ညောင်ရွှေမြို့နယ်ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ရန်ပြောဆိုမှုပေါ် စိုးရိမ်နေကြ

သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်းရောက်ရှိနေသည့် ကရင်နီစစ်ဘေးရှောင်များကို မတ်လကုန်တွင် နေရပ်ပြန်ရန် ပြောဆိုနေကြသည့်အပေါ် စစ်ဘေးရှောင်များ စိုးရိမ်နေကြရကြောင်း သတင်းရရှိသည်။

ညောင်ရွှေမြို့သို့ရောက်ရှိနေသော ကရင်နီစစ်ဘေးရှောင်များကို လာမည့် ၂၀၂၅ မတ်လအတွင်း နေရပ် ပြန်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ သတိပေးပြောဆိုမှုရှိခဲ့ကြောင်းညောင်ရွှေမြို့ ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မတ်လမှာ ပြောင်းဖို့နေရပ်ပြန်ဖို့ တရားဝင်စာထွက်တာမျိုးတော့ မရှိသေးပါဘူး။ အထွေထွေအုပ်ချုပ်‌ရေးရုံးရဲ့ အောက်ကလူတွေပြောနေတာ။အစည်းအဝေးထဲမှာလည်း ပြောတာမျိုးရှိတယ်။ သတင်းတွေ ထွက်နေတာ ကလည်း အဲ့အောက်ကလူတွေဆီကသိကြရတာ။စာထွက်မယ်ဆိုရင်တောင် ၂ လပိုင်းထဲမှာ တရားဝင်ထွက်ဖို့ ရှိလောက်မယ် အဲ့မှ သူတို့လည်း ပြင်ဆင်ချိန်ရှိမှာလေ။”ဟု ၎င်းက ပြောသည်။

ညောင်ရွှေ စစ်ဘေးရှောင်များ

ထိုသို့နေရပ်ပြန်ဖို့ ပြောဆိုလာသည့်အပေါ် ကရင်နီစစ်ဘေးရှောင်များအတွက် စိုးရိမ်မှုများဖြစ်နေပြီး နေရပ်ပြန်ရန်လည်း အခက်အခဲမျာ ကြုံတွေ့နိုင်ကြောင်း စစ်ဘေးရှောင် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြန်ရမယ်ဆိုရင်တော့ စိုးရိမ်နေကြတာပေါ့။တော်တော်များများက အိမ်မှ မရှိတော့တာ မြေပဲကျန်တော့ တာလေ။တကယ်လို့ ပေးမနေတော့ဘူး လက်မခံတော့ဘူးဆိုရင် ဘယ်လိုဖြစ်ဖြစ် ပြန်ရမှာပဲ။ကျနော်တို့ အိမ်တောင်မရှိတော့ပါဘူး။ ပြန်ရင်လည်း တဲထိုးပြီးနေရမှာပေါ့” ဟု ၎င်း က ဆိုသည်။

ညောင်ရွှေမြို့မှ လွိုင်ကော်သို့ ပြန်ရမည်ဆိုလျှင် လမ်းစရိတ်လည်း မရှိကြောင်း တိုက်ပွဲပြန်ဖြစ်ပါက ထပ်မံပြေးလွှားရန် အတွက် ငွေကြေးလည်း မသက်နိုင်တော့ကြောင်း စစ်ဘေးရှာင်က ထပ်လောင်းပြောသည်။

လက်ရှိညောင်ရွှေမြို့နယ်အတွင်းတွင် စစ်ဘေးရှောင် တစ်သောင်း ဝန်းကျင်ထိကျန်ရှိနေပြီး စစ်ဘေးရှောင်စခန်း ၁၈ တွင်ရှိနေသည့်အပြင် ဘုန်းကြီးကျောင်း နှင့် ဆွေမျိုးအိမ်များတွင် နေထိုင်နေကြကြောင်း သိရသည်။

ထိုပြင် ညောင်ရွှေမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးကူညီ လှူဒါန်းနေသည့် အဖွဲ့အစည်းများ နည်းပါးလာပြီး လာမည့် နွေရာသီအတွက် စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...