နမ္မတူမြို့နယ် အရပ်သား ( ၅) ဦးကို RCSS/SSA မှ (၂ ) လကျော်ဖမ်းဆီးထား

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် အရပ်သား (၅)ဦးကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)မှ ဖမ်းဆီးသွားပြီး၊ ၂လကျော်ကြာထိ ပြန်မလွှတ်ပေးသေးကြောင်း စုံစမ်းသိရသည်။

ပုံစာ- RCSS/SSA မှ အရပ်သား(၅)ဦး ဖမ်းဆီးသွားသည့် ပုံ Photo by ရွှေဖီမြေ သတင်းဌာန

RCSS/SSAဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား (၅)ဦးသည် နမ္မတူမြို့နယ် မန်ဆာ‌ဒေသခံ (၂ ) ဦးမှာ မိုင်းချစ်မောင်လေး၊ ဦးအိုက်ငင်း နှင့် ရေအိုးရွာဒေသခံ (၃) ဦးမှာ ရွာသူကြီး ဦးကြာယုံ နှင့် သားဖြစ်သူ နေလင်းစွာ၊ နေလင်းဦး ဖြစ်ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

ထိုထဲမှ ဖမ်းခံရသည့် ရေအိုးကျေးရွာ (၂)ဦးသည် အသက် (၁၂)နှစ်အရွယ်နှင့် အသက် (၁၅)နှစ် အရွယ်သာရှိသေး ကြောင်း သိရသည်။

“ ခုချိန်ထိတော့ ဘာသတင်းမှမကြားရသေးဘူး။ အဆက်သွယ်လဲမရဘူး။ သူတို့ဘယ်ချိန် ပြန်လွှတ်လာပေး မလဲမသိသေးဘူး။ ရွာသူကြီးသား (၂)ယောက်ဆိုရင် အသက်တောင်မပြည့်သေးဘူး။ သူတို့တွေကို စိုးရိမ်နေရတယ်” ဟု ရေအိုးကျေးရွာမှ ဖမ်းခံရသူများ နှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ရေအိုကျေးရွာ သူကြီးအိမ်တွင် လက်နက်များရှိသည်ဟုဆိုသတင်းကြောင်း ဝင်ရောက်ဖမ်းဆီးကာ ထိုအိမ်ထဲရှိ အမျိုးသားများကို စစ်ဆေးမည်ဆိုသည့်အကြောင်းပြချက်ဖြင့် ဖမ်းသွားကြောင်းလည်း ၎င်း အမျိုးသမီးက ပြောသည်။

“ ဦးကြာယုံ အိမ်မှာက လက်နက်ရှိထားလို့ဆိုပြီးတော့လာစစ်ဆေးပြီး ဖမ်းသွားတယ်။ သူသားလည်းဖမ်းသွားတယ်။ TNLA က ဦးကြာယုံအိမ်မှာလက်နက်ထားတယ်လို့ပြောတယ်။ သူတို့လာစစ်တာတော့ဘာမှ မတွေ့ရဘူး။ မန်ဆာရွာခံ ၂ဦးကတော့ အခွန်ကိစ္စနဲ့ ဖမ်းတယ်လို့ ကြားသိတယ်။” ဟု ရေအိုး ကျေးရွာဒေသခံက ပြောသည်။

ထို့ပြင် မန်ဆာကျေးရွာ ဒေသခံ (၂)ဦးသည် TNLA ကို ဆက်ကြေး(အခွန်ကောက်)ပေးနေသည့် သူဟုဆိုပြီး ဖမ်းဆီးသွားကြောင်း သိရသည်။

ထိုသို့ RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းခမ်းစံက “ ကျနော်တို့ အဲ့ဘက်က အသေးစိတ်မသိရသေးဘူး။ မြေပြင်ကိုမေးရင်ပိုပြီးသေချာတယ်” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

အလားတူ RCSS/SSA ၏ တပ်ချုပ်မှူးနယ်မြေခံ သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိပါ။

နမ္မတူမြို့နယ် ပန်လုံ နှင့်ချောင်းဆာ ကျေးရွာအုပ်စုတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်သည်။

ထိုနေရာတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲပြင်းထန်းမှုကြောင့် ပြည်သူများ ၂ လကျော် တိုက်ပွဲထွက်ပြေးတိမ်ရှောင်းနေရပြီး နေအိမ် ၁၂၁ အိမ် မီးလောင်းဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...