Wednesday, January 28, 2026

လူထုမျှော်မှန်းသည့်အတိုင်း သျှမ်းတပ် ၂ ဖွဲ့ ညီညွတ်ရေးအတူတကွလုပ်ဆောင်သွားမည်ဟု SSA ၅၅ နှစ်ပြည့်တွင် RCSS သဝဏ်လွှာပေးပို့

SSA သျှမ်းပြည်တပ်မတော် တည်ထောင်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA ၏ သဝဏ်လွှာတွင် သံဃာတော်နှင့် ပြည်သူလူထုတို့ မျှော်မှန်းထားသည့်အတိုင်း တပ်ဖွဲ့ ၂ ဖွဲ့ကြားက ညီညွတ်ရေးကို အတူတကွ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပါရှိသည်။

SSA သျှမ်းပြည်တပ်မတော်တည်ထောင်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA ၏ သဝဏ်လွှ

အဆိုပါ သဝဏ်လွှာမှာ အချက် ၃ ချက် ပါရှိပြီး တတိယအချက်တွင် သျှမ်းပြည်ညီညွတ်ရေးကိစ္စ ဖက်ဒရယ် ကိစ္စ၊ သံဃာတော် နှင့် ပြည်သူလူထုတို့ မျှော်မှန်းနေတဲ့ ရည်မှန်းချက် ပန်းတိုင်ကို နှစ်ဦးနှစ်ဖက်ကြား အမြန်ဆုံး တည်ဆောက်သွားမည်ဖြစ်ကြောင်း RCSS/SSA ၏ အတွင်းရေးမှူး (၂) ဗိုလ်မှူး စိုင်းငင်း က ပြောသည်။

တတိယအချက်မှာ ပါရှိတဲ့ သျှမ်းပြည်ညီညွတ်ရေး ကိစ္စတွေကော တပ်၂ ဖွဲ့ကြား အချင်းချင်းအပြန်အလှန်
ကူညီထောက်ပ့ံတဲ့ကိစ္စတွေကော ဖွံ့ဖြိုးရး ကိစ္စတွေ နောက်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတဲ့အချက်ပါတယ် နောက်တစ်ချက်က သံဃာတော်တွေ ပြည်သူလူထုတွေ မျှော်မှန်းလိုလားနေတဲ့ ကျနော်တို့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် ကျနော်တို့ နှစ်ဦးနှစ်ဖက်ကြား အမြန်ဆုံး တည်ဆောက်သွားမယ်ဆိုတဲ့ သတင်းစကား ပါးလိုက်တဲ့ အနေအထားဖြစ်တယ်” ဟု RCSS/SSA ၏ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်း ကပြောသည်။

တိုက်ပွဲများရပ်တန့်စေနိုင်ရေး သျှမ်းတပ် ၂ ဖက် တပ်ဆုတ်ထားပြီဖြစ်ကြောင်း သံဃာတော်နှင့်လူထုတို့တွေ့ဆုံစဉ် SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆု ကပြောသည်။

၄င်းနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီး စိုင်းငင်းကလည်း  “ အခမ်းအနားမှာ ပြောသွားသလိုပဲ တပ် ၂ တပ်ကတော့ လိုအပ်သလို အားလုံး ဆုတ်ခွာပြီး ဖြစ်ပါတယ်။ အဲ့လို ဆက်လက်ညှိနှိုင်းဆွေးနွေးမယ့်အနေအထားဖြစ်ပါတယ်။ ၂၀ ရက်နောက်ပိုင်းကစပြီး ၂ ဖွဲ့ကြားက ထိတွေ့မှုတွေ မရှိတော့ဘူး နှစ်ဖက်စလုံးကလဲ အပစ်ရပ်ထားခြင်းဖြစ်ပါတယ်” ဟုပြောသည်။

ယခုနှစ်ဆန်းပိုင်းက SSPP/SSA နှင့် RCSS/SSA တို့သည် နယ်မြေအငြင်းပွားသည့် ကိစ္စနှင့်ပတ်သက်ပြီးတပ်ဖွဲ့ ၂ ဖွဲ့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသခံလူထု ထောင်ချီနေရပ်က စွန့်ခွါစစ်ဘေးရှောင်ခဲ့ရပါသည်။ သို့သော်လက်ရှိတွင်မူ ဒေသတွင်းအခြေအနေငြိမ်သက်ပြီဖြစ်တာကြောင့် သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ဘေးရှောင်များမရှိတော့ကြောင်း UNOCHA ကလည်းကြေငြာချက်ထုတ်ပြန်ပါသည်။

ဧပြီ ၂၄ ရက်နေ့တွင်ကျရောက်သော သျှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း ၅၅ နှစ်ပြည့်အခမ်းအနားကို SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းတွင် ကျင်းပခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

0
သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA...

နမ့်စန်မြို့နယ် မွေတော်ဘုရားပွဲသို့ RCSS ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် တက်ရောက်ခဲ့

0
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုရှိ မွေတော်ဘုရား ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၉ ရက်) မွန်းလွဲပိုင်း၌ နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ဟိုတိကျေးရွာရှိ တိလုံမွေတော်ဘုရားတွင် ပြုလုပ်သည့် စေတီရေစက်ချ...

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...