RCSS

နောင်ချိုတိုက်ပွဲအပြီး TNLA နှင့် RCSS တို့ ဆက်လက်တိုက်ပွဲဖြစ်ပွါး TNLA တဦးကျ

သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို မြို့နယ် မန်ပန်ရွာ နှင့် ပန်မိုလု ရွာကြား တအာင်း(ပလောင် ) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။ သြဂုတ်လ ၁၅ ရက် ညနေ...

မိုင်းပျဉ်းဒေသခံတဦးကို RCSS နဲ့ ချိတ်ဆက်သည်ဟုစွပ်စွဲကာ တပ်မတော် ဖမ်းဆီးပြီး မူးယစ်မှုနဲ့ အမှုဖွင့်

  သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်း မြို့နယ်တွင် အသက် ၅၂ နှစ်အရွယ် ရွာသားအမျိုးသားတဦးကို NCA ထိုး သျှမ်းလက်နက်ကိုင် အဖွဲ့ နှင့် ပတ်သတ်မှု ရှိသည်ဟု စွပ်စွဲကာ တပ်မတော် ဖမ်းဆီးခဲ့ကြောင်းသိရသည်။ မိုင်းပျဉ်း မြို့နယ် ယန်းခမ်းကျေးရွာအုပ်စု နမ့်တက်ရွာနေ ဦးနန္ဒိယ အား တပ်မတော်က...

RCSS မှဖမ်းမိ အိုက်စ် မူးယစ်ဆေးများအား အစိုးရထံလွဲပြောင်းပေးအပ်အခမ်းအနား မိုင်းတုံမြို့တွင် ပြုလုပ်

ဖမ်းဆီးရမိသော အိုက်စ်မူးယစ်ဆေး များအား RCSS/SSA မှ နိုင်ငံတော်သို့လွဲပြောင်းပေးအပ်ခြင်းအခမ်းအနားတရပ်ကို သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင်ကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားအား မိုင်းတုံမြို့နယ် ရဲစခန်းတွင် နေ့လည် ၁၁ နာရီမှ ၁၂ ခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီး အစိုးရဘက်မှ ခရိုင်ရဲမှူးနှင့်မြို့နယ်ရဲမှူးတို့တက်ရောက်ကာ RCSS/SSA မှ ပေးအပ်သောမူးယစ်ဆေးများကို လက်ခံကြောင်း သိရသည်။ ကျနော်တို့ဘက်ကတော့ ဗဟိုကော်မတီဝင်ဗိုလ်မှူးကြီးတင်းခေးနဲ့...

လူထုမျှော်မှန်းသည့်အတိုင်း သျှမ်းတပ် ၂ ဖွဲ့ ညီညွတ်ရေးအတူတကွလုပ်ဆောင်သွားမည်ဟု SSA ၅၅ နှစ်ပြည့်တွင် RCSS သဝဏ်လွှာပေးပို့

SSA သျှမ်းပြည်တပ်မတော် တည်ထောင်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA ၏ သဝဏ်လွှာတွင် သံဃာတော်နှင့် ပြည်သူလူထုတို့ မျှော်မှန်းထားသည့်အတိုင်း တပ်ဖွဲ့ ၂ ဖွဲ့ကြားက ညီညွတ်ရေးကို အတူတကွ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပါရှိသည်။ အဆိုပါ...

NRPC နှင့် RCSS/SSA တို့နေပြည်တော်တွင် ခေါင်းစဉ်ကြီး ၇ ခု ဆွေးနွေး

အစိုးရ၏ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးဗဟိုဌာန NRPC နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ကိုယ်စားလှယ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးရာ အဓိက ခေါင်းစဉ်ကြီး ၇  ခုအားဆွေးနွေးခဲ့ကြကြောင်းသိရသည်။ မတ်လ ၁၁ ရက်နေ့က ပြုလုပ်သော တွေ့ဆုံပွဲတွင် အဓိက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက် သောခေါင်းစဉ်နှင့် RCSS/SSA နှင့်ပတ်သက်သည်ဟုဆိုကာ...

တိုင်းရင်းသားချင်း တိုက်ပွဲကြား မန်လီဒေသခံ ၁၀ ဦး ပျောက်ဆုံး  

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါနှင့် နမ္မတူမြို့ ကားလမ်းပေါ်ရှိ မန်လီ ကျေးရွာ အနီးတွင် မတ် ၁ ရက် တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားကာ ဒေသခံ ၁၀ ဦးပျောက်ဆုံးမှုများရှိနေသည်ဟု သတင်းရရှိသည်။ အဆိုပါ တိုက်ပွဲသည် မြောက်ပိုင်းမဟာမိတ်ဖြစ်သည့် SSPP ၊ TNLA နှင့်...

၂၀၀၈ ခြေဥ ပြင်နိုင်ဖို့က အစိုးရနဲ့ တပ်မတော်အကြား ဘယ်လောက်ထိ ရင်ကြားစေ့ရေး လုပ်နိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်  (RCSS...

မေး။ ။ ဗိုလ်မှူးကြီး ခင်ဗျ။ အခုတလော ထိပ်တန်းသတင်းဖြစ်နေတဲ့ ၂၀၀၈ ခြေဥ ပြင်ဆင်ရေးအတွက် အာဏာရ NLD အစိုးရ ဦးဆောင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ သဘောထား ပြောပြပါဦး ခင်ဗျ။   ဖြေ။ ။ ၂၀၀၈ ခြေဥကို...

ကျနော်တို့ဟာ NCAကို ဘယ်တော့မှ ကျောခိုင်းမှာ မဟုတ်ပါဘူး ( RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းနှင့် တွေ့ဆုံခြင်း (အပိုင်း -၂))

မေး။  ။ ဗိုလ်မှူးကြီး ခင်ဗျား၊ တချို့ငြိမ်းချမ်းရေးလေ့လာသူတွေက သုံးသပ်ထားရှိတယ်ဗျ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တပ်မတော်က ဦးဆောင်မှုအခန်းကဏ္ဍကို စတင်ရယူဖို့ ခြေလှမ်းလှမ်းခဲ့ပြီလို့ ဆိုတယ်၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၂၁)ရက်မှာ တပ်မတော် လေးလတာ အပစ်ရပ်ထုတ်ပြန်ချက်က သက်သေပဲလို့ ဆိုတယ်။ အဲဒီသုံးသပ်ချက် အပေါ် ဗိုလ်မှူးကြီးရဲ့ အမြင်လေး...

ကြီးကြပ် ကန့်သတ်ပစ္စည်းတွေဖြစ်လို့ ပစ္စည်းလုံခြုံရေးအတွက် ယာယီထိန်းသိမ်းထားပေးရတာပါ (RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းနှင့် တွေ့ဆုံခြင်း (အပိုင်း -၁))

ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းက ကျိုင်းတုံ-မိုင်းပျဉ်းကားလမ်းမပေါ်တွင် တပ်မတော်၏ တပ်ရင်းနှစ်ရင်းမှ ယာယီ တာဝန်အပြီး တောင်ကြီးမှ ကျိုင်းတုံသို့ ပြန်လာသည့် တပ်ရင်းမှူး နှစ်ဦး စီးနင်းလာသော စစ်ယာဉ် တစ်စီး အား RCSS တပ်ဖွဲ့ဝင်များမှ တားဆီးရပ်တန့်၍ ယာဉ်ပေါ်ပါသွားသည့်ကြီးကြပ် ကန့်သတ်ပစ္စည်း အပါအဝင်...

သီပေါမြို့နယ်ကျေးလက်အတွင်းယနေ့မနက်အစောပိုင်းက ပစ်ခတ်သံများကြားရ ၊ လူထုစိုးရိမ်ပူပန်နေ  

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် အရှေ့တောင်ဘက်ရှိ လုံဝိုင်ရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်မှုသံများ ယနေ့မနက်အစောပိုင်းကကြားရသဖြင့် ဒေသခံများစိုးရိမ်ထိတ်လန့်မှုရှိနေကြောင်းသိရသည်။ သီပေါမြို့နယ်အရှေ့တောင်ဘက် ၂၃ မိုင်ခန့်ဝေးသောကုန်းဆော့အုပ်စုဝင် လုံဝိုင်ရွာနှင့် နောင်အန်အုပ်စုဝင် နောင်လောင်းရွာကြား ဇန်နဝါရီလ ၁၆ ရက် မနက် ရ နာရီအချိန်ခန့်က ပစ်ခတ်သံများကြားရခြင်းဖြစ်ကြောင်း ကုန်းဆော့အုပ်စုမှ ရွာသားတဦးကပြောသည်။ “အခုပစ်ခတ်သံတော့ငြိမ်နေပြီ။ ဘယ်အဖွဲ့နဲ့ဘယ်အဖွဲ့လဲဆိုတာ တော့ကျနော်တို့အသေအချာမသိရသေးဘူး။ ဒါပေမယ့် သျှမ်း...

Latest news