ပင်လုံမြို့ ကျေးလက်ဒေသခံ အချို့ကို SSPP က ဖမ်းဆီးတယ်လို့တိုင်ကြားမှုရှိ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ နောင်လိုင်ကျေးရွာအုပ်စု ဝမ်ကုန်းကျေးရွာရှိ ဒေသခံတွေကို SSPP က ဖမ်းဆီးသွားတဲ့အတွက် ဖြေရှင်းပေးဖို့ နိုင်ငံရေးပါတီ တခုကနေ ဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးလက်ဒေသခံ ၂၈ ဦးကို ဩဂုတ် ၁ ရက်က စစ်ဆေးဖို့ ဆိုပြီး ဖမ်းဆီးသွားပြီးတယ်လို့ဆိုပါတယ်။ အဲ့ဒီ့နေ့ ညပိုင်းမှာ ၁၅ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ၁၃ ဦးကိုတော့ ဖမ်းဆီးထားဆဲဖြစ်တဲ့အတွက် ဝိုင်းဝန်းဖြေရှင်းပေးဖို့ သျှမ်းနိုင်ငံရေးပါတီ တခုထံ စာတင်ပြီး တောင်းဆိုထားတယ်လို့ လဲပြောပါတယ်။

အဲ့ဒီ့ကိစ္စ နဲ့ ပတ်သက်ပြီး ပင်လုံမြို့က SNLD (ကျားခေါင်းပါတီ) အတွင်းရေးမှူး စိုင်းဆု က “အခုချိန်ထိတော့ ၁၃ ယောက်ကို ဖမ်းဆီးထားဆဲဖြစ်တယ်။ စုစုပေါင်းဖမ်းသွားတာကတော့ ၂၈ ဦးဖမ်းသွားတာပေါ့။ ၁၅ ယောက်ကိုတော့ ပြန်လွှတ်လာပေးတာ။ လုံခြုံရေးအတွက် စစ်ဆေးဖို့ဆိုပြီးတော့ သူတို့လာခေါ်သွားတာ။ ဒေသခံတွေ ကျနော်ကိုပြောတာကတော့ SSPP က လာခေါ်သွားတာတဲ့၊ ကျနော်တို့အနေနဲ့တော့ သတင်းအချက်အလက် စုံစမ်းနေပါတယ်၊ အမှန်တကယ်ဘယ်လိုဖြစ်နေလဲပေါ့ ” ပြောပါတယ်။

ပင်လုံမြို့

ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၃ ဦးဟာ ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်မှုမရှိတဲ့အပြင် လက်ရှိ ဘယ်နေရာမှာ ထိန်းသိမ်းခံထားရတယ်ဆိုတာလဲမသိရဘူးလို့လဲပြောပါတယ်။

“ ဒေသခံတွေ ပြောပြချက်အရဆိုရင် သူတို့တွေက ဘယ်အဖွဲ့စည်းနဲ့မှ မပတ်သက်ဘူး။ အခုချိန်ထိ သူတို့ကို ဘယ်နား ဖမ်းခေါ်သွားလဲ တော့မသိဘူး။ အဆက်အသွယ်လည်း မရသေးဘူး၊ ကျနော်တို့လဲ စုံစမ်းနေဆဲပါ” လို့ စိုင်းဆု က ဆက်ပြောပါတယ်။

ကျေးလက် ဒေသခံ ၁၃ ဉီး ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဘုန်းဟန် က တခြားအဖွဲ့က သွေးထိုးလှုံ့ဆော်လို့ အဲလိုသတင်းပေါ်လာတာ လို့ ပြောပါတယ်။

“ကျနော်တို့က အပြစ်မဲ့ပြည်သူတွေကို ဖမ်းတဲ့ ပေါ်လစီမရှိဘူးဗျ။ ဟုတ်မဟုတ်ဆိုတာ ပြန်စစ်ဆေးရမှာဖြစ်ပါတယ်။ ဒါမဲ့ ကျနော်တို့ မူအားဖြင့်ကတော့ အပြစ်မဲ့ပြည်သူကို ဖမ်းမယ်ဆိုတာ မဟုတ်ဘူး။ အဖွဲ့စည်းရဲ့ သွေးထိုးလှုံဆော်မှုကြောင့်လားဆိုပြီး ကျနော်တို့ ပြန်စစ်ဆေးမှာ ဖြစ်ပါတယ်” လို့ ဗိုလ်မှူးစိုင်းဘုန်းဟန် က သျှမ်းသံတော်ဆင့် ကိုပြောပါတယ်။

လွိုင်လင်မြို့နယ်မှာ အရင်က RCSS လှုပ်ရှားတဲ့ဒေသ ဖြစ်ပေမယ့် လက်ရှိမှာတော့ SSPP က ဝင်ရောက်လှုပ်ရှားနေပါတယ်။ ဒါ့အပြင် ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ နဲ့ အာဏာသိမ်း စစ်ကောင်စီ တပ်တို့လဲ ဝင်ရောက်သွားလာလှုပ်ရှားတဲ့ ဒေသဖြစ်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...