သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိ

သျှမ်းပြည် မြောက်ပိုင်းတွင်ရှိ မြို့နယ် ၃ ခုတွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် လက်ရှိအချိန်ထိ စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်ရှိလာကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းမြောက်ပိုင်း ကျောက်မဲမြို့၊နယ် နမ္မတူမြို့ နယ် နှင့် သီပေါမြို့နယ် တို့တွင် TNLA ၊SSPP/SSA နှင့် အစိုးရ တပ်မတော် စစ်တပ်တို့ အပါဝင် RCSS/SSA တို့နှင့် တိုက်ပွဲဖြစ်နေသောကြောင့် စစ်ဘေးရှောင်းနေရကြောင်းသိရသည်။

“ အခုက ကျတော်တို့ နမ္မတူမြို့ မန်းဟောင်းစံကျောင်း နဲ့ ပုဗ္ဗာရုံ တို နှစ်နေရာပေါင်းရင်တော့ လူ ၃၄၀ လောက်ရှိတယ်” ဟု စစ်ဘေးရှောင်ကူညီသူ လုံးဘဉာဏ်ကပြောသည်။

လက်ရှိအချိန်တွင် ပုဗ္ဗာရုံကျောင်း တွင်လာရောက်နေထိုင်သည့် စစ်ဘေးရှောင်များအတွက် စားဝတ်နေရေး အခက်အခဲများစွာရှိနေကြောင်းသိရသည်။

Photo by Ei Thae Han

“ အခု ပုဗ္ဗာရုံမှာက အကူညီတွေ အများကြီး လိုအပ်နေပါတယ်။ အခုက ဆန်အိတ် ၇ အိတ်ပဲကျန်တယ်။ တရက်ကို ၁ အိတ်လောက်ချက်ရတယ်။ ကြက်သွန်၊ ဆား၊ တွေ စသဖြင့်တော့ အခက်ခဲရှိလာပြီ” ဟု လုံးဘဉာဏ်က ပြောသည်။

မန်းစံကျောင်းတွင် စစ်ဘေးရှောင် ဖြင့်ရောက်လာသူ (၂၃၆) ယောက်ရှိပြီး၊ ပုဗ္ဗာရုံကျောင်းတွင် (၁၇၁) ဦးရောက်ရှိလာကြောင်းသိရသည်။

သီပေါမြို့နယ်တွင်လည်း စစ်ဘေးရှောင်လာသူ ၂၀၀ ကျော်ရှိကြောင်း သိရသည်။

Photo Ei Thae Han

“ ကျမတို့ သီပေါမှာတော့ စစ်ဘေးရှောင်လာတာကလောဆယ် ၁၄၇ ဦးရှိတယ်။ ဆက်တိုက်လာနေသေးတယ်” ဟု သီပေါမြို့တွင် ကူညီနေသည့်သူကပြောသည်။

ထိုနည်းတူ ကျောက်မဲမြို့နယ် တွင်လည်း စစ်ဘေးရှောင် ၅၀၀ကျော် ရှိနေကြောင်းလည်း စစ်ဘေးရှောင်ကူညီနေသူများ ကပြောသည်။

“ တိုက်ပွဲတွေဆက်တိုက်ဖြစ်တော့ စစ်ရှောင်တွေလည်း ထွက်လာတယ်။ ဒီနေ့ညနေထိထွက်လာတုန်းပဲ။ ဒီကစစ်ရှောင်အများစုက အသက်ကြီးတဲ့သူတွေပါ။ ဆေးတွေ အနွေးထည်တွေ၊ အိပ်ယာအခင်းတွေ စားစရာတွေလိုတယ်” ဟု ကျောက်မဲစစ်ဘေးရှောင်ကူညီနေသည့် သူများကပြောသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း RCSS/SSA နှင့် SSPP/SSA တို့က စစ်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ စစ်ဘေးရှောင်သူများ ၁၀၀ ကျော်ရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...