Tuesday, January 27, 2026

သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိ

သျှမ်းပြည် မြောက်ပိုင်းတွင်ရှိ မြို့နယ် ၃ ခုတွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် လက်ရှိအချိန်ထိ စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်ရှိလာကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းမြောက်ပိုင်း ကျောက်မဲမြို့၊နယ် နမ္မတူမြို့ နယ် နှင့် သီပေါမြို့နယ် တို့တွင် TNLA ၊SSPP/SSA နှင့် အစိုးရ တပ်မတော် စစ်တပ်တို့ အပါဝင် RCSS/SSA တို့နှင့် တိုက်ပွဲဖြစ်နေသောကြောင့် စစ်ဘေးရှောင်းနေရကြောင်းသိရသည်။

“ အခုက ကျတော်တို့ နမ္မတူမြို့ မန်းဟောင်းစံကျောင်း နဲ့ ပုဗ္ဗာရုံ တို နှစ်နေရာပေါင်းရင်တော့ လူ ၃၄၀ လောက်ရှိတယ်” ဟု စစ်ဘေးရှောင်ကူညီသူ လုံးဘဉာဏ်ကပြောသည်။

လက်ရှိအချိန်တွင် ပုဗ္ဗာရုံကျောင်း တွင်လာရောက်နေထိုင်သည့် စစ်ဘေးရှောင်များအတွက် စားဝတ်နေရေး အခက်အခဲများစွာရှိနေကြောင်းသိရသည်။

Photo by Ei Thae Han

“ အခု ပုဗ္ဗာရုံမှာက အကူညီတွေ အများကြီး လိုအပ်နေပါတယ်။ အခုက ဆန်အိတ် ၇ အိတ်ပဲကျန်တယ်။ တရက်ကို ၁ အိတ်လောက်ချက်ရတယ်။ ကြက်သွန်၊ ဆား၊ တွေ စသဖြင့်တော့ အခက်ခဲရှိလာပြီ” ဟု လုံးဘဉာဏ်က ပြောသည်။

မန်းစံကျောင်းတွင် စစ်ဘေးရှောင် ဖြင့်ရောက်လာသူ (၂၃၆) ယောက်ရှိပြီး၊ ပုဗ္ဗာရုံကျောင်းတွင် (၁၇၁) ဦးရောက်ရှိလာကြောင်းသိရသည်။

သီပေါမြို့နယ်တွင်လည်း စစ်ဘေးရှောင်လာသူ ၂၀၀ ကျော်ရှိကြောင်း သိရသည်။

Photo Ei Thae Han

“ ကျမတို့ သီပေါမှာတော့ စစ်ဘေးရှောင်လာတာကလောဆယ် ၁၄၇ ဦးရှိတယ်။ ဆက်တိုက်လာနေသေးတယ်” ဟု သီပေါမြို့တွင် ကူညီနေသည့်သူကပြောသည်။

ထိုနည်းတူ ကျောက်မဲမြို့နယ် တွင်လည်း စစ်ဘေးရှောင် ၅၀၀ကျော် ရှိနေကြောင်းလည်း စစ်ဘေးရှောင်ကူညီနေသူများ ကပြောသည်။

“ တိုက်ပွဲတွေဆက်တိုက်ဖြစ်တော့ စစ်ရှောင်တွေလည်း ထွက်လာတယ်။ ဒီနေ့ညနေထိထွက်လာတုန်းပဲ။ ဒီကစစ်ရှောင်အများစုက အသက်ကြီးတဲ့သူတွေပါ။ ဆေးတွေ အနွေးထည်တွေ၊ အိပ်ယာအခင်းတွေ စားစရာတွေလိုတယ်” ဟု ကျောက်မဲစစ်ဘေးရှောင်ကူညီနေသည့် သူများကပြောသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း RCSS/SSA နှင့် SSPP/SSA တို့က စစ်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ စစ်ဘေးရှောင်သူများ ၁၀၀ ကျော်ရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။