Saturday, April 20, 2024

သီပေါမြို့နယ်ကျေးလက်အတွင်းယနေ့မနက်အစောပိုင်းက ပစ်ခတ်သံများကြားရ ၊ လူထုစိုးရိမ်ပူပန်နေ  

Must read

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် အရှေ့တောင်ဘက်ရှိ လုံဝိုင်ရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်မှုသံများ ယနေ့မနက်အစောပိုင်းကကြားရသဖြင့် ဒေသခံများစိုးရိမ်ထိတ်လန့်မှုရှိနေကြောင်းသိရသည်။

Form Google Map/သီပေါမြို့နယ် တိုက်ပွဲဖြစ်ပွါးသည့် နောင်အန်ရွာပြမြေပုံ

သီပေါမြို့နယ်အရှေ့တောင်ဘက် ၂၃ မိုင်ခန့်ဝေးသောကုန်းဆော့အုပ်စုဝင် လုံဝိုင်ရွာနှင့် နောင်အန်အုပ်စုဝင် နောင်လောင်းရွာကြား ဇန်နဝါရီလ ၁၆ ရက် မနက် ရ နာရီအချိန်ခန့်က ပစ်ခတ်သံများကြားရခြင်းဖြစ်ကြောင်း ကုန်းဆော့အုပ်စုမှ ရွာသားတဦးကပြောသည်။

“အခုပစ်ခတ်သံတော့ငြိမ်နေပြီ။ ဘယ်အဖွဲ့နဲ့ဘယ်အဖွဲ့လဲဆိုတာ တော့ကျနော်တို့အသေအချာမသိရသေးဘူး။ ဒါပေမယ့် သျှမ်း ၂ ဖွဲ့ဘဲဖြစ်နိုင်ချေရှိပါတယ် ” – ဟု အသက် ၅၀ ကျော်အရွယ် ကုန်းဆော့အုပ်စု မှရွာသား လုံးစိုင်း ကပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ ပြန်ကြားရေးဌာန၏ ဖေ့စ်ဘုစာမျက်နှာ SSPP Info တွင်မူ SSPP/SSA နှင့် RCSS/SSA တို့ပစ်ခတ်မှုဖြစ်ပွါးခြင်းဖြစ်ကြောင်း၊ RCSS/SSA ဘက်မှအင်အား ၂၀၀ ခန့်ရှိကြောင်း ရေးသားဖော်ပြထားသည်။

၂ ဖက်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးမှုစာရင်းတော့မသိရသေးကြောင်းနှင့် နံနက် ၁၀ နာရီ အချိန်အထိ စစ်ဘေးရှောင်များ စစ်ရှောင်စခန်းသို့မရောက်ရှိသေးကြောင်းလည်း သိရပါသည်။

လက်ရှိ သီပေါမြို့နယ် နားမခေါ်အုပ်စုဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ရ၀၀ ကျော်ကျန်ရှိနေသေးကြောင်း၊ နေရပ်တွင် စစ်ရေးအခြေအနေတင်းမာနေသေးသဖြင့် နေရပ်မပြန်ရဲကြသေးကြောင်း စစ်ဘေးရှောင်ကူညီရေးလူငယ်တဦးကပြောပါသည်။

Leave a Comments

- Advertisement -spot_img

Latest article