ဖမ်းဆီးခံရသည့် RCSS တပ်သားများကို SSPP မှ ပြန်လွှတ်ပေး

သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) မှ ဖမ်းဆီးထိန်းသိမ်းထားသော RCSS/SSA တပ်သား ၉ ဦးကို နေရပ်သို့ ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသော RCSS/SSA ၏တပ်သား ၉ ဦးကို SSPP/SSA က မတ်လ (၂၁ )ရက်နေ့က ပြန်လွှတ်ပေး ခဲ့ကြောင်း သိရသည်။

“ ကျနော်တို့ကို ပြောနေကြသလိုမျိုး – စစ်ရှုံးတပ်သားတွေကို သတ်ပစ်တယ်ဆိုတာ မဟုတ်ဘူး။ SSPP/SSA ကနေပြီးတော့ ဒီလိုလုပ်ရပ်မျိုးကို မလုပ်ဘူးဆိုတာကို သိစေချင်လို့၊ ပြည်သူတွေ ဒါကို နားလည်စေချင်လို့ ကျနော်တို့ ရည်ရွယ်ပြီးတော့ ဒီအခမ်းအနားကို ပြုလုပ်ရတာဖြစ်ပါတယ်။

SSPP/SSA မှာ လူသတ်တဲ့ ပေါ်လစီ မရှိဘူး။” ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆု က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုဖမ်းဆီးခံခဲ့ရသော RCSS/SSA တပ်သား ၉ ဦးသည် တိုက်ပွဲမှ ဒဏ်ရာရရှိခဲ့သဖြင့် SSPP/SSA မှ ဆေးဝါးကု သပေးပြီး ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“ကျနော်တို့ကိုဆေးကုပေးတာ။ စစရောက်တုန်းကတော့ကြောက်တာပေါ့ ။ ကျနော်တို့ကို တစ်ခုခုလုပ်မှာလဲကြောက်တယ်။ဒါကလည်း ကျနော့ရဲ့ ပထမဆုံးတိုက်ပွဲဘဲ။ ဒီလိုမျိုးကြုံတွေ့ရ‌တော့ ကြောက်တာပေါ့” ဟု ဖမ်းဆီးခံရသူ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသော တပ်သား ၉ ဦးသည် SSPP နှင့်တိုက်ပွဲဖြစ်ပွါးနေစဉ်က မိမိတို့ အဖွဲ့ခေါင်းဆောင်က တပ်မဆုတ်ချင်သဖြင့်မိမိတို့အား သေနတ်ဖြင့်ပြန်လည်ပစ်ခတ်မှုကြောင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဖမ်းဆီးခံရသော တပ်သား ၉ ဦးသည် ၎င်းတို့၏ နေရပ်ကိုသာပြန်မည် ဟုလည်း ပြောဆိုနေကြသည်။

“ ကျနော်တို့ကတော့ ကိုယ့်အိမ်ကိုပြန်မယ်။ တစ်ချို့ကတော့ တစ်ခြားမြို့ကို သွားပြီး အလုပ်သွားလုပ်မယ်။ ကိုယ့်ဘဝကို လွတ်လွတ်လပ်လပ်နဲ့ပဲ ဖြတ်သန်းချင်တော့တယ်။” ဟု ပြန်လည်လွှတ်မြောက်သည့် တပ်သား တစ်ဦးကပြောသည်။

SSPP/SSA နှင့် RCSS/SSA တို့သည် ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်း က သီပေါမြို့နယ် နားမခေါ်အုပ်စု ကိတ်ဖွန်ရွာဘက်တွင် တိုက်ပွဲဖြစ်ပွားစဉ် RCSS/SSA တပ်ဖွဲ့ဝင် ၉ ဦးတိုက်ပွဲတွင်ကျဆုံးခဲ့ပြီး ဒဏ်ရာရသည့်တပ်သား ၉ ဦးကို SSPP/SSA ကဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိမှုတွင် RCSS တပ်သားများအားလုံးကို SSPP က သတ်ဖြတ်လိုက်သည် ဟု လူမှုကွန်ရက်တွင် သတင်းများပျံ့နှံ့ခဲ့ပြီး R.I.P 18 အနက်ရောင် ပရိုဖိုင်းများ ဖေ့စ်ဘုသုံးစွဲသူ သျှမ်းလူငယ်များအကြား ပျံ့နှံ့သွားခဲ့ပါသည်။

လက်ရှိတွင် အဆိုပါအဖမ်းခံရစစ်သည်များအား SSPP က ပြန်လည်လွှတ်ပေးသည့်အခမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...