PNLO နှင့် RCSS ကြားစစ်ရေးတင်းမာမှုကြောင့် လင်းခေးမြို့သို့ စစ်ရှောင် ၇၀ ကျော်ရောက်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် လွယ်ပန်ပိ တောင်ကြောတလျှောက်နေ ကျေးလက်ရွာ သားများအား လက်နက်ကိုင်တပ်ဖွဲ့များမှ တပ်သားသစ်စုဆောင်းသည်ဟုဆိုကာ လင်းခေးမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။

Photo By Langkhur Youth/ လင်းခေးရောက် နောင်ချိုရွာမှ စစ်ဘေးရှောင်တချို့

လင်းခေးမြို့နယ် ၀မ့်တိုက် (တောင်ရွာ)ရပ်ကွက် ဟိုနားကျောင်းသို့လည်းကောင်း ပန်ဝေါင်ရပ်ကွက် ဘုန်းကြီးကျောင်းသို့လည်းကောင်း တိမ်းရှောင်ခိုလှုံနေခဲ့ကြသည်။

“မိုင်းပန်မြို့ နောင်ချိုရွာသစ်ကလာပါတယ်။ ပအိုဝ်းတပ်တွေမလာခင်တုန်းက RCSS/SSA လဲ တပ်သားသစ်တွေ စုဆောင်းတယ်။ ခြေလျင်နဲ့ လမ်းလျှောက်လာတာ သုံးရက်။ ခလေးပညာရေးအတွက် ထွက်ပြေးလာရတာ ”- ဟု ဟိုနားဘုန်းကြီးကျောင်းရောက် နောင်ချိုရွာမှ စစ်ဘေးရှောင် ဆရာတော် ဦးတိလောက မိန့်တော်မူသည်။

Photo By Langkhur Youth/ လင်းခေးမြို့ ဟိုနားဘုန်းကြီးကျောင်းရောက် နောင်ချိုရွာမှ စစ်ဘေးရှောင်တချို့များအား ခရိုင်၊ မြို့နယ်အာဏာပိုင်များမှ လာရောက်တွေ့ဆုံစဉ်

၄င်းနှင့်ပတ်သက်ပြီး RCSS/SSA မှပြောခွင့်ရ ဒု ဗိုလ်မှူးကြီးစိုင်းဦးက -“ RCSS/SSA က ရွာသားတွေကိုနေရာအတင်းပြောင်းရွှေ့ခိုင်းတယ်၊ တပ်သားသစ်စုဆောင်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ PNLO/PNLA မတက်လာခင်တုန်းက ကျနော်တို့ လှုပ်ရှားခဲ့တဲ့နေရာဖြစ်တယ်။ ဒါမယ့်အခုနောက်ပိုင်း သူတို့တက်လာတော့ ကျနော်တို့ RCSS/SSA က အဲ့ဖက်မလှုပ်ရှားတာကြာပြီ။ အဲဒီနောက်ပိုင်း သူတို့ထဲမှာ RCSS/SSA ကငါတို့ကိုလာတိုက်မှာ ဆိုပြီး PNLO/PNLA ဘက်က တပ်သားသစ်တွေစုဆောင်းတယ်။ မိန်းခလေးတွေကိုတော့ ထမင်းဟင်းချက်ပြီး သူတို့စခန်းဆီ သွားပို့ပေးရတယ်။ အဲတာကြောင့် ရွာသားတွေထွက်ပြေးတာ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

Photo By Langkhur Youth/ လင်းခေးမြို့ ပန်ဝေါင်နှင့်ဟိုနားဘုန်းကြီးကျောင်းရောက် နောင်ချိုရွာမှ စစ်ဘေးရှောင်တချို့

မိုင်းပန်မြို့တွင် PNLO နှင့် RCSS/SSA တို့အကြား သီတင်းကျွတ်လဆန်းကတည်းက စစ်ရေးတင်းမာမှုများ စတင်ဖြစ်ပွါးလာခဲ့ကြောင်း ၊ မူးယစ်ဆေးဝါးသုံးစွဲမှု ဆီးစစ်ခံရွာသား ၉ ဦးအား RCSS မှ ဖမ်းဆီးသွားကြောင်း၊ ထို ၉ ဦးအနက် ၆ ဦးထွက်ပြေးလွှတ်မြောက်ပြီး ၃ ဦးကျန်နေသေးကြောင်း ဆရာတော်ကမိန့်သည်။

ဇန်နဝါရီလ ၄ ရက်နေ့ရက်စွဲဖြင့် ပအို၀်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA က – RCSS/SSA သည် မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စု နောင်ချိုရွာ မိုက်ပုတ်ရွာ ပန်ပိရွာများမှ ပအို၀်းရွာသူ ရွာသား များအား ပန်မီကျောင်းတိုက်သို့ဆင့်ခေါ်ပြီး ရွာမှ အတင်းအဓမ္မ စွန့်ခွါရန် ဖိအားပေးခြိမ်းခြောက်ပြော ဆိုခဲ့ကြောင်း- ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် လင်းခေးမြို့နယ် ပန်ဝေါင်ရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူ ၃၅ ဦးနှင့် ဟိုနားဘုန်းကြီး ကျောင်းတွင် ၄၁ ဦး ရှိကြောင်း စစ်ရှောင်ခိုလှုံနေသူများအား ကူညီမှုပေးနေသည့်လင်းခေးမြို့ခံ လူငယ်တဦးကပြောသည်။

အဆိုပါနောင်ချိုရွာသားများသည် လင်းခေးမြို့သို့ ၃ ရက်ခန့် လမ်းလျှောက်လာရကြောင်း၊ တောတောင် အတွင်းပုန်းခိုနေသည့်ရွာသားများကျန်နေသေးကြောင်း၊ ၄င်းတို့လုံခြုံရေးအတွက်စိုးရိမ်နေရကြောင်း စစ်ရှောင်တဦးကပြောသည်။
၄င်းတို့အား လက်ရှိတွင် လင်းခေးမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စစ်တိုင်းမှူးများ၊ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ဒေသခံလူထုက သွားရောက်တွေ့ဆုံကာ ကူညီမှုများပေးနေကြောင်းလည်းသိရသည်။

Photo By UWSA/ သံလွင်အရှေ့ခြမ်း ၀ နယ်သို့တိမ်းရှောင်နေသည့်မိုင်းပန်မြို့မှ စစ်ရှောင်များ

ပြီးခဲ့သည့် ၂ ရက်နေ့ကလည်း နားမွန်အုပ်စုအတွင်းမှ ဒေသခံလူထုတချို့သည် သံလွင်မြစ်ကူးကာ သျှမ်းပြည်အရှေ့ပိုင်းထိုင်းနယ်စပ် ၀ ထိန်းချုပ်ရာဒေသအတွင်းဝင်ရောက်ခိုလှုံ ခဲ့ကြကြောင်း လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

၄င်းနှင့်ပတ်သက်ပြီး ဒုဗိုလ်မှူးကြီးစိုင်းဦးက – “အရင်တုန်းက အဲ့ဒီဒေသမှာ ဘာပြသနာမှမရှိခဲ့ဖူးဘူး။ သူတို့ လက်နက်ကိုင်အဖွဲ့တွေဝင်လာမှဘဲ ဒေသခံလူထု အခက်အခဲတွေဖြစ်ရတယ်။ ပြသနာကိုစစ်ရေးနဲ့ဘဲ ဖြေရှင်းလို့မရဘူးလေ။ ပြသနာအရင်းအမြစ်ကိုရှာပြီးသေချာဆွေးနွေးဖြေရှင်းမှဘဲရပါမယ်။ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အစိုးရတပ်မတော်ကမူ ၂၀၁၈ ဒီဇင်ဘာလမှ ၂၀၁၉ မတ်လ အထိ တဖက်သတ်အပစ်ရပ်ထားမည်ဟု ကြေငြာထားသည်။ RCSS/SSA နှင့် PNLA/ PNLO နှစ်ဖွဲ့လုံးသည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့များဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...