Wednesday, January 28, 2026

လွိုင်လင်မြို့နယ်အတွင်း RCSS နှင့် ကျေးလက်ဒေသခံအခင်းဖြစ်ပွား ၅ ဦးသေ ၃ ဦးဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် တောင်နောက် ကျေးရွာအုပ်စုတွင် RCSS နှင့် ရွာသားများ ပဋိပက္ခဖြစ်ပွါးကာ RCSS တပ်သားနှစ်ဦး ဓါးခုတ်ခံရပြီး ရွာသား ၅ ဦး သေ ၃ ဦး ဒဏ်ရာရရှိသည့်ဖြစ်ရပ် ယမန်နေ့က ဖြစ်ပွားကြောင်းသိရသည်။


၂၀၁၈ ဒီဇင်ဘာ ၁၁ ရက် နေ့က သျှမ်းပြည်တပ်မတော် RCSS တပ်ဖွဲ့ဝင် တပ်သား ၉ ဦးက ရွာအတွင်း ၀င်ရောက်ရန် လှုပ်ရွားသွားလာနေစဉ် လူအယောက် ၂၀ ခန့်ရှိသည့် ရွာသားက ဒုတ်၊ ဓါးများ ကိုင်ဆောင် ကာ ၀ိုင်းရံတိုက်ခိုက်ခဲ့သည့်အတွက် RCSS/SSA တပ်သား ၂ ဦး ဓါးဒဏ်ရာ အပြင်းအထန် ရရှိကြောင်း၊ RCSS/SSA ဘက်မှ ပြန်လည်ပစ်ခတ်သည့်အတွက် ရွာသား ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိသွား ကြောင်း၊ လက်ရှိတွင်တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ကုသမှု ပြုနေကြောင်းကြားသိရသည်။

၄င်းနှင့်ပတ်သက်ပြီး RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဦးက -“ ဟုတ်တယ် ကျနော်တို့ တပ်ဖွဲ့ကဖြစ်တယ်။ ဆိုင်းငင်းရွာမှာဖြစ်တာ။ ကျနော်တို့ ကေဒါတပ်သား အင်အား ၉ ယောက်က မိုက်ဆော့ စခန်းကနေ ဆိုင်းငင်းရွာဘက်ကိုလာနေတုန်း လမ်းမှာ အရပ်ဝတ်နဲ့လူ ၂၀ လောက်က ဓါးကြီးနဲ့ဝင်ခုတ် တယ်။ ကျနော်တို့ ကေဒါ ၂ ဦးဒဏ်ရာအပြင်းအထန်ရတယ်။ ပြန်ခုခံတယ်။ ဓါးကိုင်တဲ့အဖွဲ့က ၅ ယောက် သေသွားတယ်။ ၃ ယောက်ဒဏ်ရာရရှိသွားတယ်။ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ဒီဇင်ဘာလ ၁၁ ရက်မွန်းလွဲပိုင်းကအဆိုပါအခင်းဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ဒေသခံရွာသားများဘက်ကမူ – လွိုင်လင်မြို့ အနောက်တောင်ဘက်ရှိ တောင်နောက်အုပ်စုအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး နှင့် နမ်းဟူးရွာ သူကြီး တို့ ပါ၀င်သည့်လူ ၁၀ ကျော်မှာ ကျေးရွာရေရှိစေရန် သွားရောက်ကြည့်ရှုပြီး အပြန်တွင် လက်နက် ကိုင်အဖွဲ့က ဖမ်းဆိးခေါ်ဆောင်းသွားသဖြင့် ရွာသားများတချို့လိုက်သွားပြီး ညှိနှိုင်းကာ အဆင်မပြေမှု ကြောင့် သေနတ်ဖြင့် ပစ်လိုက်သည် ဟု ပြောဆိုပါသည်။

“ ကျနော်တို့ ရွာသူကြီးရော၊ ဒေသခံ (၅) ဦး တရက်တည်း တချိန်တည်းဆုံးတော့ ရွာကလူတွေ အားလုံး ကြောက်နေကြတယ်။ ရွာမှာ မနေရဲတော့ဘူး။ သေဆုံးသူရဲ့ မိသားစုဝင်တွေဆို ကြောက်လို့ ငိုနေ ကြတယ်။ ဝမ်းနည်းနေကြတယ်” ဟု နမ်းဟူးရွာမှ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦး က ပြောသည်။

အဆိုပါလက်နက်ကိုင်တပ်ဖွဲ့မှာ နမ့်စန်မြို့ ပန်လျန်းဆိုင်အခြေစိုက် မတ်ကျန်းဌာနေပြည်သူ့ စစ်တပ်ဖွဲ့ လက်ချက်ဖြစ်ကြောင်းလည်း ရွာသားများ နှင့် မီဒီယာအချို့တို့က ပြောဆိုရေးသားမှုလဲ ရှိသည်။

သို့သော် မတ်ကျန်းဌာနေပြည်သူ့စစ်အကြီးအကဲတဦးကမူ မိမိတို့လက်ချက်မဟုတ်ကြောင်း သျှမ်းသံတော်ဆင့်အား ပြောသည်။

အခင်းဖြစ်ပွါးမှုကြောင့် သေဆုံးသူ များသည် နမ့်ဟူးရွာသူကြီး ခွန်ထွန်းဦး၊ ကျောင်းကော်မတီ ခွန်တခဲ၊ ရွာသား ခွန်တဝင်း ၊ ခွန်တမူးနှင် ့ ခွန်တဆန်းတို့ ( ၅) ဦး ဖြစ်သည်။ ဒဏ်ရာရသူများမှာ ၃ ဦးရှိပြီး လွိုင်လင် ပြည်သူ့ ဆေးရုံတွင် ၁ ဦးနှင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ၂ ဦး ဆေးကုသခံယူနေကြောင်း သိရသည်။

ဒီကိစ္စက ကျနော်တို့ နဲ့ အာစီ နဲ့ အမြန်ဆုံးတွေ့ဆုံဖြေရှင်းရမယ်။ ဟိုဘက်ကလဲ ဒီလိုဖြစ်အောင် လိုလားနေတယ် ဆိုတော့ သူတို့အကွက်ထဲ လုံးလုံးကျသွားနိုင်တယ်။ မကိုင်တွယ်ဘဲ ထားရင် မြောက်ပိုင်း လိုပြသနာဖြစ်သွားနိုင်တယ် – ဟု ပအိုဝ်းအမျိုးသားခေါင်းဆောင်ပိုင်းတဦးက ပြောသည်။

သြဂုတ်လ မှ စ၍ ယနေ့အထိ RCSS နှင့် PNLO ကြား ပဋိပက္ခ ဆက်တိုက်ဖြစ်ပွားလာသည်။ ထိုဖြစ်စဉ် တွင် ပအိုဝ်း ဘုန်းတော်ကြီးတကျောင်း၊ သျှမ်းဘုန်းတော်ကြီးကျောင်းတကျောင်း မီးလောင်မှု လဲ ဖြစ်ပွား သည်။ ထိုကာလအတွင်း ပအိုဝ်းခေါင်းဆောင် ဦးအောင်ခမ်းထီ နှင့် အဖွဲ့က တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ နှစ်ကြိမ် တွေ့ဆုံခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

0
သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA...

နမ့်စန်မြို့နယ် မွေတော်ဘုရားပွဲသို့ RCSS ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် တက်ရောက်ခဲ့

0
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုရှိ မွေတော်ဘုရား ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၉ ရက်) မွန်းလွဲပိုင်း၌ နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ဟိုတိကျေးရွာရှိ တိလုံမွေတော်ဘုရားတွင် ပြုလုပ်သည့် စေတီရေစက်ချ...

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...