နမ္မတူ တွင် RCSS/SSA နှင့် TNLA တိုက်ပွဲပြင်းထန်၊ ပြည်သူ ၂၀၀ကျော် ထွက်ပြေးတိမ်ရှောင်နေ

သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် RCSS/SSA နှင့် TNLA တို့ တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံ ၂၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

ဖေဖော်ဝါရီ ၁၄ရက်တွင် RCSS/SSA နှင့် TNLA တို့ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် မန်ဝါကျေးရွာ ဒေသခံများသည် နမ္မတူမြို့ ပုဗ္ဗာရုံတွင် ၅၀ ကျော် နှင့် မန်းစံ ဘုန်းကြီးကျောင်းတွင် ၁၅၀ ကျော် ရောက်ရှိနေကြောင်းသိရသည်။

“ အခုက ပုဗ္ဗာရုံမှာ လာနေတာက ၅၅ ယောက်ရှိတယ်။ မန်းစံဘုန်းကြီးကျောင်းက ၁၅၅ ရှိတယ်။ စားဖို့သောက်ဖို့ကတော့ စိတ်မပူရဘူး” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် လုံးပဉာဏ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

RCSS/SSA နှင့် TNLA တိုက်ပွဲကြောင့် နမ္မတူမြို့နယ် ပိန်လုံကျေးရွာသား အသက် ၃၃နှစ်အရွယ် တဦး ၏ တင်ပါးတွင် ကျည်ထိမှန်ခဲ့ကြောင်းလည်း လူမှုကူညီရေးအသင်းမှ စုံစမ်းသိရသည်။

RCSS/SSA နှင့် TNLA တို့သည် နှစ်ဖက် အပစ်ခတ်ရပ်ဆဲရေးကြောညာထားသော စစ်တပ်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

ကွတ်ခိုင်တွင် TNLA နှင့် MNDAA စစ်ရေးတင်းမာမှု ဆက်ရှိနေ၊ ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA နှင့် MNDAA ပူးတွဲထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် နှစ်ဘက်တပ်ဖွဲ့ကြား မဟာမိတ်အချင်းချင်း စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး မတ်လ (၂)...

TNLA နှင့် MNDAA တပ်ပြဿနာကို လူထုအပေါ် ဦးတည်တိုက်ခိုက်မှု မပြုလုပ်ရန် တအာင်းအရပ်ဖက်အဖွဲ့များ တောင်းဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့နှင့် သိန္နီမြို့နယ်တို့တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA မဟာမိတ်တပ်ဖွဲ့ချင်း ပြဿနာကို လူထုအပေါ် ဦးတည်တိုက်ခိုက်မှု မပြုလုပ်ရန် တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများမှ တောင်းဆိုလိုက်သည်။ ဖေဖော်ဝါရီလ ၁၃ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နှင့် သိန္နီမြို့နယ်တွင် တစ်ပတ်ကျော်ကြာ ဖြစ်ပွားနေသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...