Tuesday, January 27, 2026

RCSS မှဖမ်းမိ အိုက်စ် မူးယစ်ဆေးများအား အစိုးရထံလွဲပြောင်းပေးအပ်အခမ်းအနား မိုင်းတုံမြို့တွင် ပြုလုပ်

ဖမ်းဆီးရမိသော အိုက်စ်မူးယစ်ဆေး များအား RCSS/SSA မှ နိုင်ငံတော်သို့လွဲပြောင်းပေးအပ်ခြင်းအခမ်းအနားတရပ်ကို သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင်ကျင်းပခဲ့ကြောင်းသိရသည်။

Photo by RCSS – RCSS မှဖမ်းမိ အိုက်စ် မူးယစ်ဆေးများအား အစိုးရထံလွဲပြောင်းပေးအပ်အခမ်းအနား မိုင်းတုံမြို့တွင် မေလ ၈ ရက် ၂၀၁၉ က ပြုလုပ်

အခမ်းအနားအား မိုင်းတုံမြို့နယ် ရဲစခန်းတွင် နေ့လည် ၁၁ နာရီမှ ၁၂ ခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီး အစိုးရဘက်မှ ခရိုင်ရဲမှူးနှင့်မြို့နယ်ရဲမှူးတို့တက်ရောက်ကာ RCSS/SSA မှ ပေးအပ်သောမူးယစ်ဆေးများကို လက်ခံကြောင်း သိရသည်။

ကျနော်တို့ဘက်ကတော့ ဗဟိုကော်မတီဝင်ဗိုလ်မှူးကြီးတင်းခေးနဲ့ ဗိုလ်မှူးစိုင်းဟန် တို့ကနေ ဖမ်းဆီးရမိတဲ့ အိုက်စ် မူးယစ်ဆေးဝါး ၃၀ ကီလိုဂရမ်ကို ခရိုင်ရဲမှူးတွေဆီ ပေးအပ်တယ်။ မိုင်းတုံ မိုင်းဆတ်က ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ် ၅၀ လောက်တက်ရောက်ပါတယ်။ – ဟု RCSS/SSA ၏ အရာရှိတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

Photo by RCSS – RCSS မှဖမ်းမိ အိုက်စ် မူးယစ်ဆေးများအား အစိုးရထံလွဲပြောင်းပေးအပ်အခမ်းအနား မိုင်းတုံမြို့တွင် မေလ ၈ ရက် ၂၀၁၉ က ပြုလုပ်

အဆိုပါ အိုက်စ် မူးယစ်ဆေးများကို ပြီးခဲ့သည့်မတ်လ ၂၆ ရက်နေ့က RCSS/SSA မှ ဖမ်းဆီးရမိသော ဆေးဝါးများဖြစ်ကြောင်းလည်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...