မိုင်းကိုင်မြို့နယ် စစ်ရှောင်များ နေရပ်ပြန်

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်း စစ်ဘေးရှောင်များ မိမိနေရပ်သို့ပြန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

Photo by စိုင်းစံမိဏ်း၊ ကျေးသီးမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူမျာ

အဆိုပါ စစ်ရှောင်များသည် ဖေဖော်ဝါရီ ၂၇ ရက် ကစပြီး သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် အစိုးရတပ်မတော် တို့ကြား မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ လွိုင်တွန်းတောင်ကြော တွင်ဖြစ်ပွါးသော တိုက်ပွဲများကြောင့် ဘုန်းကြီးကျောင်းသို့ အသီးသီးစစ်ဘေးရှောင်လာကြခြင်းဖြစ်သည်။

“ဒီနေ့ စစ်ရှောင်တွေ နေရပ်ပြန်ကြမယ်။ မနေ့ည က ကျနော့ဆီကို ဗျူဟာ မှူးဖုန်းဆက်လာတယ်။ စစ်ရှောင်တွေ နေရပ်ပြန်လို့ရတယ်ဆိုတဲ့အကြောင်းပြောလာပါတယ်” ဟု မိုင်းကိုင်မြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

မတ်လ ၆ ရက် ယနေ့ နေရပ်ပြန်မည့် စစ်ရှောင်များမှာ ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်းရှိ ကုန်းစုံ ကျေးရွာ ဘုန်းကြီး ကျောင်းနှင့် လွယ်စက် ကျေးရွာ ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေသည့် စစ်ရှောင်မျာ်းဖြစ်ကြောင်း ဦးစိုင်းလုံ က ပြောသည်။

“ သူတို့တွေ ဘုန်းကြီးကျောင်း သန့့်ရှင်းရေး တွေလုပ်ပြီးရင် ပြန်ကြမယ်။ ကျေးရွာထဲ ပျက်စီးတာတွေ ဆုံးရှုံးတာတွေကို စာရင်းပေးဖို့ပြောထားပါတယ်” ဟု ဦးစိုင်းလုံ က ဆိုသည်။

မတ်လ ၂ ရက် မှစတင်ကာ ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်းရှိ ကုန်းညောင် ဖာဆား ကျေးရွာ နှင့် ဟိုဖိုင်ကျေးရွာအတွင်း ရှိ နေအိမ်၊ ဈေးဆိုင် အတွင်း ရှိ ပစ္စည်းများ၊ ဘုရားစင်များ နှင့် စားသောက်ကုန်များကို အစိုးရ စစ်ကြောင်းမှ စစ်သားများက ဝင်ရောက် မွှေနှောက် ယူဆောင်သွားကြကြောင်း စစ်ရှောင်ရွာသားများပြောပြချက်အရသိရသည်။

“ ကျနော်တို့ ကျေးရွာကတော့ လောဆယ် မပြန်သေးဘူး။ စံပေါင်းကျေးရွာနဲ့ ဟိုနောင် ကျေးရွာတွေက လူတွေကတော့ ပြန်သွားပြီ။ ကျနော်တို့လည်းပြန်ဖို့လုပ်နေပါတယ်” ဟု ကုန်းညောင် ဖာဆား ကျေးရွာ က ဒေသခံ စိုင်းမု က သျှမ်းသံတော်ဆင့် သို့ပြောသည်။

မတ်လ ၄ ရက်က စစ်ရှောင်တချို့နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တချို့ နေရပ်ပြန်ကြည့်ရန်အသွား အစိုးရ စစ်ကြောင်း၏ ဟန့့်တားခြင်းကို ခံခဲ့ရသည်။

မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အတွင်း စစ်ဘေးရှောင် ၅၀၀ ဝန်းကျင်ရှိသည်ဟုသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။