RCSSနှင့် CRPH တွေ့ဆုံမှုအပြီး မိုင်းနောင်မြို့နယ် RCSS နှင့် တပ်မတော်တိုက်ပွဲဖြစ်

RCSS/SSA နှင့် CRPH အလွတ်သဘောတွေ့ဆုံပြီးနောက် ယမန်နေ့ (မတ် ၉ )ရက် ညနေ ၄နာရီကျော်မှာ RCSS/SSAနှင့် မြန်မာ့တပ်မတော်တို့ သည် သျှမ်းတောင် မိုင်းနောင်မြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မတ် (၉ )ရက်တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) တို့ Online Video Conferencing အနေဖြင့် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ထိုတွေ့ဆုံမှုနောက်ပိုင်းမှာ RCSS/SSAနှင့် မြန်မာ့တပ်မတော်တို့ တို့သည် သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ် ဟိုတတ်ကျေးရွာအတွင်း တိုက်ပွဲ တနာရီကြာဖြစ်ပွားခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ နှစ်ဖက် ထိခိုက်သေဆုံးကတော့ မသိရသေးဘူး။ ကျနော်တို့ RCSS/SSA နဲ့ CRPH တွေ့ဆုံပြီးနောက်မှာ တိုက်ပွဲက ဖြစ်တာပဲ။ ဒါကြောင့် တိုက်ပွဲဖြစ်နိုင်သလို နောက်တခုက ရှမ်းတပ် (၂)တပ်သဘောထားကွဲလွဲအောင် လုပ်နေတာလည်းဖြစ်နိုင်တယ်” ဟု ဗိုလ်မှူးခမ်းစံက ပြောသည်။

RCSS နှင့် CRPHတွေ့ဆုံမှုနှင့် Tai Freedom လူမှုကွန်ရက်စာမျက်နှာတွင် တင်လိုက်ပြီးနောက် မြန်မာတပ်မတော်က RCSS/SSAကို တမြင်ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည် ဟုယူဆနိုင်ကြောင်း၊ ထို့ပြင် လက်ရှိ တိုက်ပွဲနေရာသည် ရှမ်းတပ် (၂)တပ် သဘောထားကွဲလွဲအောင်ပြုလုပ်နေသည့် သဘောလည်း ဖြစ်နိုင်ကြောင်း ဗိုလ်မှူးခမ်းစံ က ပြောသည်။

ယခု တိုက်ပွဲသည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် (RCSS/SSA) တို့ တည်ရှိရာ နေရာမှာ ဖြစ်ပွားခဲ့သည်။

ထိုနည်းတူ CRPHနှင့် ကရင်အမျိုးသားအဖွဲ့အစည်း (KNU)တို့သည်လည်း အလွတ်သဘောတွေ့ဆုံခဲ့ကြပြီး၊ ထိုတွေ့ဆုံမှုအပြီး KNU ကို မြန်မာ့တပ်မတော်က လိုက်လံတိုက်ခိုက်နေကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ ( CRPH) သည် စစ်တပ်မှ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ၂၀၂၀ ပြည် ရွေးကောက်ပွဲတွင် အနိုင်ရပါတီ ဖြစ်သည့် NLD ပါတီ မှဦးဆောင် ဖွဲ့စည်းထာသည့် ကော်မတီဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စေ့စပ်ဆွေးနွေးရေး ဖြစ်လာခဲ့ရင် NUG ကျန်နေခဲ့မှာလား

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ယူနီဖောင်းချွတ် အစိုးရအသွင်ပြောင်းရန် စစ်ကော်မရှင်ဘက်က လုပ်ဆောင်နေစဉ် တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ (၃၀) ရက်တွင် NUG မှ ထုတ်ပြန်ကြေညာခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...