Wednesday, January 28, 2026

RCSS နှင့် PC ချင်းမိုင်တွင် အလွှတ်သဘောတွေ့ဆုံ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် PC တို့ ယနေ့မနက်ပိုင်းထိုင်းနိုင်ငံချင်းမိုင်မြို့တွင်တွေ့ဆုံကြကြောင်းသိရသည်။

ဓါတ်ပုံ- RCSS / ၂၀၁၈ နို၀င်ဘာလ ၁၆ ရက်နေ့က RCSS နှင့် PC တို့ အလွှတ်သဘောတွေ့ဆုံခဲ့ကြစဉ်

ဇန်နဝါရီလ ၁၄ ရက်ယနေ့မနက်ပိုင်း ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် တွေ့ဆုံခြင်းဖြစ်ရာ RCSS ဘက်မှ ဗိုလ်မှူးချုပ် ပေါင်ခေး၊ ဗိုလ်မှူးကြီးစိုင်းငင်းနှင့် ဦးစိုင်းလျန်း တို့ ဖြစ်ပြီး အစိုးရဘက်ကမူ PC အတွင်းရေးမှူးဦးခင်ဇော်ဦး၊ အကြံပေးပုဂ္ဂိုလ်ဦးလှမောင်ရွှေ ၊ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး၊ တို့ပါ၀င်ကြောင်းသိရသည်။

ပြည်ထောင်စုအင်စတီကျုမှ ဒါရိုက်တာ ဦးခွန်စိုင်းက – လမ်းကြောင်းပိတ်နေတဲ့ဟာကိုကျော်လွှားနိုင်အောင် အဓိကဆွေးနွေးကြတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့မဆက်နိုင်သေးတာကို ဘယ်လိုပူးပေါင်းပြီးအဖြေရှာကြမလဲ၊ ဘယ်လိုထွက်လမ်းရှိနိုင်မလဲဆိုတာကို ဆွေးနွေးကြတာဖြစ်ပါတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

RCSS နှင့် PC တို့သည် ၂၀၁၈ နို၀င်ဘာလ ၁၆ ရက်နေ့ကလည်း အလွှတ်သဘောတွေ့ဆုံခဲ့ကြသည်။

ဇန်နဝါရီလ ၁၄ ရက်ယနေ့တွင်မူ RCSS အပြင် ငြိမ်းချမ်းရေးကော်မရှင် PC အဖွဲ့သည် ကရင်နီ KNPP နှင့် ကချင် KIO တို့နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။

ဇန်နဝါရီလ ၁၃ ရက် ယမန်နေ့ကမူ ငြိမ်းချမ်းရေးကော်မရှင် PC သည် ကရင်အမျိုးသားအစည်းအရုံး KNU နှင့်လည်းတွေ့ဆုံခဲ့သည်ဟုသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

0
သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA...

နမ့်စန်မြို့နယ် မွေတော်ဘုရားပွဲသို့ RCSS ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် တက်ရောက်ခဲ့

0
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုရှိ မွေတော်ဘုရား ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၉ ရက်) မွန်းလွဲပိုင်း၌ နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ဟိုတိကျေးရွာရှိ တိလုံမွေတော်ဘုရားတွင် ပြုလုပ်သည့် စေတီရေစက်ချ...

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...