RCSS/SSA

တိုက်ပွဲငြိမ်ပြီဟုဆိုကာ နေရပ်ပြန်သွားသည့် ကျေးသီးစစ်ရှောင်ထပ်မံထွက်ပြေးနေရ

သျှမ်းတောင် ကျေးသီးမြို့ အတွင်း တိုက်ပွဲငြိမ်ပြီဟုဆိုကာ နေရပ်ပြန်သွားသည့် စစ်ရှောင် (၃၀၀)ဝန်းကျင် ထပ်မံ စစ်ရှောင်လာရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန် ၈)ရက် မနက် (၉ )နာရီကျော်ဝန်းကျင်တွင် ကျေးသီးမြို့ရှိ စစ်ဘေးရှောင် (၁၀၀၀)ခန့် မှ (၃၀၀) ဝန်းကျင် သည် တိုက်ပွဲငြိမ်ပြီဟုဆိုကာ နေရပ်သို့ပြန်သွားကြသည်။ သို့သော်...

နမ္မတူမြို့နယ် အရပ်သား ( ၅) ဦးကို RCSS/SSA မှ (၂ ) လကျော်ဖမ်းဆီးထား

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် အရပ်သား (၅)ဦးကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)မှ ဖမ်းဆီးသွားပြီး၊ ၂လကျော်ကြာထိ ပြန်မလွှတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ RCSS/SSAဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား (၅)ဦးသည် နမ္မတူမြို့နယ် မန်ဆာ‌ဒေသခံ (၂ ) ဦးမှာ မိုင်းချစ်မောင်လေး၊ ဦးအိုက်ငင်း နှင့် ရေအိုးရွာဒေသခံ (၃)...

ကျေးသီးမြို့ နယ် RCSSနှင့် SSPP တိုက်ပွဲကြောင့် စစ်ရှောင် (၁၀၀၀) ကျော်စားဝတ်နေရေးခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ လွယ်ဟွန်းတောင်ကြော တစ်လျှောက်တွင် RCSS နဲ့ SSPP တို့၏ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသေးသဖြင့် စစ်ရှောင် (၁၀၀၀) ကျော် အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကတည်းကစပြီး ယနေ့ ၇ ရက်နေ့ထိ သျှမ်းတပ်(၂)တပ်ဖြစ်သည့်...

ကျေးသီးမြို့ပေါ်သို့ စစ်ရှောင် (၇၀၀)ကျော်ထိ ရှိလာ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အနီး သျှမ်းတပ်(၂)တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးသီးမြို့ပေါ်သို့စစ်ရှောင် (၇၀၀)ကျော်ထိ ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။ ဇွန်(၂)ရက်မှစတင်ကာ ဇွန်(၄)ရက်ထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့ တိုက်ပွဲကြောင့် ပြည်သူ (၇၀၀)ကျော် စစ်ဘေးရှောင်နေရသည်။ “ ဒီနေ့ထပ်ရောက်လာတာ စုစုပေါင်း (၄၂၀)ကျော်ရှိတယ်။ အားလုံးကတော့ (၇၀၀)ကျော်ရှိပြီ၊...

ကျေးသီးမြို့ အနီး သျှမ်းတပ်(၂)တပ် အပြန်အလှန် နယ်မြေကျူးလွန်မှု တိုက်ပွဲဖြစ်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့အနီးတွင် သျှမ်းလက်နက်ကိုင် (၂)ဖွဲ့ အပြန်အလှန် နယ်မြေကျူးလွန်မှု ဟု ပြောဆိုကာ တိုက်ပွဲ ၂ရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် နှင့် မိုင်းနောင်ကြား လွိုင်ဟွန်းတောင်အနီးတွင် ယမန်(ဇွန် ၁)ရက် မနက်ပိုင်းမှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေး ပါတီ...

ကျေးသီးမြို့နယ် RCSS နှင့် SSPP တိုက်ပွဲဖြစ်၊ ဒေသခံ (၂၀၀) ထွက်ပြေးနေရ

သျှမ်းပြည် တောင်ပိုင်း ကျေးသီမြို့နယ်အတွင်း သျှမ်းတပ် (၂)တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၂၀၀) နီးပါး ကျေးသီးမြို့နယ် နောင်ဆွမ်းကျေးရွာ ဘုန်းကြီးကျောင်းသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့(ဇွန် ၁)ရက် မနက်ပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) တို့သည် ကျေးသီးမြို့ နှင့်...

နမ္မတူမြို့နယ် တိုင်းရင်းသားအချင်းချင်း တိုက်ပွဲဖြစ်

သျှမ်းမြောက် နမ္မတူမြို့နယ် မန်ကျန်းကျေးရွာ အနီးတွင် ယနေ့( မေ ၂၆)ရက် မနက်ပိုင်းမှစတင်ကာ ညနေ အချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲပြင်းထန်းနေကြောင်း စုံစမ်းသိရသည်။ ယနေ့ မနက်(၈) နာရီမှ စတင်ကာ နမ္မတူမြို့နယ် မန်ကျန်းကျေးရွာအနီးတွင် သျှမ်းတပ်( SSPP)၊ တအာင်း(ပလောင်)တပ် (TNLA)ပူးပေါင်း နှင့်...

သီပေါမြို့နယ် အတွင်း သျှမ်းတပ်(၂)တပ် စစ်ရေးတင်းမာနေဆဲ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း RCSS/SSA နှင့် SSPP/SSA တို့ စစ်ရေးတင်းမာနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့နယ် နမ့်လန်တွင် ယမန့်နေ့ (မေ ၁၉) ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ချိန်ထိ စစ်ရေးတင်းမာနေကြောင်း သျှမ်းလက်နက်ကိုင် တပ်ဖွဲ့(၂) ဖွဲ့မှ သျှမ်းသံတော်ဆင့် ကို အတည်ပြုပြောသည်။ “...

သီပေါမြို့နယ် တိုင်းရင်းသားအချင်းချင်း တိုက်ပွဲပြင်းထန်၊ ဒေသခံ(၁၀၀၀)ကျော်ထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန် ဝမ်စိမ်းအုပ်စုအနီး တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲများ ဖြစ်ပွားကာ စစ်ရှောင် (၁၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ လက်နက်ကိုင် တိုက်ပွဲကြောင့် ယနေ့ မေ (၁၉) ရက် မနက်မှ ယခုချိန်ထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့်...

လွိုင်တိုင်းလျန်းဒေသ လျှပ်စစ်ထုတ်မည့်အရေး တိုင်းစီယမ်ကုမ္ပဏီ မှ စစ်ကောင်စီ နှင့် တွေ့ဆုံမှု RCSS မသိရှိသေး

RCSS ၏ ဗဟိုဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းဒေသအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် ကိစ္စ တိုင်းစီယမ် ကုမ္ပဏီက ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ဧပြီ (၂၃) ရက်တွင် တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သျှမ်းပြည်နယ်...

Latest news