RCSS

RCSS နှင့် PC ချင်းမိုင်တွင် အလွှတ်သဘောတွေ့ဆုံ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် PC တို့ ယနေ့မနက်ပိုင်းထိုင်းနိုင်ငံချင်းမိုင်မြို့တွင်တွေ့ဆုံကြကြောင်းသိရသည်။ ဇန်နဝါရီလ ၁၄ ရက်ယနေ့မနက်ပိုင်း ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် တွေ့ဆုံခြင်းဖြစ်ရာ RCSS ဘက်မှ ဗိုလ်မှူးချုပ် ပေါင်ခေး၊ ဗိုလ်မှူးကြီးစိုင်းငင်းနှင့် ဦးစိုင်းလျန်း တို့ ဖြစ်ပြီး အစိုးရဘက်ကမူ PC အတွင်းရေးမှူးဦးခင်ဇော်ဦး၊...

PNLO နှင့် RCSS ကြားစစ်ရေးတင်းမာမှုကြောင့် လင်းခေးမြို့သို့ စစ်ရှောင် ၇၀ ကျော်ရောက်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် လွယ်ပန်ပိ တောင်ကြောတလျှောက်နေ ကျေးလက်ရွာ သားများအား လက်နက်ကိုင်တပ်ဖွဲ့များမှ တပ်သားသစ်စုဆောင်းသည်ဟုဆိုကာ လင်းခေးမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။ လင်းခေးမြို့နယ် ၀မ့်တိုက် (တောင်ရွာ)ရပ်ကွက် ဟိုနားကျောင်းသို့လည်းကောင်း ပန်ဝေါင်ရပ်ကွက် ဘုန်းကြီးကျောင်းသို့လည်းကောင်း တိမ်းရှောင်ခိုလှုံနေခဲ့ကြသည်။ “မိုင်းပန်မြို့ နောင်ချိုရွာသစ်ကလာပါတယ်။ ပအိုဝ်းတပ်တွေမလာခင်တုန်းက RCSS/SSA လဲ တပ်သားသစ်တွေ စုဆောင်းတယ်။ ခြေလျင်နဲ့...

လွိုင်လင်မြို့နယ်အတွင်း RCSS နှင့် ကျေးလက်ဒေသခံအခင်းဖြစ်ပွား ၅ ဦးသေ ၃ ဦးဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် တောင်နောက် ကျေးရွာအုပ်စုတွင် RCSS နှင့် ရွာသားများ ပဋိပက္ခဖြစ်ပွါးကာ RCSS တပ်သားနှစ်ဦး ဓါးခုတ်ခံရပြီး ရွာသား ၅ ဦး သေ ၃ ဦး ဒဏ်ရာရရှိသည့်ဖြစ်ရပ် ယမန်နေ့က ဖြစ်ပွားကြောင်းသိရသည်။ ၂၀၁၈ ဒီဇင်ဘာ ၁၁ ရက် နေ့က...

လင်းခေးခရိုင်အတွင်း PNLO နဲ့ RCSS တို့ကြား တင်းမာမှုဖြစ်ပွါး

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA အတူတကွလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ PNLO နဲ့ RCSS တို့ဟာ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ်မှာ ၂ ဖက်စစ်ရေးတင်းမာမှုတွေဖြစ်ပွါးနေပါတယ်။ အောက်တိုဘာလဆန်းပိုင်းကတည်းကစပြီး သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နဲ့ မောက်မယ်မြို့နယ် ထဲမှာ လှုပ်ရှားသွားလာနေတဲ့ ဒီ...

သျှမ်း/မြောက် စစ်ရေးပြဿနာ သျှမ်းလက်နက်ကိုင်ခေါင်းဆောင် ၂ ဦးလက်တွဲဖြေရှင်းရန်  CSSU ဥက္ကဌ တိုက်တွန်း  

သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော စစ်ဘေးကြောင့် ဒေသခံလူထု ဆင်းရဲဒုက္ခ ရင်ဆိုင်နေရ သည့်အပေါ်  သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ၂ ဦး ပူးပေါင်းဖြေရှင်းပေးရန်  CSSU ဥက္ကဌ စိုင်းအိုက်ပေါင်းက တိုက်တွန်းပြောဆိုလိုက်သည်။ ဒီအချိန်ဟာ လယ်တွေယာတွေဆင်းတဲ့အချိန်ဖြစ်တယ်။ စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်ချိန်ဖြစ်တယ်။ သျှမ်းပြည်မြောက်ပိုင်း ဒေသခံလူထုဟာ လယ်ယာလုပ်ငန်းခွင်ကိုပြစ်ပြီး  စစ်ဘေးရှောင်နေကြရတယ်။ သူတို့ဒီချိန်မှာ မစိုက်ပျိုးရရင် လာမယ့်နှစ်အတွက်...

နှစ်ပတ်ကြာ ဖမ်းဆီးခံထားရသည့် RCSS/SSA တပ်သား ၆ ဦး ယနေ့ထိ မလွတ်သေး

သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ နယ်အတွင်းနေ ဒေသခံများအား မူးယစ်ဆေးဝါးပညာပေး ဟောပြောသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ဝင် ၆ ဦးအား တပ်မတော်မှ နှစ်ပတ်ကြာ ဖမ်းဆီးသွားသော်လည်း ယနေ့တိုင်ပြန်မလွတ်ပေးကြောင်း ပြောရေးဆိုခွင့်ကပြောသည်။ အဆိုပါ RCSS အဖွဲ့ဝင် ၆ ဦး သည် ဇွန်လ ၂၉...

သျှမ်း/မြောက် စစ်ရှောင် ၅၀၀ ကျော် နေရပ်မပြန်နိုင်သေး

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ၊ ဘော်ကြို ကျေးရွာအုပ်စု ၊ ဘော်ကြိုကျေးရွာစစ်ရှောင်စခန်း မှ စစ်ရှောင် ၃၄၆ ဦးခန့်ကို ဧပြီလ ၉ ရက်နေ့က SNLD ပါတီမှ ဦးဆောင်၍ နေရပ် ပြန်ပို့ခဲ့သည်ဟု...

Latest news