Wednesday, January 28, 2026

ဒေါက်တာဆာဆာထံ ပေးစာ RCSS ဉက္ကဌ ညွှန်ကြားချက်မဟုတ်

ဒေါက်တာဆာဆာထံသို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ နိုင်ငံခြားရေးဌာနမှ ပေးပို့သည့် စာတစ်စောင်သည် ဉက္ကဌကြီး ဗိုလ်ချုပ်ကြီးယွက်စစ်၏ ညွှန်ကြားချက် မဟုတ်ကြောင်း ကြားသိရသည်။

မတ်လ ၆ ရက် ၂၀၂၁ ခု ရက်စွဲပါ အဆိုပါ ပေးစာတွင် ကုလသမဂ္ဂဆိုင်ရာ  CRPH အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာ ထံသို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏နိုင်ငံခြားရေးဌာန လိုဂို၊ ဌာနမှူးယွက်မိန်း (ဖိလစ်) ၏  လက်မှတ်ဖြင့် ရေးသားပေးပို့ခြင်းဖြစ်သည်။

“ဉက္ကဌကြီးက သူ မညွှန်ကြားလိုက်ရဘူးတဲ့။ ဒီစာနဲ့ပတ်သက်ပြီးတော့လဲ မသိရဘူးတဲ့။ အဲ့ဒီ့လောက် အရေးကြီး တဲ့ လုပ်ရပ် လုပ်ဆောင်မယ်ဆိုရင် ဗဟိုဆုံးဖြတ်ချက်ရယူရမယ်။  CRPH နဲ့ ပတ်သက်ပြီး  PPST နဲ့လဲ ထပ် မဆွေးနွေးရသေးဘူး”-  ဟု ဉက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဉီးကအတည်ပြုသည်။

ထို့ကြောင့်အဆိုပါစာသည် ၁- အတုဖြစ်နိုင်သကဲ့သို့ ၊ ၂- ၄င်း၏ပုဂ္ဂိုလ်ရေးအနေဖြင့်သာ ရေးသားပေးပို့ခြင်းဖြစ်နိုင်ကြောင်း ၊ ထို့ကြောင့်၄င်းနှင့် ပတ်သက်ပြီးအဆင့်ဆင့် စီစစ်မှုပြုလုပ်နေကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

၄င်းနှင့်ပတ်သက်ပြီး RCSS ပြောရေးဆိုခွင့်ရှိသူထံရော ၊ RCSS ၏ နိုင်ငံခြားရေးဌာနမှူးထံပါ သျှမ်းသံတော်ဆင့်က ကြိုးစားဆက်သွယ်သော်လည်းဖုန်းပိတ်ထားသဖြင့် ဆက်သယ်မရပါ။

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝန်ထမ်းများအား ထောက်ခံသည့်အကြောင်း RCSS ပါဝင်ထားသည့် PPST ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဉီးဆောင်အဖွဲ့ က  ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ကြေငြာချက်၁ စောင်ထုတ်ပြန်သာ ခဲ့ဖူးသည်။ CRPH နှင့်ပတ်သက်ပြီး ထုတ်ပြန်ကြေငြာချက် တစ်စုံတရာမရှိခဲ့သေးပေ။

မကြာခင်ရက်ပိုင်းအတွင်း အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များ PPST အနေဖြင့် တွေ့ဆုံဆွေးနွေးပါက CRPH နှင့် စပ်ဆိုင်သည့် ကိစ္စရပ်များ ဆွေးနွေးဆုံးဖြတ်ဖွယ်ရှိကြောင်း ကြားသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

အယ်ဒီတာပေးစာ

0
သို့သျှမ်းသံတော်ဆင့်သတင်းဌာန သိန္နီမြို့ရဲ့ ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေ ဒုက္ခတွေကြားထဲမှာ ရုန်းကန်နေရတဲ့ ဒေသခံပြည်သူတွေဆီ ဝန်ဆောင်ခအများအပြားကောက်ယူနေတဲ့အကြောင်းလေး ရင်ဖွင့်ချင်လို့ပါ။ ကျမတို့ သိန္နီမြို့သေးသေးလေးက “၁၀၂၇ စစ်ဆင်ရေး” ဆိုတဲ့တိုက်ပွဲဒဏ်ကြီးကလဲ ခံထားရတော့ စီးပွားရေးက အခုထက်ထိ ကောင်းကောင်းခေါင်းမထောင်နိုင်သေးပါဘူး။ အရောင်းအဝယ်ပိုင်းမှာလည်း အရင်လို အလုပ်မဖြစ်တော့ ဝင်ငွေက ပုံမှန်မရတင်မကဘူး တချို့ရက်ဆို အရင်းတောင်ရောင်းမရတော့ ခက်ခဲတာပေါ့။ တိုက်ပွဲဖြစ်ပြီးတဲ့...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

0
သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA...

နမ့်စန်မြို့နယ် မွေတော်ဘုရားပွဲသို့ RCSS ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် တက်ရောက်ခဲ့

0
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုရှိ မွေတော်ဘုရား ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၉ ရက်) မွန်းလွဲပိုင်း၌ နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ဟိုတိကျေးရွာရှိ တိလုံမွေတော်ဘုရားတွင် ပြုလုပ်သည့် စေတီရေစက်ချ...