RCSS/SSA
နမ့်စန်မြို့နယ် SSPP နှင့် RCSS တိုက်ပွဲအတွင်း ကျေး/လက်ဆေးပေးခန်း လက်နက်ကြီးထိမှန်
သျှမ်းပြည် နမ့်စန်မြို့နယ်တွင် SSPP နှင့် RCSS တိုက်ပွဲအတွင်း ကျေးလက်ဆေးပေးခန်းကို လက်နက်ကြီးထိမှန်ခဲ့ပြီး စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၁၅) ရက် ညပိုင်းတွင် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုရှိ နမ့်မိုရွာအနီးတွင် သျှမ်းတပ်နှစ်တပ်ဖြစ်သည့် SSPP နှင့် RCSS တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ နမ့်မိုကျေးလက်ဆေးပေးခန်းကို...
“ လူအသက်ကို ဝါးမြိုနေတဲ့ စစ်အာဏာစက်အောက်က သယံဇာတ လုပွဲ”
သဲကျောက်မြေအိတ်များဖြင့် အထပ်ထပ်ကာရံထားသော မယ်ဆိုင်မြစ် ကမ်းပါးမှ မြန်မာဘက်ခြမ်းကို လမ်းမျှော်ကြည့်လိုက်သောအခါ နီကြင်ကြင် အိမ်ကလေးများ၊ ကျိုးတိကျိုးတဲ ဆိုင်ခန်းများ တွေ့ရသည်။ ရေကြီးမှုဒဏ်ကြောင့် နေအိမ်၊ ဆိုင်ခန်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုကို သုံးလကျော်ကြာ ရင်ဆိုင်လာခဲ့ရပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသေးချေ။ “နောက်နှစ်ရေကြီးရင်တော့ ကျမတို့ နေရာက မသေချာတော့ဘူး”...
နမ့်စန်မြို့နယ်အတွင်း RCSS နှင့် SSPP တိုက်ပွဲဖြစ်
သျှမ်းပြည် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုရှိ ကျောက်မီးသွေးတွင်းများမှ အခွန်ကောက်ခံရန် သျှမ်းတပ်နှစ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ပထမပတ်အတွင်း နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နမ့်မိုကျေးရွာအနီးတွင် SSPP နှင့် RCSS တပ်ဖွဲ့တို့ ဒရုန်းဖြင့် အပြန်အလှန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးပတ်ဝန်းကျင် ကျေးရွာများရှိ အိမ်ခြေ (၂၀၀) ကျော်မှ...
ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ဓနုPDF အပြင် သျှမ်းတပ်နှစ်တပ် တိုက်ပွဲအပြိုင်ဖြစ်
သျှမ်းပြည် ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA တို့ ထိတွေ့တိုက်ပွဲအပြင် သျှမ်းတပ်နှစ်တပ်အချင်းချင်းကြား တိုက်ပွဲအပြိုင်အဆိုင် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ်အတွင်းရှိ ကျောက်ဂူကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA တို့ တိုက်ပွဲဖြစ်ပွားနေစဉ် သျှမ်းတပ်နှစ်တပ်လည်း အင်တောမြို့အနီး (၃)...
ပင်းတယ စစ်ကောင်စီတပ်နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်၊ နှစ်ဘက်ထိခိုက်ကျဆုံးဟုဆို
သျှမ်းပြည် ပင်းတယမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၂) ရက် နေ့လယ်ပိုင်းအချိန်တွင် ပင်းတယမြို့နယ် မိုင်းလီကျေးရွာအုပ်စု မန်ကျည်းကုန်းနှင့် နတ်အင်းကျေးရွာအနီးတွင် မူးယစ်ဆေးဝါး သုံးစွဲသူများကို ဖမ်းဆီးရန် ရောက်ရှိလာသည့် RCSS/SSA တပ်ဖွဲ့နှင့်...
မိုင်းကိုင်မြို့နယ် SSPP တပ်စခန်းကို RCSS တိုက်ခိုက်ဟု SSPP တဖက်သတ် ထုတ်ပြန်လာ
SHAN -
သျှမ်းပြည် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ် နှစ်ခုကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS တပ်ဖွဲ့ အင်အား ၁၀၀ ကျော် စစ် ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း SSPP က ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ထုတ်ပြန်သည်။ ယနေ့...
ကျိုင်းတောင်းမြို့တွင်း တပ်သားသစ် စုဆောင်းသည့်သတင်း RCSS ငြင်းဆို
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့တွင် သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ၊ သျှမ်းတပ်မတော် (RCSS/SSA)သည် တပ်သားသစ် စုဆောင်းနေသည့်ကိစ္စ မဟုတ်ကြောင်း ငြင်းဆိုလိုက်ကြောင်း စုံစမ်း သိရသည်။ လက်ရှိ ကျိုင်းတောင်းမြို့တွင် တပ်သားသစ် အပြင်းအထန်လိုက်လံဖမ်းဆီး၊ နေအိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးမှုတွေ မပြုလုပ်ကြောင်းနှင့် တရားဥပဒေနှင့် မကိုက်ညီသည့် လုပ်ရပ်ကို လုပ်ဆောင်မှုမရှိကြောင်း ဒု-ဗိုလ်မှုကြီး အုမ်ခေးက သျှမ်းသံတော်ဆင့်ကို...
ရပ်စောက် သျှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်၊ ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျ သံဃာနှစ်ပါး ဒဏ်ရာပြင်းထန်
သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် သျှမ်းတပ်နှစ်တပ် အချင်းချင်းတိုက်ပွဲဖြစ်ပွားခဲ့ရာ ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျ ပေါက်ကွဲခဲ့ခြင်းကြောင့် သံဃာ(၂)ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စုရှိ ရတနာပုံ အရှေ့ရွာနှင့် အနောက်ရွာတို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ...
ရပ်စောက် ဓနု-PDF ပူးပေါင်းတပ် လေကြောင်းဗုံးကြဲခံရစဉ် သျှမ်းတပ်နှစ်တပ် အချင်းချင်းတိုက်ပွဲဖြစ်၊ နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိ
သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေစဉ် သျှမ်းတပ်နှစ်တပ် အချင်းချင်း တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှု ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) ညနေပိုင်းတွင် ရပ်စောက်မြို့နယ် အင်တောမြို့အနီး ပါမဲနှင့် မားသဲကျေးရွာအုပ်စုအတွင်း...
ကွန်ဟိန်းမြို့နယ် တောင်ယာသွားစဉ် မိုင်းနင်းမိပြီး အရပ်သား (၁) ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ
သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ဝမ်ဆိုင်းမွန်ရွာမှ ဒေသခံများ တောင်ယာသွားနေစဉ် လမ်းတွင် မြေမြှုပ်မိုင်း နင်းမိပြီး အသက် (၁၅) နှစ်အရွယ် ယောကျ်ားလေးတစ်ဦး သေဆုံးပြီး၊ ဒေသခံ ၂၀ ကျော် ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၂၀) ရက် နံနက် ၈ နာရီခန့်တွင် ကွန်ဟိန်းမြို့နယ်...





