လူထုဆန္ဒပြပွဲတွင် လက်နက်ဖြင့်ပါဝင်လျှင် စစ်အာဏာရှင် အကွက်ထဲကျမည်ကို RCSS စိုးရိမ်

သျှမ်းပြည်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများနှင့်အတူ လက်နက်ဖြင့် တိုက်ရိုက်မပါသော်လည်း လူထုနှင့်အတူ အပြည့်အဝ ရပ်တည်သွားမည်ဖြစ်ကြော RCSS/SSA ကပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ စစ်တပ်မှ နိုင်ငံတော်၏ အာဏကိုသိမ်းယူလိုက်ပြီးနောက် မြန်မာပြည်တဝှမ်းလုံးတွင် ယနေ့ထိတိုင် စစ်အာဏာရှင် ကျဆုံးရေးအတွက် အရှိန်မြင့် ဆန့်ကျင်မှုများပြု လုပ်လာကြသည်။

RCSS ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံ က – “ခုလက်ရှိ ပြည်သူတွေ ဆန္ဒပြနေတာက ဘာလက်နက်မှ မရှိဘူး။ ဒါကို ကမ္ဘာတွေက စောင့်ကြည်နေ တယ်။ ဒီလို အခြေနေမှာ ကျနော်တို့ လက်နက်ကိုင် ဝင်ရောက်စွက်ဖက်ရင် စစ်တပ်ရဲ့ လှည့်ကွက်ထဲ ဝင်သွားမှာ စိုးရိမ်ရလို့ပါ။ ဒါတွေကို ပြည်သူတွေ နားလည်စေချင်ပါတယ်” – ဟု ဗိုလ်မှူး ခမ်းစံ ကပြောပါတယ်။

သို့သော် စစ်အာဏာရှင်ဆန့်ကျင်သည့် လက်နက်မဲ့ပြည်သူ များကို စစ်ကောင်စီ က အကြမ်းဖက်ဖြိုခွဲခြင်း၊ သေနတ်ပစ်ခတ်ခြင်းတို့ပြုလုပ်ကာ သေဆုံးမှုများလည်း ရှိလာသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှလည်း ဖေဖော်ဝါရီ (၁) ရက်နေ့က စစ်တပ်အာဏာသိမ်းခြင်းနှင့် ပတ်သက်ပြီး ကန့်ကွက်ရှု တ်ချကြောင်း နှင့် ပြည်သူဘက်မှ အကူအညီလိုအပ်လျှင် တောင်းဆိုနိုင်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

“ပြည်သူတွေ ကာကွယ်ဖို့အတွက် ကျနော်တို့ဘက်လည်း တရားဝင်ပြောထားတာရှိတယ်။ ဒါပေမယ့် ဆန္ဒပြတဲ့နေရာမှာ ကျနော်တို့ လိုက်ပြီး အကာအကွယ်ပေးရင် သူတို့ရဲ့ လှည့်ကွက်ထဲ ဝင်သွားနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ လက်နက်ကိုင်တွေ ဝင်ရှုပ်လို့ တပ်မတော်ဝင်ဖြေရှင်းရတယ်ဆိုပြီး ဖြစ်လာမယ်။ ဒါဆိုရင် ပြည်သူတွေပါ ထိခိုက်ကုန်မယ်။ သတိထားနေရတယ်။ အခြေအနေက ” – ဟု RCSS/SSA ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့ တွင် ဒေသခံများ စစ်အာဏာဆန့်ကျင်ဆန္ဒပြအချိန်တွင် ရဲတပ်ဖွဲ့ နှင့် တပ်မတော်က အဟန့်အတားများပြုလုပ်မှုကြောင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် (KNU) မှလုံခြုံရေး လိုက်ပါ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

RCSS/SSA အဖွဲ့သည် အရပ်သားအစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် လက်မှတ်ရေးထိုး ထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

လက်ရှိ တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မသိမ်းယူလိုက်မှုကြောင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ကလည်း စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...
After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။