ရပ်စောက်မြို့နယ် တိုင်းရင်းသားလက်နက်ကိုင် ဆက်ကြေးကောက်ခိုင်းနေ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့နယ်ခွဲ ကျောက်ဂူကျေးရွာအုပ်စုရှိ ကျေးရွာများကို တိုင်းရင်းသားလက်နက်ကိုင်တစ်စုက ဆက်ကြေးကောက်ခိုင်းနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန် ၃၀ ရက်တွင် ထိုလက်နက်ကိုင်တပ်ဖွဲ့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများထံတွင် စကားပါးလာပြီး ဆက်ကြေးကောက်ခိုင်းကြောင်း သိရသည်။

“သူတို့ ကျနော်တို့ ပြည်သူတွေကိုခေါ်တာတော့မရှိဘူး။ အုပ်ချုပ်ရေးမှူးတွေ အကြီးတွေကို စည်းဝေးခေါ်ပြီးတော့ ပြောလာတာတဲ့။ ဆက်ကြေးကောက်ခိုင်းတာ။ ဖုန်းဆိုင်တွေဆို ဘယ်လောက်ပေးရမယ်ဆိုပြီးတော့ စာရေးလာပေးတာ။ အဲ့အတိုင်း ဒီဩဂုတ်လထဲမှာ ဆက်ကြေးထပ်ပေးရမယ်တဲ့” ဟု အမည်မဖော်ပြလိုသည့် ကျောက်ဂူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဆက်ကြေးကောက်ခိုင်းသည့် လက်နက်ကိုင်သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဖြစ်ကြောင်း ကျောက်ဂူကျေးရွာအုပ်စုအတွင်းရှိ အုပ်ချုပ်ရေးမှူးတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ရပ်စောက်မြို့

“ ဒီဒေသမှာက လှုပ်ရှားနေတာ တပ်ဖွဲ့ ၂ ခုရှိတယ်။ မြောက်ပိုင်းနဲ့ RCSS/SSA တို့ရှိတယ်။ အခုဆက်ကြေး ကောက်ခိုင်းတာတော့ RCSS/SSA တပ်ဖွဲ့က ကောက်ခိုင်းတာပါ။ စကားနဲ့ပြောလာတာပေါ့။ ပြေစာတွေနဲ့ ပေးလာတာတော့မရှိဘူး။ ဒီလအတွင်းအကုန်ပေးရမယ်။ အခုချိန်ထိတော့ ဘယ်သူမှ ဆက်ကြေးသွားပေး တာမရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိနိုင်ငံရေးအခြေနေကြောင့် ပြည်သူများစားဝတ်နေရေး ခက်ခဲချိန်တွင် ဆက်ကြေးကို ဈေးကြီးတောင်း နေသည့် အတွက်ကြောင့် ပြည်သူများအတွက် စားဝတ်နေရေးခက်ခဲနေကြောင်း သိရသည်။

“ခက်ခဲတာပေါ့။ အရမ်းခက်ခဲတယ်။ သူတို့တောင်းတဲ့ ဆက်ကြေးကလည်းဈေးနည်းတာမဟုတ်ဘူး။ သိန်းချီပြီး တောင်းတာလေ။ ပြီးတော့ ကျနော်တို့လည်းအခုက ရှာစားဖို့က တော်တော်လေး ခက်ခဲတယ်။ စားဝတ်နေရေးအတွက်လည်း အဆင်မပြေဘူး” ဟု ကျောက်ဂူကျေးရွာအတွင်းရှိ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ကျောက်ဂူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၂၇ ရွာလုံးကို ကျေးရွာတစ်ခုတွင် ခန့်မှန်းခြေအရ တစ်ရွာကို အိမ်ခြေ ၂၀၀ ကျော်ရှိကြောင်းသိရသည်။

ရပ်စောက်မြို့နယ်ခွဲ အင်တောမြို့နယ် ကျောက်ဂူကျေးရွာအုပ်စုအတွင်း RCSS မှ ဆက်ကြေးကောက်ယူသည့်ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ ဆနင်းဒေသအတွင်းမှ ဒေသခံပြည်သူများကို SSPP/SSA တပ်ဖွဲ့မှ တပ်သားသစ်အတွက် စာရင်းကောက်ခြင်း ဖမ်းခေါ်ခြင်းများ ပြုလုပ်နေကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဒေသထဲမှာရှိတဲ့ RCSS နဲ့ သိတဲ့သူတွေ ပတ်သက်ဖူးတဲ့ ဆွေးမျိုးရှိတဲ့သူတွေရဲ့ အမည်စာရင်းနဲ့တကွ လာဖမ်း တာမျိုးတွေ ရှိသလို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ရွာသားတချို့ကိုလည်း စစ်သားစုဆောင်းဖို့လာခေါ်တယ်၊ RCSS နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းခေါ်ခံရတဲ့ တချို့တွေက ဘယ်ကိုရောက်သွားမှန်းမသိကြဘူး” ဟု အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တို့သည် မေ ၂၀ ရက်က တွေ့ဆုံခဲ့သည်။

အလားတူ (SSPP/SSA) သည် အာဏာသိမ်း စစ်ကောင်စီ နှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက် သြဂုတ် (၂) ရက်နေ့က နေပြည်တော်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...