နမ္မတူမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲ ပြင်းထန်နေဆဲ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု အနီး တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

နမ္မတူမြို့နယ်အတွင်း RCSS/SSA နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဖြစ်သည့် TNLA ၊ SSPP/SSA တို့သည် ၂၀၂၀ ခုနစ် ဒီဇင်ဘာ လဆန်းပိုင်း မှ စကာ ယနေ့ မနက်ထိတိုင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း မန်စံကျေးရွာတွင် နေထိုင်သူများက ပြောသည်။

ယမန်နေ့ (မတ် ၁၁)ရက် ညနေ ၄နာရီမှ စပြီး RCSS/SSAနှင့်မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ တို့တိုက်ပွဲဖြစ်ပွားသဖြင့် မန်စံကျေးရွာ အနီး လက်နက်ကြီးကျကြောင်း၊ လူထိခိုက်မှုမရှိသော်လည်း မန်စံကျေးရွာတွင်နေထိုင်သူများက စိုးရိမ်စိတ်ဖြင့် တညလုံး အိပ်မပျော်ခဲ့ကြောင်းလည်း မန်စံဒေသခံ အသက် ၅၀ကျော် အမျိုးသား တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ညနေ ၄နာရီက စလက်နက်ကြီး ၄၊ ၅လုံးလောက်ပစ်တယ်။ ကျတယ်။ ည ၁၁နာရီထိ သေနတ်သံတွေ က ဆက်တိုက်ပဲ။ ညဆိုတော့ အိမ်ပေါ်ကျမှာလည်း စိုးရိမ်တာပေါ့။ မန်စံကျေးရွာက အိမ်တချို့ လက်နက်ကြီး ကျတာ ခံရတယ်လေ” ဟု ၎င်း အမျိုးသား က ဆိုသည်။

ယမန်နေ့ ဖြစ်ပွားသည့် တိုင်းရင်းသားအချင်းချင်း တိုက်ပွဲကြောင့် လက်နက်ထိမှန်သည့် အရပ်သားမရှိကြောင်း မန်စံဒေသခံများက ပြောသည်။

“ မနေ့က ညနေ ၄နာရီကနေစဖြစ်တာ။ ဒီနေ့ ထပ်ဖြစ်တယ်။ အခုဖြစ်နေတဲ့နေရာက ၄၊ ၅ နေရာဖြစ်နေတယ်။ တိကျပြောဖို့ခက်တယ်။ ထိခိုက်မှုက မသိရသေးဘူး။ ဖြစ်တာက တိုက်ပွဲပြင်းထန်က မန်စံဘက်မှာပါ” ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုင်းရင်းသားအချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲသည် လရှည်ကြာလာသော်လည်း လက်ရှိ အချိန်ထိ ၂ဖက် တပ် သည် တိုက်ပွဲနှင့် ပတ်သက်ပြီးဆွေးနွေးတိုင်ပင်မှု မရှိကြသေးကြောင်း နှစ်ဖက်တပ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ တွေ တိုက်ပွဲ ကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းတာမရှိသေးဘူး” ဟု RCSS/SSA မှ ဗိုလ်မှူးခမ်းစံ က ပြောသည်။

ထိုနည်းတူ TNLA ဘက်မှလည်း ဗိုလ်မှူး တာအိုက်ကျော် က “ မနေ့ကတော့ တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ ညှိနှိုင်းမှုကတော့ ကျနော်တို့ ဘက်မှာတွေ့ဆုံဖို့က အဆင်သင့်ပါပဲ။ လက်ရှိတော့ ကျနော်တို့ ၂ဖက် ပြောဆိုတာတွေ မရှိသေးပါဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုင်းရင်းသားအချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဖေဖော်ဝါရီလ တွင် အရပ်သားကိုယ်ဝန်သည် အမျိုးသမီး တဦး နှင့် အမျိုးသားတဦးသေဆုံးခဲ့ကာ မတ်လ အတွင်းမှာ ကျည်စထိမှန်သည့်အမျိုးသမီး ၃ဦးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...