Wednesday, January 28, 2026

နမ္မတူမြို့နယ် အရပ်သား ( ၅) ဦးကို RCSS/SSA မှ (၂ ) လကျော်ဖမ်းဆီးထား

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် အရပ်သား (၅)ဦးကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)မှ ဖမ်းဆီးသွားပြီး၊ ၂လကျော်ကြာထိ ပြန်မလွှတ်ပေးသေးကြောင်း စုံစမ်းသိရသည်။

ပုံစာ- RCSS/SSA မှ အရပ်သား(၅)ဦး ဖမ်းဆီးသွားသည့် ပုံ Photo by ရွှေဖီမြေ သတင်းဌာန

RCSS/SSAဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား (၅)ဦးသည် နမ္မတူမြို့နယ် မန်ဆာ‌ဒေသခံ (၂ ) ဦးမှာ မိုင်းချစ်မောင်လေး၊ ဦးအိုက်ငင်း နှင့် ရေအိုးရွာဒေသခံ (၃) ဦးမှာ ရွာသူကြီး ဦးကြာယုံ နှင့် သားဖြစ်သူ နေလင်းစွာ၊ နေလင်းဦး ဖြစ်ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

ထိုထဲမှ ဖမ်းခံရသည့် ရေအိုးကျေးရွာ (၂)ဦးသည် အသက် (၁၂)နှစ်အရွယ်နှင့် အသက် (၁၅)နှစ် အရွယ်သာရှိသေး ကြောင်း သိရသည်။

“ ခုချိန်ထိတော့ ဘာသတင်းမှမကြားရသေးဘူး။ အဆက်သွယ်လဲမရဘူး။ သူတို့ဘယ်ချိန် ပြန်လွှတ်လာပေး မလဲမသိသေးဘူး။ ရွာသူကြီးသား (၂)ယောက်ဆိုရင် အသက်တောင်မပြည့်သေးဘူး။ သူတို့တွေကို စိုးရိမ်နေရတယ်” ဟု ရေအိုးကျေးရွာမှ ဖမ်းခံရသူများ နှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ရေအိုကျေးရွာ သူကြီးအိမ်တွင် လက်နက်များရှိသည်ဟုဆိုသတင်းကြောင်း ဝင်ရောက်ဖမ်းဆီးကာ ထိုအိမ်ထဲရှိ အမျိုးသားများကို စစ်ဆေးမည်ဆိုသည့်အကြောင်းပြချက်ဖြင့် ဖမ်းသွားကြောင်းလည်း ၎င်း အမျိုးသမီးက ပြောသည်။

“ ဦးကြာယုံ အိမ်မှာက လက်နက်ရှိထားလို့ဆိုပြီးတော့လာစစ်ဆေးပြီး ဖမ်းသွားတယ်။ သူသားလည်းဖမ်းသွားတယ်။ TNLA က ဦးကြာယုံအိမ်မှာလက်နက်ထားတယ်လို့ပြောတယ်။ သူတို့လာစစ်တာတော့ဘာမှ မတွေ့ရဘူး။ မန်ဆာရွာခံ ၂ဦးကတော့ အခွန်ကိစ္စနဲ့ ဖမ်းတယ်လို့ ကြားသိတယ်။” ဟု ရေအိုး ကျေးရွာဒေသခံက ပြောသည်။

ထို့ပြင် မန်ဆာကျေးရွာ ဒေသခံ (၂)ဦးသည် TNLA ကို ဆက်ကြေး(အခွန်ကောက်)ပေးနေသည့် သူဟုဆိုပြီး ဖမ်းဆီးသွားကြောင်း သိရသည်။

ထိုသို့ RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းခမ်းစံက “ ကျနော်တို့ အဲ့ဘက်က အသေးစိတ်မသိရသေးဘူး။ မြေပြင်ကိုမေးရင်ပိုပြီးသေချာတယ်” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

အလားတူ RCSS/SSA ၏ တပ်ချုပ်မှူးနယ်မြေခံ သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိပါ။

နမ္မတူမြို့နယ် ပန်လုံ နှင့်ချောင်းဆာ ကျေးရွာအုပ်စုတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်သည်။

ထိုနေရာတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲပြင်းထန်းမှုကြောင့် ပြည်သူများ ၂ လကျော် တိုက်ပွဲထွက်ပြေးတိမ်ရှောင်းနေရပြီး နေအိမ် ၁၂၁ အိမ် မီးလောင်းဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲ

0
သျှမ်းပြည် နမ္မတူမြို့နယ် မန်လီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၂ ရက်) နံနက်အစောပိုင်း (၁) နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...