RCSS
မိုးရွာသွန်းမှုကြောင့် ဟိုပုံးမြို့နယ် စစ်ရှောင် (၅၀၀) ကျော် အခက်အခဲကြုံတွေ့နေရ
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပန်လုံကျေးရွာသစ်မှ စစ်ရှောင်များ (၅၀၀) ကျော်သည် ယခုကာလတွင် မိုးရွာသွန်းမှုကြောင့် အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ရှောင် (၅၀၀) ကျော်သည် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စုမှ စစ်ရှောင်လာသည့်သူများဖြစ်ပြီး နေရပ်သို့ မပြန်နိုင်သေးသဖြင့် ယခု မိုးတွင်းကာလတွင်လည်း အလှူရှင်များနည်းပါးလာမှုကြောင့် အခက်အခဲ...
ပင်လုံမြို့ ကျေးလက်ဒေသခံ အချို့ကို SSPP က ဖမ်းဆီးတယ်လို့တိုင်ကြားမှုရှိ
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ နောင်လိုင်ကျေးရွာအုပ်စု ဝမ်ကုန်းကျေးရွာရှိ ဒေသခံတွေကို SSPP က ဖမ်းဆီးသွားတဲ့အတွက် ဖြေရှင်းပေးဖို့ နိုင်ငံရေးပါတီ တခုကနေ ဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးလက်ဒေသခံ ၂၈ ဦးကို ဩဂုတ် ၁ ရက်က စစ်ဆေးဖို့ ဆိုပြီး...
ရပ်စောက်မြို့နယ် တိုင်းရင်းသားလက်နက်ကိုင် ဆက်ကြေးကောက်ခိုင်းနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့နယ်ခွဲ ကျောက်ဂူကျေးရွာအုပ်စုရှိ ကျေးရွာများကို တိုင်းရင်းသားလက်နက်ကိုင်တစ်စုက ဆက်ကြေးကောက်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လကုန် ၃၀ ရက်တွင် ထိုလက်နက်ကိုင်တပ်ဖွဲ့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများထံတွင် စကားပါးလာပြီး ဆက်ကြေးကောက်ခိုင်းကြောင်း သိရသည်။ “သူတို့ ကျနော်တို့ ပြည်သူတွေကိုခေါ်တာတော့မရှိဘူး။ အုပ်ချုပ်ရေးမှူးတွေ အကြီးတွေကို စည်းဝေးခေါ်ပြီးတော့ ပြောလာတာတဲ့။ ဆက်ကြေးကောက်ခိုင်းတာ။...
SSPP နှင့် RCSS တို့က လွိုင်လင်ခရိုင်အတွင်း တပ်သားသစ်အပြိုင်စုဆောင်းနေ
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းတွင် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့ တပ်သားသစ်အပြိုင် စုဆောင်းနေကြောင်း သတင်းသိရသည်။ ပင်လုံမြို့ ဆနင်းဒေသအတွင်းမှ ဒေသခံပြည်သူများကို SSPP/SSA တပ်ဖွဲ့မှ တပ်သားသစ်အတွက် စာရင်းကောက်ခြင်း ဖမ်းခေါ်ခြင်းများ ပြုလုပ်နေကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက...
မိုးနဲမြို့နယ် ပြည်သူ့စစ်ရှိလာအောင် စစ်ကောင်စီက လုပ်ဆောင်နေ
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကျေးရွာဒေသများထဲတွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ က ပြည်သူ့ကာကွယ်ရေးဟု ဆိုကာ လူထု စာရင်းကောက်ယူနေလျက်ရှိကြောင်း သိရသည်။ မိုးနဲမြို့နယ်တွင် ယခုလမှစတင်ပြီး ပြည်သူ့ကာကွယ်ရေး နှင့် ပြည်သူ့ကျန်းမာရေး ကြက်ခြေနီအဖွဲ့များဟုဆိုကာ လူထုနာမည်စာရင်းကောက်ထားပြီး အဖွဲ့ ဖွဲ့စည်းထားခိုင်းကြောင်း သိရသည်။ “မြို့ထဲမှာတော့ ကျနော်အသေးစိတ်မကြားရသေးဘူး။ ကျေးရွာဘက်မှာဆိုရင်တော့ အကုန်လုံးနာမည်စာရင်းတွေကိုကောက်နေတာ။...
ကျောက်မဲမြို့နယ် စစ်ရှောင်ထဲ RCSS တပ်သားရှိသည့်ဟုဆိုကာ TNLA ဝင်ရောက်စစ်ဆေးမည်ဟု ခြိမ်းခြောက်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကောင်းမူးကျေးရွာတွင် နေထိုင်သည့် စစ်ရှောင်များကြားတွင် RCSS/SSA တပ်သားများရှိသည်ဟုဆိုကာ TNLA ဝင်ရောက်စစ်ဆေးမှု ကြမ်းနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ဆေးမှုသည် လွန်ခဲ့သည့် ဇွန် (၁၃) ရက်နေ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ကောင်းမူးကျေးရွာ အုပ်ချုပ်ရေးမှူးကို...
သျှမ်းပြည်နယ်အတွင်းကိုယ်စားပြုတိုက်ပွဲ Proxy War စတင်နေပြီလား?
SHAN -
သျှမ်းပြည်တပ်မတော် ဝမ်ဟိုင်း နဲ့ သျှမ်းပြည်တပ်မတော် လွိုင်တိုင်းလျဲန်းတို့ဟာ ၂၀၁၇ က စပြီး နယ်မြေစိုးမိုးရေးအားပြိုင် တိုက်ပွဲဖြစ်ပွားလာခဲ့ပါတယ်။ တိုက်ပွဲကြောင့် သျှမ်းလူထု အသက်အိုးအိမ်ဆုံးရှုံးရတာတွေ၊ စစ်ဘေးရှောင်နေရတာတွေကြောင့် သျှမ်းပြည့်ကံကြမ္မာအတွက် မျက်ရည်မျက်ခွက်နဲ့ ရင်နင့်နေသူဟာ ကျနော် တစ်ယောက်တည်း တော့ ဟုတ်မယ်မထင်ပါဘူး။ သျှမ်းအမျိုးသားအတွက် ရှေ့တန်းတင်ဖို့၊ စည်းလုံးဖို့၊ တောင်းဆိုနေတာတွေလဲ...
အာဏာသိမ်းတပ် နှင့် သျှမ်းပြည်တပ်မတော် RCSS တို့ ယနေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်
အာဏာသိမ်းတပ် နှင့် သျှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ သျှမ်းပြည်တောင်ပိုင်းအတွင်း ယနေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟုသိရသည်။ ၂၀၂၁ ခု ဧပြီလ ၂၂ ရက် နံနက်ပိုင်း တွင် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း တွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အတွင်းနှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ...
ဒေါက်တာဆာဆာထံ ပေးစာ RCSS ဉက္ကဌ ညွှန်ကြားချက်မဟုတ်
SHAN -
ဒေါက်တာဆာဆာထံသို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ နိုင်ငံခြားရေးဌာနမှ ပေးပို့သည့် စာတစ်စောင်သည် ဉက္ကဌကြီး ဗိုလ်ချုပ်ကြီးယွက်စစ်၏ ညွှန်ကြားချက် မဟုတ်ကြောင်း ကြားသိရသည်။ မတ်လ ၆ ရက် ၂၀၂၁ ခု ရက်စွဲပါ အဆိုပါ ပေးစာတွင် ကုလသမဂ္ဂဆိုင်ရာ CRPH အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာ ထံသို့...
နမ္မတူမြို့နယ် စစ်ရှောင် ၈၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် စစ်ဘေးရှောင် ၈၀၀ ကျော်ထိ ရှိလာသဖြင့်စားနပ်ရိက္ခာ အရေးပေါ် လိုအပ် နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောသည်။ နမ္မတူမြို့နယ် ပန်ချင်ကျေးရွာအုပ်စု အတွင်း ယနေ့ (ဇန်နဝါရီ ၅)ရက် မနက်ပိုင်းမှ စတင်ကာ ညနေပိုင်းထိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၂ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့်...





