နမ္မတူမြို့နယ် အတွင်း တိုက်ပွဲပြင်းထန် အရပ်သားနေအိမ်ကျည်ထိ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာ အနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၂၅)ရက် မနက် ၁၀နာရီခွဲမှ စတင်ကာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ပြင်းထန်စွာပြီး အရပ်သားနေအိမ်ကျည်ထိမှန်မှုရှိကြောင်း သတင်းရရှိသည်။

နမ္မတူမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ဖြစ်သည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ပူးပေါင်းကာ တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

“ တိုက်ပွဲက တော့ မန်စံရဲ့ အနီးပတ်ဝန်းကျင်တွေမှာ ဖြစ်နေတယ်။ မနက် ၁၀နာရီခွဲကနေ အခုချိန်ထိ ဖြစ်နေသေးတယ်။ တိုက်ပွဲတွေက ပြင်းထန်နေတယ်” ဟု မန်စံ ဒေသခံ အမျိုးသားတဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် မန်စံကျေးရွာ နှင့် နီးနေသဖြင့် ဒေသခံ နှင့် စစ်ဘေးရှောင်များ၏ လုံခြုံရေးလည်း စိုးရိမ်နေရကြောင်း ၎င်း အမျိုးသားက ပြောသည်။

ယမန်(ဖေဖော်ဝါရီ ၂၄)ရက် ည ၈နာရီခွဲဝန်းကျင်တွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် မန်စံကျေးရွာရှိ နေအိမ်တလုံးပေါ် လက်နက်ကြီးကျခဲ့ပြီး နေအိမ် ပျက်စီးခဲ့ရကြောင်း၊ လူထိခိုက်မှုမရှိကြောင်းလည်း မန်စံ ဒေသခံများ ပြောပြချက် အရသိရသည်။

“ မနေ့က ည လက်နက်ကြီး တလုံးနေအိမ်ထိတယ်။ အိမ်တော့ပျက်စီးတယ်။ လူတော့မထိဘူး။ ရွာထဲထိ ရောက်တော့ ကျနော်တို့လည်း ကြောက်နေရ စိုးရိမ်နေရတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသားတဦးက ပြောသည်။

ထိုတိုက်ပွဲပြင်းထန်မှုကြောင့် ဘေးအကာမရှိသည့် စစ်ဘေးရှောင်များအတွက် စိုးရိမ်ရသဖြင့် ညတွင်းချင်း နေရာအပြောင်းအရွှေ့ပြုလုပ်ခဲ့ရကြောင်းလည်း စစ်ရှောင်ကူညီသူက ဆိုသည်။

“ ဘေး အကာတွေ မရှိတဲ့ စစ်ရှောင်အမျိုးသမီးတွေ ကလေးတွေနေတဲ့ နေရာကို မနေ့ည ကချက်ချင်း ပြောင်းရွှေ့ပေးရတာတွေရှိတယ်။ လက်နက်ကြီး၊ ကျည်ကျရင် အုတ်အခံမရှိတော့ ချက်ချင်းထိနိုင်တယ်လေ။ ဒါကြောင့် မနေ့ညက သူတို့ကို ဘုန်းကြီးကျောင်းဆောင်ထဲ တန်းပို့လိုက်ရတယ်” လို့ စစ်ရှောင်ကူညီပေးနေသည့် သူက ထပ်လောင်းပြောသည်။

လက်ရှိမှာ နမ္မတူမြို့နယ် မန်စံအတွင်းတွင် စစ်ရှောင် ၄၀၀ကျော်ရှိပြီး၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပါက စစ်ရှောင်များနေထိုင်သည့် မန်စံလည်း အန္တရာယ်ရှိနိုင်ကြောင်းသိရသည်။

ထို့ကြောင့် တိုက်ပွဲဖြစ်ပွားသည့် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တွေ့ဆုံဆွေးနွေးပေးရန် လည်း နမ္မတူ ပြည်သူများက တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...