Tuesday, April 23, 2024

နမ္မတူ တွင် RCSS/SSA နှင့် TNLA တိုက်ပွဲပြင်းထန်၊ ပြည်သူ ၂၀၀ကျော် ထွက်ပြေးတိမ်ရှောင်နေ

Must read

သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် RCSS/SSA နှင့် TNLA တို့ တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံ ၂၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

ဖေဖော်ဝါရီ ၁၄ရက်တွင် RCSS/SSA နှင့် TNLA တို့ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် မန်ဝါကျေးရွာ ဒေသခံများသည် နမ္မတူမြို့ ပုဗ္ဗာရုံတွင် ၅၀ ကျော် နှင့် မန်းစံ ဘုန်းကြီးကျောင်းတွင် ၁၅၀ ကျော် ရောက်ရှိနေကြောင်းသိရသည်။

“ အခုက ပုဗ္ဗာရုံမှာ လာနေတာက ၅၅ ယောက်ရှိတယ်။ မန်းစံဘုန်းကြီးကျောင်းက ၁၅၅ ရှိတယ်။ စားဖို့သောက်ဖို့ကတော့ စိတ်မပူရဘူး” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် လုံးပဉာဏ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

RCSS/SSA နှင့် TNLA တိုက်ပွဲကြောင့် နမ္မတူမြို့နယ် ပိန်လုံကျေးရွာသား အသက် ၃၃နှစ်အရွယ် တဦး ၏ တင်ပါးတွင် ကျည်ထိမှန်ခဲ့ကြောင်းလည်း လူမှုကူညီရေးအသင်းမှ စုံစမ်းသိရသည်။

RCSS/SSA နှင့် TNLA တို့သည် နှစ်ဖက် အပစ်ခတ်ရပ်ဆဲရေးကြောညာထားသော စစ်တပ်ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article