NCA ငြိမ်းချမ်းရေးကျောက်တိုင်ဖွင့်ပွဲ နှင့် သျှမ်းပြည်အမျိုးသားနေ့ မိုင်းပန်မြို့နယ်တွင် RCSS ကျင်းပ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA အထိမ်းအမှတ် ငြိမ်းချမ်းရေးကျောက်တိုင်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) က မိုင်းပန်မြို့နယ် နားဆာလေးကျေးရွာ၌ ယနေ့ (ဖေဖော်ဝါရီလ ၆ ရက်)တွင် ဖွင့်လှစ်လိုက်သည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားဆာလေးကျေးရွာတွင် ကျင်းပနေသည့် ဖေဖော်ဝါရီ (၇) ရက်တွင် ကျရောက်မည့် (၇၈) ကြိမ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနား ဖွင့်ပွဲနှင့်အတူ NCA ကျောက်တိုင် ဖွင့်ပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ် ကိုယ်တိုင် တက်ရောက်လာခဲ့သည်။

NCA ငြိမ်းချမ်းရေးကျောက်တိုင်ဖွင့်ပွဲ နှင့် သျှမ်းပြည်အမျိုးသားနေ့ မိုင်းပန်မြို့နယ်တွင် RCSS ကျင်းပ

ယခုဖွင့်လှစ်ခဲ့သည့် NCA ကျောက်တိုင်ကို ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာလ (၁၁) ရက်တွင် စတင်၍ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ် ဦးဆောင်ကာ ဆောက်လုပ်ခဲ့ပြီး ၂၀၂၅ ဇန်နဝါရီလ (၁၉) ရက်တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း RCSS သတင်းများ ထုတ်ပြန်နေသည့် Tai Freedom မီဒီယာ ဖော်ပြချက်အရ သိရသည်။

NCA ကျောက်တိုင်ရှေ့တွင် NCA လက်မှတ်ရေးထိုးခဲ့စဉ်က အသိသက်သေအဖြစ် ပါဝင်ခဲ့ကြသည့် ကုလသမဂ္ဂ UN ၊ ဥရောပသမဂ္ဂ EU ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့၏ အလံများကိုလည်း လွှင့်ထူထားသည်။

အလားတူ (၇၈) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ သမိုင်းပြခန်းနှင့် ငြိမ်းချမ်းရေးပွဲတော်ကိုလည်း ယမန်နေ့ (ဖေဖော်ဝါရီ ၅ ရက်) တွင် စတင်ဖွင့်လှစ်ခဲ့ရာ ဒေသခံပြည်သူ အများအပြား ပါဝင်ဆင်နွှဲနေသည်။

NCA ငြိမ်းချမ်းရေးကျောက်တိုင်ဖွင့်ပွဲ နှင့် သျှမ်းပြည်အမျိုးသားနေ့ မိုင်းပန်မြို့နယ်တွင် RCSS ကျင်းပ

ယမန်နှစ် ၂၀၂၄ မတ်လတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ (7 NCA-S EAO) တို့၏ မျက်နှာစုံညီ အစည်းအဝေးပြီးနောက် စုဖွဲ့မှုပုံစံအသစ်ဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO Alliance) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

၎င်း 7 EAO Alliance တွင် အဖွဲ့ခေါင်းဆောင်အဖြစ် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က တာဝန်ယူထားပြီး ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ဦးဆောင်အဖွဲ့ အစည်းအဝေးတွင် ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေး လုပ်ငန်းစဉ် တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။