Tuesday, January 27, 2026

အာဏာသိမ်းတပ် နှင့် သျှမ်းပြည်တပ်မတော် RCSS တို့ ယနေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်

အာဏာသိမ်းတပ် နှင့် သျှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ သျှမ်းပြည်တောင်ပိုင်းအတွင်း ယနေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟုသိရသည်။

Photo Credit to RCSS and MM

၂၀၂၁ ခု ဧပြီလ ၂၂ ရက် နံနက်ပိုင်း တွင် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း တွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အတွင်းနှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ အတွင်းတို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုသိရသည်။

“နမ့်စန်မြို့နယ်ဘက်လဲ တနေရာဖြစ်တယ်။ အခု မိုးနဲမြို့နယ် အတွင်းတော့ နားခန် ကျေးရွာကနေ ကောင်းယောင်းရွာ ဘက်သွားတဲ့လမ်းမှာဖြစ်တာ။ အာဏာသိမ်းတပ်ဘက်က တစ်ယောက် ဒဏ်ရာ ရပြီး နမ့်စန်စစ်ဆေးရုံမှာ သွားသေတယ်”  – ဟု နမ့်စန်မြို့ တပ်မိသားစု နှင့် နီးစပ်သူ တဉီးက ပြောသည်။

နမ့်စန် – မိုးနဲ လမ်း (နမ့်စန်မြို့အထွက်) အရှေ့ဘက် လွိုင်ငင်း-ကုန်းမုန့် ရွာ ဘက်တွင်လည်းကောင်း၊ မိုးနဲ – ကျိုင်းတောင်းလမ်း မြောက်ဘက် နားခန် – ကောင်းယောင်းရွာဘက်တွင်လည်းကောင်း၊ ကျေးသီးမြို့နယ် မိုင်းနောင်မြို့ နောင်တောင်း – မိုင်းလိန်း ဘက်တွင်လည်းကောင်း အာဏာသိမ်းတပ် နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ယနေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ထိပ်တိုက်ရင်ဆိုင်တဲ့တိုက်ပွဲငယ်လေးတွေပါ။ တိုက်ပွဲလို့တောင် ကျနော်တို့မမှတ်ပါဘူး” – ဟု သျှမ်းပြည် တပ်မတော် RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးခမ်းစံကပြောသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ အမည်မဖေါ်လိုသည့်ပြည်သူ့စစ်အရာရှိတစ်ဉီးက- RCSS/SSA မှ ဒေသခံလူထုအား အဆိုပါဒေသအတွင်း စစ်သင်တန်းဖွင့်ပေးနေကြောင်း၊ စစ်သင်တန်းသတင်းကြောင့် ၄င်းတို့အားတိုက်ခိုက်ခြေမှုန်းရန် အရှေ့အလယ်ပိုင်းတိုင်းမှူး ကိုယ်တိုင် ညွှန်ကြားခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည်။

သျှမ်းပြည်တပ်မတော်  RCSS/SSA သည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသော်လည်း တပ်မတော်မှ တိုင်းပြည်အာဏာ လုယူမှုအား ရှုပ်ချကြောင်း ဒါ့အပြင် ဆန္ဒပြလူထုနှင့်အတူ ရပ်တည်ကြောင်း နှစ်ကြိမ်ထက်မနည်း သဘောထားထုတ်ပြန်ကြေငြာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ရွာငံမြို့နယ် ‌မဲရုံများတွင် လုံခြုံရေးယူရန် စစ်တပ်နှင့် PNO အင်အားဖြည့်

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ကျေးရွာဘက်ရှိ မဲရုံများ၌ လုံခြုံရေးယူရန် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်ထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်မှ စတင်ပြီး ရွာငံမြို့နယ်နှင့် အနီးတစ်ဝိုက် ရွေးကောက်ပွဲကျင်းပမည့် ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က လုံခြုံရေး တင်းကြပ်နေပြီး...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ခေါင်းနှင့်ပန်းလို တစ်သားတည်း ဖြစ်နေသော စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည် (၁၂) မြို့နယ်၌ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မြို့နယ်အများစုတွင် အနိုင်ရ ဦးဆောင်နေကြောင်း သိရသည်။ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်က အတုအယောင် ရွေးကောက်ပွဲ...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...