Tuesday, January 27, 2026

နှစ်ပတ်ကြာ ဖမ်းဆီးခံထားရသည့် RCSS/SSA တပ်သား ၆ ဦး ယနေ့ထိ မလွတ်သေး

သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ နယ်အတွင်းနေ ဒေသခံများအား မူးယစ်ဆေးဝါးပညာပေး ဟောပြောသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ဝင် ၆ ဦးအား တပ်မတော်မှ နှစ်ပတ်ကြာ ဖမ်းဆီးသွားသော်လည်း ယနေ့တိုင်ပြန်မလွတ်ပေးကြောင်း ပြောရေးဆိုခွင့်ကပြောသည်။

အဆိုပါ RCSS အဖွဲ့ဝင် ၆ ဦး သည် ဇွန်လ ၂၉ ရက်နေ့က နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာအုပ်စု ကုန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံများအား မူးယစ်ဆေးဝါး တားဆီးကာကွယ် အသိပညာပေးဆိုင်ရာ ဟောပြောနေစဉ် နောင်ချိုအခြေစိုက် တပ်မတော် ခမရ ၁၁၄ နှင့် ခမရ ၁၁၅ ပူးပေါင်းတပ် မှ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးခံရသည့် RCSS အဖွဲ့ဝင် ၆ ဦး ကိစ္စ နှင့် ပတ်သတ်ပြီး RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီးစိုင်းဦး က “ အခုထိ ပြန်မလွှတ်သေးဘူး။ ကျနော်တို့ကတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ကို ဖြစ်ပြီးတော့ ၂ ရက်နေ့မှာ ပြန်လွှတ်ပေးဖို့ စာတင် ထားတယ်။ ” ဟု ပြောပါတယ်။

ဖမ်းဆီးခံရသည့် RCSS အဖွဲ့ဝင် ၆ ဦး သည် မူးယစ်ဆေးဝါး ပညာပေးဟောပြောပွဲပြုလုပ်နေစဉ် RCSS စစ်ယူနီဖောင်းများ ဝတ်ဆင်ထားခြင်း မရှိသလို လက်နက်လည်း ကိုင်ဆောင်ခြင်းမရှိကြောင်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦးကပြောသည်။

နောင်ချိုမြို့အခြေစိုက် တပ်မတော် ခြေမြန်တပ်ရင်း အမှတ် (၁၁၄) နှင့် (၁၁၅) ပူးပေါင်းအဖွဲ့တို့ ဖမ်းဆီးသွားသည့် RCSS အဖွဲ့ဝင် (၆) ဦးမှာ စိုင်းမောင်ထွန်း ၊ စိုင်းသန်းထွန်း (ခ) လုံးပီး ၊ စိုင်းပီး (ခ) စိုင်းဖိလစ် ၊ စိုင်းရွှေ ၊ စိုင်းအွန်ခေး (ခ) စိုင်းဟိန် နှင့် စိုင်းဆိုင်ဖ တို့ဖြစ်ကြောင်း သိရသည်။

RCSS တပ်ဖွဲ့ဝင် ၆ ဦးအား တပ်မတော်မှ ပြန်လွတ်ပေးခြင်းမရှိသည့်အပြင် နယ်မြေကျူးကျော်လှုပ်ရှားသည်ဟု ဆိုကာ စစ်အင်အားအလုံးအရင်းဖြင့် မိုင်းကိုင်မြို့နယ်အတွင်း နေ RCSS/SSA တပ်ဖွဲ့ဝင်များ အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသေးသည်။ နှစ်ဘက်ကြားဖြစ်ပွားသော တိုက်ပွဲကြောင့် ကျေးလက်ဒေသခံ တထောင်ကျော်နေရပ်မှ စွန့်ခွါနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

0
သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA...