စစ်ဘေးရှောင်များ
သျှမ်းပြည်တောင်ပိုင်း စစ်ရှောင်များအတွက် သန္ဓေတားဆေး ပြတ်လပ်မှုဖြစ်လာနိုင်
သျှမ်းပြည်တောင်ပိုင်းအတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ဆေးဝါးပြတ်လပ်မှု စတင်ကြုံတွေ့နေရပြီး အမျိုးသမီးများအတွက်လည်း အရေးပေါ် သန္ဓေတားဆေး ပြတ်လပ်မှု ဖြစ်လာနိုင်ကြောင်း သတင်းရရှိသည်။ လက်ရှိ ဆေးဝါးပြတ်လပ်နေသည့် စစ်ဘေးရှောင်စခန်းများမှာ ဆီဆိုင်၊ အင်းလေးဒေသ နှင့် သျှမ်း-ကရင်နီ နယ်စပ်တကြော ဖြစ်သည်။ “ကျမတို့ဆီမှာက ဆေးဝါးတွေကတော့ စပြတ်နေပြီ၊ အမျိုးသမီးတွေ အတွက်ကတော့ သန္ဓေတားဆေး...
ညောင်ရွှေမြို့နယ်ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ရန်ပြောဆိုမှုပေါ် စိုးရိမ်နေကြ
သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်းရောက်ရှိနေသည့် ကရင်နီစစ်ဘေးရှောင်များကို မတ်လကုန်တွင် နေရပ်ပြန်ရန် ပြောဆိုနေကြသည့်အပေါ် စစ်ဘေးရှောင်များ စိုးရိမ်နေကြရကြောင်း သတင်းရရှိသည်။ ညောင်ရွှေမြို့သို့ရောက်ရှိနေသော ကရင်နီစစ်ဘေးရှောင်များကို လာမည့် ၂၀၂၅ မတ်လအတွင်း နေရပ် ပြန်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ သတိပေးပြောဆိုမှုရှိခဲ့ကြောင်းညောင်ရွှေမြို့ ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မတ်လမှာ ပြောင်းဖို့နေရပ်ပြန်ဖို့ တရားဝင်စာထွက်တာမျိုးတော့ မရှိသေးပါဘူး။ အထွေထွေအုပ်ချုပ်ရေးရုံးရဲ့...
သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိ
SHAN -
သျှမ်းပြည် မြောက်ပိုင်းတွင်ရှိ မြို့နယ် ၃ ခုတွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် လက်ရှိအချိန်ထိ စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်ရှိလာကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းမြောက်ပိုင်း ကျောက်မဲမြို့၊နယ် နမ္မတူမြို့ နယ် နှင့် သီပေါမြို့နယ် တို့တွင် TNLA ၊SSPP/SSA နှင့် အစိုးရ တပ်မတော် စစ်တပ်တို့...
မိုင်းကိုင်မြို့နယ် စစ်ရှောင်များ နေရပ်ပြန်
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်း စစ်ဘေးရှောင်များ မိမိနေရပ်သို့ပြန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ရှောင်များသည် ဖေဖော်ဝါရီ ၂၇ ရက် ကစပြီး သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် အစိုးရတပ်မတော် တို့ကြား မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ လွိုင်တွန်းတောင်ကြော တွင်ဖြစ်ပွါးသော တိုက်ပွဲများကြောင့်...
တိုက်ပွဲများငြိမ်သွားပြီဖြစ်သော်လည်း ကျောက်မဲရောက် ကျေးလက်ဒေသမှ စစ်ရှောင်များ နေရပ်မပြန်ရဲသေး
SHAN -
သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် RCSS /SSA နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား လက်ရှိတွင်ပစ်ခတ်မှုများမဖြစ်ပွါးသော်လည်း ကျောက်မဲမြို့အနီး ကွန်ကော်အုပ်စု မန်စန်းရွာမှဒေသခံများမှာ နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်များကို ကူညီမှုပေးနေသည့် ကျောက်မဲမြို့တောင်သူလယ်သမားသမဂ္ဂဥက္ကဌ ဒေါ်အေးနော် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “ကျောက်မဲကြီးအုပ်စုကစစ်ဘေးရှောင်ဒေသခံတွေကတော့...
နမ္မတူမြို့သို့ လဝက်ကြာ ရောက်ရှိနေသော စစ်ဘေးရှောင် ၃၀၀ ကျော်နေရပ်မပြန်နိုင်သေး
တအာင်းတပ်ဖွဲ့ TNLA နှင့်တောင်ပိုင်းသျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြား တိုက်ပွဲကြောင့် သျှမ်းပြည်မြောက်ပိုင်း နမ္မတူရောက် နားဆိုင်းအုပ်စုမှ စစ်ဘေးရှောင်များအနက် ကျေးလက် ၃ ခုမှ လူထု ရာချီ မှာနေရပ်မပြန်နိုင်သေးကြောင်းသိရသည် ။ “နမ့်ပိုင်၊ ပိန်းထွမ်၊ ဆွတ်းမွန်း ၃ ရွာကျန်နေသေးတယ်။ တမြန်နေ့က ပန်ဆော့ရွာသားတွေပြန်သွားတယ်။ မနေ့ကကျတော့...





