နောင်ချိုတိုက်ပွဲအပြီး TNLA နှင့် RCSS တို့ ဆက်လက်တိုက်ပွဲဖြစ်ပွါး TNLA တဦးကျ

သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို မြို့နယ် မန်ပန်ရွာ နှင့် ပန်မိုလု ရွာကြား တအာင်း(ပလောင် ) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။

Credit to TNLA website

သြဂုတ်လ ၁၅ ရက် ညနေ ၅ နာရီအချိန်ခန့်က နောင်ချိုတိုက်ပွဲအပြီး တပ်ဆုတ်သွားသည့် TNLA နှင့် မဟာမိတ်တပ်ဖွဲ့များသည် RCSS/SSA ၏စစ်ကြောင်းနှင့် ပက်းပင်းတိုးမိပြီး ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း ၊ TNLA မှ တပ်သားတဦး ကျဆုံးခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး တားအိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ကျနော်တို့ နောင်ချို တိုက်ပွဲ ကနေ အပြန် မှာ RCSS/SSA နဲ့ ထိခိုက်မှု တွေဖြစ်ပွားတယ်။ ကျနော်တို့ ဘက်က လူတယောက် ကျတယ်” ဟု ဗိုလ်မှူး တားအိုက်ကျော် က ဆိုသည်။

အဆိုပါ တိုက်ပွဲ နှင့် ပတ်သတ်ပြီး RCSS/SSA မှ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဆိုင်မိန်း က “ ကျနော်တို့အတည်မပြုနိုင်သေးဘူး။တိုက်ပွဲဖြစ်ကြောင်းတော့ ကြားထားတယ်။ ကျနော် စုံစမ်းနေတုန်းပါ။ ညနေပိုင်းမှာ ဖြစ်တာလို့ သိရပါတယ်” ဟု သျှမ်းသံတော်ဆင့် ကို ဖြေကြားခဲ့သည်။

RCSS/SSA သည် နောင်ချိုမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ် အတွင်း လှုပ်ရှားနေသည့် တပ်ဖွဲ့များ ရှိသည် ဟုလည်း ဗိုလ်မှူး စိုင်းဆိုင်မိန်း က ပြောသည်။

RCSS/SSA ဌာနချုပ်မှ အရာရှိတဦးကမူ – “ စစ်မြေပြင်ကနေသတင်းပေးပို့ချက်အရ နောင်ချိုတိုက်ပွဲမတိုင်ခင် တရက်က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က အင်အားစုဆောင်းနေတယ်။ ကျောက်မဲမြို့ ဟူးဆွန်အုပ်စုမှာရှိတဲ့ RCSS တပ်တွေကို တိုက်ခိုက်မယ် လို့သတင်းတွေထွက်လာတယ်။ RCSS ကသတိနဲ့နေနေတုန်း သူတို့က DSTA ကျောင်းနဲ့ နောင်ချိုတိုးဂိတ်တွေကိုသွားတိုက်လိုက်တာ။ သူတို့ပြန်ဆုတ်လာတော့ RCSS စစ်ကြောင်းနဲ့ပြန် လာတိုးမိလို့ ပစ်ခတ်မှုဖြစ်ပွါးရတာပါ။” – ဟု ပြောဆိုသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း အတွင်း TNLA နှင့် RCSS/SSA သည် လွန်ခဲ့သည့် ၂၀၁၅ ခုနစ်မှ စတင်ကာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ယနေ့တိုင်တိုက်ပွဲဖြစ်ပွားမှုကာလ ကြာရှည်လာသော်လည်း ၄င်းတို့ကြား တွေ့ဆုံ ဆွေးနွေးမှု တကြိမ်တခါ မျှ မရှိသေးပေ။

သြဂုတ် ၁၅ ရက်နေ့ က ဖြစ်ပွားသည် တိုက်ပွဲနှင့် ပတ်သတ်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က – “ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲက အကြီးဖြစ်ပုံ တော့မရပါဘူး။ RCSS/SSA နယ်မြေကို ဖြတ်လို့ တိုက်ပွဲ ဖြစ်တယ်လို့ ထင်ပါတယ်။ အသေးစိတ်ကို မသိရှိသေးလို့ ပြောရခက်ပါတယ် ” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

RCSS/SSA နှင့် TNLA ကြား တွေ့ဆုံ ညှိနှိုင်းမှု မရှိသည့် အတွက် တိုက်ပွဲအသေးစားများ ဆက်လက်ရှိ နေဦးမည်ဖြစ်ပြီး၊ လက်နက်ကိုင် ပဋိပက္ခ အဖွဲ့တွေဖြစ်ပွား ပါက တွေ့ဆုံ ညှိနှိုင်းမှုသည် အကောင်းဆုံး နည်းလမ်းဖြစ်သည် ဟုလည်း ဦးမောင်မောင်စိုး က သုံးသပ်ပြောဆိုလိုက်သည်။

သျှမ်းတပ် ၂ တပ်ဖြစ်သည့် RCSS/SSA နှင့် သျှမ်းမြောက် တပ်မတော် SSPP/SSA တို့ကြား တွေ့ဆုံ ညှိနှိုင်းမှု ကြောင့် တိုက်ပွဲများ ရပ်ဆိုင်သွားကြောင်းလည်း ဦးမောင်မောင်စိုး က ထပ်လောင်းပြောသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို မြို့နယ် နှင့် မန္တလေးတိုင်း ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) အပါအဝင် နေရာ ၅ နေရာကို သြဂုတ် ၁၅ ရက် မနက် ၅ နာရီ ကျော်က TNLA နှင့် မဟာမိတ်တပ်များ ၀င်ရောက်ပစ်ခတ်သဖြင့် မြန်မာ့ တပ်မတော် နှင့် ပစ်ခတ်မှုများဖြစ်ပွါးခဲ့သည်။

ထိုစစ်ဆင်ရေး ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အရပ်သား စုစုပေါင်း သေဆုံးသူ ၁၄ ဦး ရှိကာ ဒဏ်ရာရရှိသူ ၁၅ ဦးခန့်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...