကျနော်တို့ SSPP/SSA တပ်ကို စစ်ကောင်စီက စစ်ရေးပြင်ဆင်သွားဖို့ရှိပါတယ်” ဟု လဲချားမြို့နယ် SSPP/SSA တပ်က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ ဇွန် ၂၈ ရက်နေ့တွင်လည်း လဲချားမြို့အတွင်း ဒေသခံများကို မြို့ပြင်မထွက်ရန်အတွက် စစ်ကောင်စီက ဒေသခံ တစ်ချို့ကို သတိပေးထားသည်။

၂၀၂၂ ခုနှစ်အတွင်းတွင်လည်း စစ်ကောင်စီက လဲချားမြို့အတွင်း SSPP/SSA ကို တပ်ဆုတ်ခိုင်းခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...