Tuesday, January 27, 2026

သျှမ်းပြည်တောင်ပိုင်း စစ်ရှောင်များအတွက် သန္ဓေတားဆေး ပြတ်လပ်မှုဖြစ်လာနိုင်

သျှမ်းပြည်တောင်ပိုင်းအတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ဆေးဝါးပြတ်လပ်မှု စတင်ကြုံတွေ့နေရပြီး အမျိုးသမီးများအတွက်လည်း အရေးပေါ် သန္ဓေတားဆေး ပြတ်လပ်မှု ဖြစ်လာနိုင်ကြောင်း သတင်းရရှိသည်။

လက်ရှိ ဆေးဝါးပြတ်လပ်နေသည့် စစ်ဘေးရှောင်စခန်းများမှာ ဆီဆိုင်၊ အင်းလေးဒေသ နှင့် သျှမ်း-ကရင်နီ နယ်စပ်တကြော ဖြစ်သည်။

“ကျမတို့ဆီမှာက ဆေးဝါးတွေကတော့ စပြတ်နေပြီ၊ အမျိုးသမီးတွေ အတွက်ကတော့ သန္ဓေတားဆေး ပြတ်လာမယ့် အခြေအနေတော့ ရှိတယ်။ ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေကလည်း ရှားလာတော့ အစစအရာရာ ပြတ်နေတာ ဟု လွိုင်ကော်မြို့မှ သျှမ်းတောင်ဘက်သို့ ရောက်လာသည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ညောင်ရွှေမြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် အမျိုးသမီးများအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုများ ပြုလုပ်ပေးရန် လိုအပ်ကြောင်းလည်း ၎င်းစစ်ဘေးရှောင် အမျိုးသမီးက ဆိုသည်။

“စစ်ဘေးရှောင်စခန်းမှာ အများနဲ့နေရတော့ အဆင်မပြေတာတွေ များတာပေါ့။ စစ်ရှောင်စခန်းမှာနေတဲ့ အမျိုးသမီးရော အမျိုးသားတွေအတွက်ပါ ကျန်းမာရေးဆိုင်ရာတွေ၊ နောက်ပြီး သားဆက်ခြားနည်းလိုမျိုး လိင်ပိုင်းဆိုင်ရာ ပညာပေးသင်တန်းတွေ လုပ်ဖို့ လိုအပ်တယ်။ အခု သန္ဓေတားဆေးက ပြတ်လာတော့ ဘယ်လိုကာကွယ်သင့်လဲကစ အသိပညာပေးတွေ ပေးဖို့လိုတယ်” ဟု ဆယ်ကျော်သက် သမီး၏ မိခင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဘန်ကောက်စစ်ရှောင်စခန်းပုံ

ထို့အပြင် ဆီဆိုင်မြို့နယ်နှင့် အင်းလေးဒေသရှိ ကျေးရွားအများစုသည် ကျေးလက်ဆေးပေးခန်း မရှိသည့် အပြင် ဒေသခံများလည်း သားဆက်ခြားခြင်းနှင့် ပတ်သက်သည့် အသိပညာ အလွန်နည်းပါးနေသည့်အတွက် အိမ်ထောင်သည် အမျိုးသမီးငယ် သေဆုံးမှုများရှိနေကြောင်း သျှမ်းတောင်တွင် တက်ကြွလုပ်ရှားနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“သားဆက်ခြား အသိပညာပေးက အိမ်ထောင်ရှင်ရော နောက် ဆယ်ကျော်သက် အမျိုးသား၊ အမျိုးသမီးတွေပါ ပေးဖို့လိုအပ်တယ်။ အခုက သားဆက်ခြားဆေးတွေ မရတော့ ဘယ်လို ကာကွယ်လို့ရလဲ ဆိုတာတော့ ပေးဖို့လိုအပ်တယ်”ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ထို့အပြင် အမေရိကန် အစိုးရ၏ USAID မှ ဒုက္ခသည်များကို ကူညီပေးသည့် အသုံးစရိတ်ကို ဇန်နဝါရီ ၂၇ ရက် မှစပြီး ရက်ပေါင်း ၉၀ အတွင်း ယာယီရပ်ဆိုင်းထားသဖြင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများလည်း ယာယီဆိုင်းငံ့ထားရပြီး သန္ဓေတားဆေး သုံးစွဲနေသည့် စစ်ရှောင်စခန်းမှ အမျိုးသမီးများအတွက် ယခုလကုန်ထိသာ ဝန်ဆောင်မှု ပေးနိုင်တော့မည်ဟုလည်း ကရင်နီ ကျန်းမာရေး အဖွဲ့က ပြောဆိုလိုက်သည်။

စစ်ရှောင် အမျိုးသမီး

ဆက်လက်ပြီး စစ်ဘေးရှောင်များ နေထိုင်သည့်နေရာတွင် ရေသန့်ရှင်းမှု မရှိသဖြင့် ကလေးငယ်များ ဝမ်းပျက် ဝမ်းလျှော၊ ယားနာများ ဖြစ်ပွားမှုနှုန်း မြင့်တက်လာသည့်အတွက် ဆေးဝါးများ အထူးလိုအပ်နေကြောင်း သိရသည်။

“တိုက်ပွဲကြောင့် နှစ်ချီစစ်ရှောင်နေရတဲ့ ကျမတို့က ဝမ်းစာအတွက်သာ လုပ်ကိုင်ရှာဖွေ နေရတယ်ဆိုပေမဲ့ ကိုယ့်ကျန်းမာရေး ပြဿနာကို ပြန်ကြည့်ဖို့ မေ့နေကြတယ်။ အခုဆိုရင် ကလေးငယ်တွေ ရေမသန့်လို့ ဝမ်းလျှော ဝမ်းပျက်တာတွေ ယားယံတာတွေ တအားနဲ့ဖြစ်တယ်။ ပြီးတော့ အိမ်ထောင်သည် အမျိုးသမီးတွေက သားဆက်ခြားဖို့ ဆေးဝါးတွေလည်း အရမ်းလိုလာတယ်။ ပြတ်တော့မယ့် အခြေအနေမျိုးရှိတော့မယ်”ဟု ၎င်းက ပြောသည်။

သျှမ်း-ကရင်နီ နယ်စပ်တကြောတွင် နေထိုင်သည့် စစ်ဘေးရှောင်များကို သွားရောက် အကူအညီ ထောက်ပံ့ပေးမည် ဆိုလျှင်လည်း စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည့်သူစစ် (PNO) တပ်သားများက တားဆီးပိတ်ပင်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်နှင့် ကရင်နီတွင် စစ်ရေးဖောင်ဆောင်ရန်အတွက် SSNDF တပ်သားသစ်ခေါ်ယူ

0
သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်အတွင်းရှိ စစ်ကောင်စီတပ်များကို အမြန်ဆုံး တိုက်ထုတ်နိုင်ရန်အတွက် သျှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF/ KNDF က တပ်သားသစ်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ရှေ့တန်းစစ်မျက်နှာပြင်တွင်ရှိသော စစ်ကောင်စီတပ်ကို တော်လှန်နေသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) မှ SSNDF/ KNDF B-103...

ပဋိပက္ခကြား မူးယစ်ဆေး သုံးစွဲမှု ပိုကြီးထွားနေ

0
“WY ဆေးနှစ်ပြားလောက် သုံးထားရင် အရမ်းကို နေလို့ကောင်းသွားတယ်၊ မပင်ပန်းဘူး” လို့ စိုက်ပျိုးရေးလုပ်ကိုင်သူ တစ်ဦးဖြစ်တဲ့ ကိုမောင်ငယ်က ပြောနေပါတယ်။ ကိုမောင်ငယ်က စိုက်ပျိုးရေးလုပ်ကိုင်သူ ဖြစ်တဲ့အလျောက် ပေါက်ပြားတစ်လက်နဲ့ ခြံဆွရတယ်။ တောတွေ ရှင်းရတယ်၊ ထင်းခုတ်ရတယ်။ ဒီအလုပ်က သူ့ရဲ့နိစ္စဓူဝ လုပ်ရတော့ ပင်ပန်းမှုတွေ ဖြစ်လာတဲ့အတွက် တစ်ရက် “၁၀၀၀”ကျပ်...

ညောင်ရွှေမြို့နယ်ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ရန်ပြောဆိုမှုပေါ် စိုးရိမ်နေကြ

0
သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်းရောက်ရှိနေသည့် ကရင်နီစစ်ဘေးရှောင်များကို မတ်လကုန်တွင် နေရပ်ပြန်ရန် ပြောဆိုနေကြသည့်အပေါ် စစ်ဘေးရှောင်များ စိုးရိမ်နေကြရကြောင်း သတင်းရရှိသည်။ ညောင်ရွှေမြို့သို့ရောက်ရှိနေသော ကရင်နီစစ်ဘေးရှောင်များကို လာမည့် ၂၀၂၅ မတ်လအတွင်း နေရပ် ပြန်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ သတိပေးပြောဆိုမှုရှိခဲ့ကြောင်းညောင်ရွှေမြို့ ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မတ်လမှာ ပြောင်းဖို့နေရပ်ပြန်ဖို့ တရားဝင်စာထွက်တာမျိုးတော့ မရှိသေးပါဘူး။ အထွေထွေအုပ်ချုပ်‌ရေးရုံးရဲ့...

ခေါင်းစဉ်အမျိုးမျိုးဖြင့် သျှမ်းတောင်မှ ပြည်သူများ အခွန်အခများထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ တောင်ကြီးနှင့် အနီးတဝိုက်မြို့နယ်များအတွင်း မီးမလာသော်လည်း မီတာခများမြင့်တက်လာသည့်အပြင် ပြည်သူများမှာ ခေါင်းစဉ်အမျိုးမျိုးဖြင့် အခွန်ဆောင်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှ စတင်ပြီး စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ မီတာခများအား တစ်ယူနစ် ကျပ်(၃၀)မှ ကျပ်(၅၀) ထိ တိုးမြှင့်ကောက်ခံခဲ့ပြီသော်လည်း လက်ရှိတွင်...

သျှမ်းတောင် ရေကြီးမှုနောက်ဆက်တွဲ ကုန်စိမ်းသီးနှံဈေးနှုန်းများ နှစ်ဆကျော် မြင့်တက်

0
ရေကြီးမှုဒဏ် ဆိုးရွားစွာ ခံစားခဲ့ရသော သျှမ်းပြည်တောင်ပိုင်းတွင် နောက်ဆက်တွဲအဖြစ် ကုန်စိမ်းဈေးနှုန်း ထပ်မံမြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရှိသည်။ စက်တင်ဘာလ ပထမအပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် သျှမ်းပြည်တောင်ပိုင်းတွင် နေရာအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လယ်ယာစိုက်ခင်းများ၊ သီးနှံစိုက်ခင်းများစွာ ပျက်စီးခဲ့ပြီးနောက် လက်ရှိတွင် ကုန်စိမ်းပစ္စည်း ဈေးနှုန်းများ အဆမတန် မြင့်တက်လာကြောင်း အောင်ပန်းမြို့...