Thursday, May 9, 2024

နမ္မတူမြို့နယ် တိုင်းရင်းသားအချင်းချင်း တိုက်ပွဲဖြစ်

Must read

သျှမ်းမြောက် နမ္မတူမြို့နယ် မန်ကျန်းကျေးရွာ အနီးတွင် ယနေ့( မေ ၂၆)ရက် မနက်ပိုင်းမှစတင်ကာ ညနေ အချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲပြင်းထန်းနေကြောင်း စုံစမ်းသိရသည်။

ယနေ့ မနက်(၈) နာရီမှ စတင်ကာ နမ္မတူမြို့နယ် မန်ကျန်းကျေးရွာအနီးတွင် သျှမ်းတပ်( SSPP)၊ တအာင်း(ပလောင်)တပ် (TNLA)ပူးပေါင်း နှင့် သျှမ်းတပ် (RCSS)တို့တိုက်ပွဲပြင်းထန်းမှု ဖြစ်ပွားခဲ့ကြောင်း နမ္မတူမြို့ ဒေသခံ တဦးကပြောသည်။

“ တိုက်ပွဲက ဒီနေ့ အရမ်းပြင်းထန်တယ်။ မနက်ကနေ ည ထိပဲဖြစ်နေတာ။ ပစ်နေတာ။ အချင်းချင်းပစ်နေကြတာ။ မပြောချင်တော့ဘူး” ဟု နမ္မတူဒေသခံ အမျိုးသားတဦး ကသျှမ်းသံတော်ဆင့် ကို ပြောသည်။

ယနေ့ တိုင်းရင်းသားအချင်းချင်းကြားဖြစ်ပွားသည့် တိုက်ပွဲသည် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်း၊ စစ်ရှောင်တချို့ မန်စံကျေးရွာသို့ထွက်ပြေးလာကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းလည်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းသည် ဖေဖော်ဝါရီ လမှစတင်ကာ ယနေ့အချိန်ထိ သီပေါ၊ ကျောက်မဲ၊ နောင်ချို့ မြို့နယ်နှင့် နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားကာ စစ်ရှောင် ၆ထောင်ကျော်ရှိကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article