ဒေါက်တာဆာဆာထံ ပေးစာ RCSS ဉက္ကဌ ညွှန်ကြားချက်မဟုတ်

ဒေါက်တာဆာဆာထံသို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ နိုင်ငံခြားရေးဌာနမှ ပေးပို့သည့် စာတစ်စောင်သည် ဉက္ကဌကြီး ဗိုလ်ချုပ်ကြီးယွက်စစ်၏ ညွှန်ကြားချက် မဟုတ်ကြောင်း ကြားသိရသည်။

မတ်လ ၆ ရက် ၂၀၂၁ ခု ရက်စွဲပါ အဆိုပါ ပေးစာတွင် ကုလသမဂ္ဂဆိုင်ရာ  CRPH အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာ ထံသို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏နိုင်ငံခြားရေးဌာန လိုဂို၊ ဌာနမှူးယွက်မိန်း (ဖိလစ်) ၏  လက်မှတ်ဖြင့် ရေးသားပေးပို့ခြင်းဖြစ်သည်။

“ဉက္ကဌကြီးက သူ မညွှန်ကြားလိုက်ရဘူးတဲ့။ ဒီစာနဲ့ပတ်သက်ပြီးတော့လဲ မသိရဘူးတဲ့။ အဲ့ဒီ့လောက် အရေးကြီး တဲ့ လုပ်ရပ် လုပ်ဆောင်မယ်ဆိုရင် ဗဟိုဆုံးဖြတ်ချက်ရယူရမယ်။  CRPH နဲ့ ပတ်သက်ပြီး  PPST နဲ့လဲ ထပ် မဆွေးနွေးရသေးဘူး”-  ဟု ဉက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဉီးကအတည်ပြုသည်။

ထို့ကြောင့်အဆိုပါစာသည် ၁- အတုဖြစ်နိုင်သကဲ့သို့ ၊ ၂- ၄င်း၏ပုဂ္ဂိုလ်ရေးအနေဖြင့်သာ ရေးသားပေးပို့ခြင်းဖြစ်နိုင်ကြောင်း ၊ ထို့ကြောင့်၄င်းနှင့် ပတ်သက်ပြီးအဆင့်ဆင့် စီစစ်မှုပြုလုပ်နေကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

၄င်းနှင့်ပတ်သက်ပြီး RCSS ပြောရေးဆိုခွင့်ရှိသူထံရော ၊ RCSS ၏ နိုင်ငံခြားရေးဌာနမှူးထံပါ သျှမ်းသံတော်ဆင့်က ကြိုးစားဆက်သွယ်သော်လည်းဖုန်းပိတ်ထားသဖြင့် ဆက်သယ်မရပါ။

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝန်ထမ်းများအား ထောက်ခံသည့်အကြောင်း RCSS ပါဝင်ထားသည့် PPST ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဉီးဆောင်အဖွဲ့ က  ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ကြေငြာချက်၁ စောင်ထုတ်ပြန်သာ ခဲ့ဖူးသည်။ CRPH နှင့်ပတ်သက်ပြီး ထုတ်ပြန်ကြေငြာချက် တစ်စုံတရာမရှိခဲ့သေးပေ။

မကြာခင်ရက်ပိုင်းအတွင်း အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များ PPST အနေဖြင့် တွေ့ဆုံဆွေးနွေးပါက CRPH နှင့် စပ်ဆိုင်သည့် ကိစ္စရပ်များ ဆွေးနွေးဆုံးဖြတ်ဖွယ်ရှိကြောင်း ကြားသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

မူကြမ်းကို ကျော်လွန်၍ – စစ်မှန်သောညီညွတ်ရေးကို သင်ယူရမည့် ဗမာခေါင်းဆောင်ပိုင်း

0
မကြာသေးမီက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်း၊ မကွေး အပါအဝင် တိုင်းဒေသကြီး အကောင်အထည် ဖော်ရေး ကောင်စီများက “ဘုံနိုင်ငံရေး သဘောတူညီချက်” (CPA) ကို ထုတ်ပြန်ကြေညာခဲ့ခြင်း သည်...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...