Thursday, January 29, 2026

RCSS/SSA

RCSSနှင့် CRPH တွေ့ဆုံမှုအပြီး မိုင်းနောင်မြို့နယ် RCSS နှင့် တပ်မတော်တိုက်ပွဲဖြစ်

RCSS/SSA နှင့် CRPH အလွတ်သဘောတွေ့ဆုံပြီးနောက် ယမန်နေ့ (မတ် ၉ )ရက် ညနေ ၄နာရီကျော်မှာ RCSS/SSAနှင့် မြန်မာ့တပ်မတော်တို့ သည် သျှမ်းတောင် မိုင်းနောင်မြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မတ် (၉ )ရက်တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA)...

နမ္မတူ တိုက်ပွဲအတွင်း အမျိုးသမီးတဦးသေ၊ တဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲကြောင့် အမျိုးသမီး တဦးသေဆုံးပြီး၊ တဦး ဒဏ်ရာရရှိကြောင်းသိရသည်။ နမ္မတူမြို့နယ် မန်စံကျေးရွာ အနီးတွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ ဖြစ်သည့် SSPP/SSA နှင့် TNLA ပူးပေါင်း တပ် နှင့် RCSS/SSAတို့ တိုက်ပွဲ ယနေ့ အချိန်ထိ ဖြစ်ပွားနေကြောင့် ဒေသခံများပြောပြချက်...

နမ္မတူမြို့နယ် အတွင်း တိုက်ပွဲပြင်းထန် အရပ်သားနေအိမ်ကျည်ထိ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာ အနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၂၅)ရက် မနက် ၁၀နာရီခွဲမှ စတင်ကာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ပြင်းထန်စွာပြီး အရပ်သားနေအိမ်ကျည်ထိမှန်မှုရှိကြောင်း သတင်းရရှိသည်။ နမ္မတူမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ဖြစ်သည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်...

လူထုဆန္ဒပြပွဲတွင် လက်နက်ဖြင့်ပါဝင်လျှင် စစ်အာဏာရှင် အကွက်ထဲကျမည်ကို RCSS စိုးရိမ်

သျှမ်းပြည်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများနှင့်အတူ လက်နက်ဖြင့် တိုက်ရိုက်မပါသော်လည်း လူထုနှင့်အတူ အပြည့်အဝ ရပ်တည်သွားမည်ဖြစ်ကြော RCSS/SSA ကပြောကြားလိုက်သည်။ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ စစ်တပ်မှ နိုင်ငံတော်၏ အာဏကိုသိမ်းယူလိုက်ပြီးနောက် မြန်မာပြည်တဝှမ်းလုံးတွင် ယနေ့ထိတိုင် စစ်အာဏာရှင် ကျဆုံးရေးအတွက် အရှိန်မြင့် ဆန့်ကျင်မှုများပြု လုပ်လာကြသည်။ RCSS ပြောခွင့်ရ...

သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိ

သျှမ်းပြည် မြောက်ပိုင်းတွင်ရှိ မြို့နယ် ၃ ခုတွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် လက်ရှိအချိန်ထိ စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်ရှိလာကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းမြောက်ပိုင်း ကျောက်မဲမြို့၊နယ် နမ္မတူမြို့ နယ် နှင့် သီပေါမြို့နယ် တို့တွင် TNLA ၊SSPP/SSA နှင့် အစိုးရ တပ်မတော် စစ်တပ်တို့...

နမ္မတူ တွင် RCSS/SSA နှင့် TNLA တိုက်ပွဲပြင်းထန်၊ ပြည်သူ ၂၀၀ကျော် ထွက်ပြေးတိမ်ရှောင်နေ

သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် RCSS/SSA နှင့် TNLA တို့ တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံ ၂၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။ ဖေဖော်ဝါရီ ၁၄ရက်တွင် RCSS/SSA နှင့် TNLA တို့ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် မန်ဝါကျေးရွာ ဒေသခံများသည် နမ္မတူမြို့ ပုဗ္ဗာရုံတွင် ၅၀ ကျော် နှင့်...

ကျောက်မဲမြို့နယ် လက်နက်ကြီးကျ ကိုယ်ဝန်ဆောင်တဦး၊ အမျိုးသားတဦးသေ

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ကလောဝိုင်းကျေးရွာတွင် လက်နက်ကြီး တလုံး ကျကာ ကိုယ်ဝန်ဆောင် အမျိုးသမီး တဦး နှင့် အမျိုးသား တဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၅)ရက် နေ့လည်ပိုင်းတွင် တော့ဆန်းကျေးရွာအုပ်စု အနီးတစ်ဝိုက်တွင် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းဖြစ်သည့် သျှမ်းပြည်...

သီပေါမြို့နယ် RCSS နှင့် အစိုးရတပ် ရက်ဆက်တိုက်ပွဲဖြစ်

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် အစိုးရတပ် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်မှုဖြစ်ပွားနေကြောင်းစုံစမ်းသိရသည်။ သီပေါမြို့နယ် မိုင်းတုံကျေးရွာအုပ်စု ပန်ခါးကျေးရွာ အနီးတွင် RCSS/SSA နှင့် အစိုးရတပ် တို့သည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၁)ရက်တွင် တိုက်ပွဲပြင်းထန်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ တပ်သား ၂ဦး...

RCSS/SSA နှင့် တပ်မတော် သီပေါမြို့နယ် တွင် ၂ရက် တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)နှင့် တပ်မတော်တို့သည် ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ RCSS/SSA နှင့် တပ်မတော်သည် ဖေဖော်ဝါရီ (၉ )ရက် နေ့လည်ပိုင်း တွင် သီပေါမြို့နယ် မိုင်းတုံကျေးရွာ အုပ်စု ခိုင်းဆင်ကျေးရွာ တွင် တကြိမ်၊ ယနေ့ ဖေဖော်ဝါရီ (၁၀)ရက်...

အရပ်သားအစိုးရထံ တပ်အာဏာသိမ်းယူခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်ဟု RCSS ပြော

ဒီမိုကရေစီ အရပ်သားအစိုးရထံ တပ်မတော် က အာဏာသိမ်းယူခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်သွား နိုင်ကြောင်း RCSS/SSA က ထုတ်ပြန်ကြေညာလိုက်သည်။ ယနေ့ (ဖေဖော်ဝါရီ ၁)ရက် မနက်ပိုင်းတွင် မြန်မာ့တပ်မတော်က ဒီမိုကရေစီ အရပ်သားအစိုးရထံ မှ အာဏာသိမ်းယူပြီး အရေးပေါ် အခြေအနေ ကြေညာလိုက်ခြင်းသည် ယုံကြည်မှု တည်ဆောက်ခြင်းနှင့်...

Latest news