လင်းခေးခရိုင်အတွင်း PNLO နဲ့ RCSS တို့ကြား တင်းမာမှုဖြစ်ပွါး

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA အတူတကွလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ PNLO နဲ့ RCSS တို့ဟာ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ်မှာ ၂ ဖက်စစ်ရေးတင်းမာမှုတွေဖြစ်ပွါးနေပါတယ်။

Photo By Tai Freedom/ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် တပ်သားများ

အောက်တိုဘာလဆန်းပိုင်းကတည်းကစပြီး သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နဲ့ မောက်မယ်မြို့နယ် ထဲမှာ လှုပ်ရှားသွားလာနေတဲ့ ဒီ ၂ ဖွဲ့ဟာ စစ်ရေးတင်းမာနေခဲ့ကြတာဖြစ်ပါတယ်။

RCSS/SSA ရဲ့ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီးစိုင်းဦးက – “ကျနော်တို့က အဲဒီဘက်ကို ကျူးကျော်လှုပ်ရှားတာ မဟုတ်ပါဘူး။ အဲဒီဒေသဟာ ဟိုးအရင်ကတည်းကဘဲ ကျနော်တို့လှုပ်ရှားခဲ့တဲ့ ဒေသဖြစ်ပါတယ်။ မိုင်းပန်မှာ ၂ ဖွဲ့ကြားတိုက်ပွဲဖြစ်ပွါးခဲ့တဲ့နောက်ပိုင်းကျနော်တို့ကို အင်အားတွေဖြည့် တင်းနေတယ်ဆိုပြီး ကျနော်တို့ကို ပြော ဆိုလာပါတယ်။ တကယ်တော့ ကျနော်တို့ယခင်ကတည်းက လှုပ်ရှားလာတဲ့ဒေသဖြစ်တယ်”- လို့ သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

PNLO ခေါင်းဆောင်ပိုင်းဖြစ်တဲ့ ခွန်မြင့်ထွန်းက – “ဒီဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်း PNLO နဲ့ RCSS ကြား စစ်ရေး ပဋိပက္ခတွေဖြစ်ပွါးခဲ့ဖူးတယ်။ အဲဒီနောက်ပိုင်း RCSS ဘက်က စစ်အင်အားတိုးချဲ့ပြီးလှုပ်ရှားလာတော့ ဒေသခံလူထုကနေ တိုက်ပွဲဖြစ်ပွါးမှာကိုစိုးရိမ်နေကြတယ်။ တကယ်တော့ ကျနော်တို့ ၂ ဖွဲ့ဟာ အပစ်ရပ် လက်မှတ်ထိုးပြီးတဲ့အဖွဲ့တွေဖြစ်ပါတယ်။ ငြိမ်းချမ်းစွာတွေ့ဆုံပြီး ဖြေရှင်းလို့ရပါတယ် ”- လို့  RFA သတင်းဌာနကို ဖြေကြားထားပါတယ်။

ဆွေးနွေးရေးကိစ္စနဲ့ ပတ်သက်ပြီး မိမိတို့ဘက်မှ တစုံတရာမကြားသိရသေးကြောင်း ဗိုလ်မှူးကြီးစိုင်းဦးက ပြောပါတယ်။

ယခုလ ၁၆ ရက်နေ့ကလည်း PNLO နဲ့ RCSS တို့ မိုင်းပန်မြို့နယ် နားမွန်အုပ်စု မိုက်ပုတ်-ပန်ပိရွာမှာ တိုက်ပွဲဖြစ် ပွါးခဲ့ပါသေးတယ်။

“ပြသနာမဖြစ်ခင်က ပြသနာမဖြစ်အောင်ကျနော်တို့ရှောင်ခြင်းဟာ ပြသနာဖြစ်ပြီးမှ တွေ့ဆုံဆွေးနွေးဖြေရှင်းတာ ထက် ကောင်းပါတယ်။ ဒါပေမယ့် သူတို့ဘက်ကနေလဲ ဘာမှ ပြောမ လာသေးဘူး”- ဟု ဗိုလ်မှူးကြီးစိုင်းဦးကပြောပါတယ်။

NCA လက်မှတ်အတူတကွရေးထိုးခဲ့ကြတဲ့ PNLO နဲ့ RCSS တို့ဟာ အဲဒီဒေသဘက်မှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက နယ်မြေ ပြသနာ တကြိမ်ဖြစ်ပွါးခဲ့ပါတယ်။ အဲဒီတုန်းကတော့ PNLO ခေါင်းဆောင်ခွန်မြင့်ထွန်း နဲ့ RCSS/SSA ဘက်က ဗိုလ်ချုပ်ကြီးယွက်စစ် တို့တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီးတော့ ပြသနာပြေလည်သွားခဲ့ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...