NRPC နှင့် RCSS/SSA တို့နေပြည်တော်တွင် ခေါင်းစဉ်ကြီး ၇ ခု ဆွေးနွေး

အစိုးရ၏ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးဗဟိုဌာန NRPC နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ကိုယ်စားလှယ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးရာ အဓိက ခေါင်းစဉ်ကြီး ၇  ခုအားဆွေးနွေးခဲ့ကြကြောင်းသိရသည်။

Photo NRPC/ မတ်လ ၁၁ ရက်နေ့က NRPC နှင့် RCSS/SSA တို့နေပြည်တော်တွင် ဆွေးနွေး

မတ်လ ၁၁ ရက်နေ့က ပြုလုပ်သော တွေ့ဆုံပွဲတွင် အဓိက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက် သောခေါင်းစဉ်နှင့် RCSS/SSA နှင့်ပတ်သက်သည်ဟုဆိုကာ စစ်တပ်နှင့် ရဲတို့မှ ဖမ်းဆီးထားသောလူထု အားပြန်လွှတ်ပေးရန်အစရှိခေါင်းစဉ်များပါ၀င်ကြောင်း RCSS/SSA ၏ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးစိုင်းငင်းက သျှမ်းသံတော်ဆင့်အား ပြောသည်။

“အရေးကြီးဆုံးအချက် ကတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အဓိကဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဘယ်လိုလက် တွဲပြီးတော့ ရှင်းလင်းသွားမလဲပေါ့နော်။ ကျနော်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ ၃ ကြိမ်စလုံးမှာရော ဦးအောင်မင်း တို့နဲ့ဆွေးနွေးခဲ့တဲ့အကြိမ်တိုင်းမှာရောအဲဒီအတွက်ဆွေးနွေးခဲ့ပေမယ့် ဒီဟာတွေကိုခုထိအကောင်အထည် မဖော်နိုင်သေးတော့ ဒါကိုဆွေးနွေးရတာဖြစ်ပါတယ်” – ဟု ဗိုလ်မှူးကြီးစိုင်းငင်း က ပြောသည်။

အဆိုပါ အချက် ၇ ချက်မှာ – ကျင်းပပြီးစီးသွားသည့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ သဘော တူညီ ချက်ဆိုင်ရာ အကောင်အထည်ဖေါ်ရေးကိစ္စ၊ ဖမ်းဆီးခံရသည့် အပစ်ရပ်အဖွဲ့ဝင် တွေပြန်လွတ်ပေးဖို့ကိစ္စ၊ လူထုနှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးပွဲပြုလုပ်နိုင်ရေးကိစ္စ၊ ဒေသဖွံ့ဖြိုးဆိုင်ရာကိစ္စ၊ တတိုင်းပြည်လုံးအဆင့် တိုက်ပွဲရပ်တန့်ပြီး စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးကိစ္စ၊ စတုထ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကိစ္စ နှင့် မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးကြသည်ဟုဆိုသည်။

အဆိုပါတွေ့ဆုံပွဲတွင် NRPC ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် RCSS/SSA က ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဘောင်ခေး တို့ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့တို့ပါ၀င်ကြောင်း သိရသည်။

၂၀၁၈ အောက်တိုဘာ တွေ့ဆုံမှု တွေ့ဆုံမှုနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး KNU နှင့် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS တို့ နေပြည်တော်အစိုးရ နှင့် တပ်မတော် တို့နှင့် တရားဝင်တွေ့ဆုံမှုများ အားလုံးရပ်နားထားပြီး အလွှတ်သဘောသာတွေ့ဆုံရာမှ တရားဝင်တွေ့ဆုံမှုကဲ့သို့သော ယခုတွေ့ဆုံမှုသည် ပထမ ဆုံးဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

PV ပတ်စ်ပို့အသစ်လဲရန် နေပြည်တော်ခွင့်ပြုချက် လိုအပ်လာမှုကြောင့် ထိုင်းရောက်မြန်မာများ စိုးရိမ်နေ

0
ထိုင်းနိုင်ငံတွင် အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများ ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် အမျိုးအစားပြောင်းလဲခြင်း လုပ်ငန်းစဉ်များတွင် နေပြည်တော်၏ တိုက်ရိုက်ခွင့်ပြုချက် ရယူရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းရောက်မြန်မာလုပ်သားများကြား စိုးရိမ်မှု မြင့်တက်နေသည်။ ယခင်က PV အမျိုးအစားမှ PJ အလုပ်သမားပတ်စ်ပို့သို့ ပြောင်းလဲခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေပြည်တော်သို့...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...