Tuesday, January 27, 2026

ကျနော်တို့ဟာ NCAကို ဘယ်တော့မှ ကျောခိုင်းမှာ မဟုတ်ပါဘူး ( RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းနှင့် တွေ့ဆုံခြင်း (အပိုင်း -၂))

မေး။  ။ ဗိုလ်မှူးကြီး ခင်ဗျား၊ တချို့ငြိမ်းချမ်းရေးလေ့လာသူတွေက သုံးသပ်ထားရှိတယ်ဗျ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တပ်မတော်က ဦးဆောင်မှုအခန်းကဏ္ဍကို စတင်ရယူဖို့ ခြေလှမ်းလှမ်းခဲ့ပြီလို့ ဆိုတယ်၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၂၁)ရက်မှာ တပ်မတော် လေးလတာ အပစ်ရပ်ထုတ်ပြန်ချက်က သက်သေပဲလို့ ဆိုတယ်။ အဲဒီသုံးသပ်ချက် အပေါ် ဗိုလ်မှူးကြီးရဲ့ အမြင်လေး ပြောပါဦးခင်ဗျ။

Photo by RCSS/SSA: RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း

ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျ၊ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရသက်တမ်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစိုးရကပဲ ဦးဆောင် ဆောင်ရွက်ခဲ့တာပါ။ ဒီ ဒီချုပ်အစိုးရ လက်ထက်ကျတော့ အစိုးရက ဦးဆောင်ရတယ်ဆိုပေမယ့် တပ်မတော်ရဲ့ သဘောထား ရယူရတဲ့ အပိုင်းတွေလည်း ရှိတယ်၊ ၂၀၁၈ မှာ တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို ကျင်းပနိုင်ခဲ့ပေမယ့် အားလုံးလက်ခံနိုင် ကျေနပ်နိုင်လောက်တဲ့ ရလဒ်မျိုးရအောင် အစိုးရက မစွမ်း ဆောင်နိုင်ခဲ့ဘူး။ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ မဆွေးနွေးနိုင်ခဲ့ဘူး။ ဒီလိုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တဖြည်းဖြည်းနဲ့ လုံးပါးပါးမယ့် အနေအထားဖြစ်လာတယ်။ တစ်ဆို့မှုတွေ၊ အခက် အခဲတွေက ပိုများလာတယ်။ အစိုးရ၊ NCA S EAO ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပေမယ့် ပြဿနာတွေကို မ ဖြေရှင်းနိုင်တဲ့အပြင် ရှုပ်ထွေးပွေလီမှုတွေ၊ ယုံကြည်မှု ကျဆင်းလာတာတွေ ပိုဖြစ်စေခဲ့တယ်ဗျ။ အဲဒီလိုနဲ့ ဒီဇင်ဘာလအထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရှေ့မတိုးခဲ့ပါဘူး။ အဲဒီအနေအထားမှာ တပ်မတော်ကနေ တစ်ဖက်သတ် လေးလတာ အပစ်ရပ်ခြင်းကို စစ်တိုင်း (၅)တိုင်းမှာ ပြုလုပ်ဖို့ ထုတ်ပြန်ခဲ့ပြီး initiative ယူခဲ့ တာပဲလို့ မြင်ပါတယ်ဗျ။

မေး။ ။ ဗိုလ်မှူးကြီး ခင်ဗျ၊ ဒီအတိုင်းဆိုရင် တပ်မတော် အပစ်ရပ်ခြင်းထုတ်ပြန်ပြီးတဲ့နောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဘယ်လိုတိုးတက်ဖြစ်ထွန်းမှုတွေ ရှိခဲ့သလဲဗျ။ တပ်မတော်ဖက်ကလည်း EAO တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ တပ်မတော်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးပြီလို့ သိရတယ်လေ။

ဖြေ။ ။ ဟုတ်ကဲ့၊ အခုထက်ထိတော့ EAOနဲ့ တပ်မတော်ညှိနှိုင်းရေးအဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေး တာတွေကိုတော့ မပြုလုပ်နိုင်သေးပါဘူး။ အခုလောလောဆယ်ဆယ်မှာ ကြားခံ ပေါင်းကူးအဖြစ် ငြိမ်းချမ်းရေးကော်မရှင် PC နဲ့တော့ အလွတ်သဘောတွေ့ဆုံမှုတွေ ကြိမ်ဖန်များစွာ လုပ်နေကြပါတယ်ဗျ။ တပ်မတော်ထုတ်ပြန်ချက်ထဲမှာ ပါတဲ့အတိုင်း အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စတွေအတွက် NRPC နဲ့ အရင်ဦးဆုံး တွေ့ဆုံပြီး လိုအပ်ရင် တပ်မတော်ညှိနှိုင်းရေးအဖွဲ့ ဆက်ဆက်ညှိနှိုင်းဆွေးနွေးပါလို့ ဆိုထားတော့ တွေ့ဆုံမှုက တဆင့်ပြီးတဆင့် သွားရမယ့် သဘောရှိတယ်ဗျ။ ကြားသိရသလောက်တော့ ဒီဖေဖော်ဝါရီလအတွင်းမှာ PC နဲ့ NRPC တို့ဟာ သက်ဆိုင်တဲ့ EAO တွေနဲ့ အလွှတ်သဘောတွေ့ဆုံဖို့ ရှိတယ်ဆိုပဲ၊ PC နဲ့ NRPCမှာ တပ်မတော် ကိုယ်စားလှယ်တွေပါနေတော့ တွေ့ဆုံဆွေးနွေးခြင်းတွေမှာ တပ်မတော်ရဲ့ သဘောထားပါတာပဲလို့ ထင်ပါတယ်ဗျ။ ကျနော်ယုံပါတယ်။ မကြာခင်ကာလတွေမှာ တပ်မတော်ညှိနှို်င်းရေးအဖွဲ့နဲ့ EAO တွေ့ဆုံနိုင်လိမ့်မယ်လို့လေ။

မေး။ ။ ဇန်နဝါရီလ (၂၅) ရက်မှာ တပ်မတော်က ထုတ်ပြန်တဲ့ သတိပေးခြင်းအပေါ် EAO တော်တော်များများက ဘဝင်မကျဘူးလို့ ကြားတယ်ဗျ။ ဒါကို ဘယ်လို ထင်မြင်ချက်ပေးနိုင်မလဲခင်ဗျ။

ဖြေ။ ။ ဟုတ်ပါတယ်။ EAO အတော်များများ ဒီအပေါ် အစာမကြေကြဘူး။ ဒီကိစ္စကို ကိုယ့်နည်းကိုယ်ဟန်နဲ့ ရှင်းနေကြရတယ်လေ။ ကျနော်တို့ကတော့ PC ကနေတဆင့် ပြောဖြစ်ပါတယ်။ ဒါမျိုးဟာ မလုပ်သင့်မလုပ်ထိုက် ဘူးဆိုတဲ့အကြောင်းပါ။ တွေ့ဆုံဆွေးနွေးရေးအတွက် အရှိန်ရနေတဲ့ ကြိုးပမ်းမှုတွေကို တုံ့ကနဲ ရပ်တန့် စေနိုင်ပါတယ်ဗျ။

မေး။ ။ တပ်မတော်ရဲ့ အပစ်ရပ်လေးလတာ အတွင်းမှာ RCSS အနေနဲ့ ငြိမ်းချမ်းရေးအတွက် ဘာတွေများ ဆောင်ရွက်ဖို့ ရှိပါသလဲခင်ဗျ။ သတ်မှတ်ထားတဲ့ အချိန်လည်း တစ်ဝက်ကျိုးပြီးဆိုတော့။

ဖြေ။ ။ ဒါကတော့ ရှင်းပါတယ်ဗျ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နားလည်မှုလွဲတာတွေ၊ တစ်ဆို့မှုတွေ ဖြစ်ပေါ် အပြီးမှာ ကျနော်တို့မြင်တာက ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်တွေမှာ ကျနော်တို့နဲ့ အစိုးရအကြား ချုပ်ဆိုခဲ့တဲ့ Bilateral စာချုပ်တွေ ကို ပြန်ဆွေးနွေးဖို့လိုမယ်၊ တစ်ဖက်နဲ့တစ်ဖက် စာချုပ်အပေါ် နားလည်မှု လွဲ တာတွေ၊ အဓိပ္ပာယ် ဖွင့်ဆိုချက်ကွဲလွဲတာတွေ၊ ယူဆချက် မတူညီတာတွေရှိတယ်၊ ဒါတွေ ဖြေရှင်းဖို့ တပ်မတော်နဲ့ ပထမ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်။ နောက်တဆင့်အနေနဲ့ အစိုးရနဲ့ ဆက်ဆွေးနွေးမယ်၊ တစ်ဖက်မှာလည်း ညီနောင် EAO တွေနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဘုံသဘောထား ချမှတ်နိုင်ရေး ဆောင်ရွက်ဖို့ ရှိနေတယ်ဗျ။

မေး။ ။ NCA သက်တမ်းဟာ အခုဆိုရင် သုံးနှစ်ကျော်လာပါပြီ၊ သို့သော်လည်း အကောင်အထည်ဖော်မှုပိုင်းမှာ ဘာမှ မယ်မယ်ရရ မဆောင်ရွက်နိုင်ခဲ့ဘူးလို့ သုံးသပ်မှုတွေရှိနေတယ်ခင်ဗျ။ တချို့ကလည်း တီးတိုးပြောနေကြတယ်၊ RCSS ကတော့ NCA ကို ကျောခိုင်းဖို့ ခြေလှမ်းပြင်နေတယ် ဆိုပြီး ကောလဟလ တွေပျံ့နှံ့နေတယ်။ ဒါကြောင့်မို့ သုံးနှစ်သက်တမ်း NCA အပေါ် ဗိုလ်မှူးကြီးရဲ့ မှတ်ချက်ကို ကြားပါရစေခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့ပါဗျ။ NCA မှာက နိုင်ငံရေး၊ စစ်ရေး၊ လူမှုစီးပွားဘဝဆိုပြီး အဓိက အစိတ်အပိုင်း သုံးပိုင်း ရှိတာကိုး၊ အဲဒီမှာ ကြားကာလဆိုင်ရာ လုပ်ငန်းတွေလည်းပါတယ်။ နိုင်ငံရေးဆိုင်ရာမှာက လမ်းပြမြေပုံ (၇)ဆင့် အတိုင်း ဆောင်ရွက်နေပါတယ်။ အခုဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွေ ကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)နဲ့ (၂)ကို ရရှိခဲ့ပြီးပါပြီ၊ ပြီးပြည့်စုံပြီလားလို့ မေးရင်တော့ လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်လို့ ပြောရမှာပါဗျ။ တပ်ပိုင်းဆိုင်ရာ၊ အပစ်ရပ်ဆိုင်ရာတွေနဲ့ ပတ်သက်လို့ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်နဲ့ လုပ်ငန်းတွေကို အကန့် အသတ်နဲ့ ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ကြားကာလကိစ္စလုပ်ငန်းတွေကတော့ ဘာမှ မဆောင်ရွက် နိုင်သေးတဲ့ အနေအထားမှာပဲ ရှိပါသေးတယ်ဗျ။ လူထုအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာတော့ ကိုယ်လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာအတွင်းကနေ သင့်တော်သလို လုပ်နေတာတွေတော့ ရှိပါတယ် ခင်ဗျ။

NCA ကို စွန့်ခွာဖို့ ခြေလှမ်းပြင်နေတယ် ဆိုတဲ့ ကောလဟလနဲ့ ပတ်သက်လို့ ကျနော်ဒီလိုပြန် ရှင်းလိုပါတယ်ဗျ။ RCSS ဟာ NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းဖြစ်လို့ NCA ပါအချက်တွေနဲ့ ပြဋ္ဌာန်းချက်တွေကို အတိအကျလိုက်နာဆောင်ရွက်ဖို့ ခိုင်မာတဲ့ ကတိကဝတ် ပြုခဲ့ပြီးသား ဖြစ်တယ်။ NCA နိဒါန်းမှာ ပါတဲ့ ဤသဘောတူစာချုပ်ပါ အချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွ ပူးတွဲ အကောင် အထည်ဖော်ဆောင်ရွက်သွားရန် အပြန်အလှန်သန္တိဋ္ဌာန်ပြုကြသည် ဆိုတဲ့အတိုင်းပဲ ကျနော်တို့ အနေနဲ့ ဆက်လက် စွဲကိုင် လုပ်ဆောင်သွားမယ်ဗျ။

ကျနော်တို့ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ၂၀၀၈ ခြေဥ ပြင်ဆင်ရေးအတွက် ဒီNCA စာချုုပ်မှာ အတိအကျ အာမခံချက် ပေးထားပြီးဖြစ်လို့ ကျနော်တို့ဟာ NCA လမ်းကြောင်းအတိုင်းပဲ ဆက်လက် ချီတက်ဖို့ရှိပါတယ်။ ဒီလိုချီတက်တဲ့နေရာမှာ ဆူးညှောင့်ခလုတ်ကန်သင်းတွေ အနှောင့်အယှက် အတားအဆီးတွေ ကြုံတွေ့ချင်ကြုံတွေ့နိုင်ပါတယ်ဗျ။ ကျော်လွှား ဖြတ်သန်းနိုင်မယ့် နည်းလမ်းတွေ ရှာရမှာပေါ့။ NCAကို ဘယ်တော့်မှ ကျနော်တို့ ကျောခိုင်းမှာ မဟုတ်ပါဘူးခင်ဗျ။

တတိယပိုင်းကို ဆက်လက်ဖတ်ရှုပါရန်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

NCA (၁၀)နှစ်ပြည့်ပွဲ ကျင်းပနေစဉ် စစ်တပ်က သီပေါမြို့နယ်ကို လေကြောင်းဗုံးကြဲ ဖိအားပေးတိုက်နေ

0
စစ်ကော်မရှင်တပ်သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က...

တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

0
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင်...

စစ်ကော်မရှင် NSPNC နှင့် အပစ်ရပ် ၇ ဖွဲ့တို့ NCA ၁၀ နှစ်ပြည့်ပွဲအတွက် နေပြည်တော်၌ ဆွေးနွေးနေ

0
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေးအတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့နှင့် စစ်ကော်မရှင်၏ NSPNC တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၂ ရက်) နံနက်ပိုင်းမှ...