PDF

နောင်ချိုမြို့ ဒေသခံ (၂) ဦးကို စစ်ကောင်စီက ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒေသခံ (၂) ဦးကို စစ်ကောင်စီက PDF ကိုထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဩဂုတ် (၇) ရက်နေ့တွင် စစ်ကောင်စီက စားသောက်ဆိုင်ပိုင်ရှင် (၂) ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။ “လွန်ခဲ့တဲ့ (၃) ရက်လောက်က စားသောက်ဆိုင် ပိုင်ရှင်...

ရွာငံမြို့နယ်အတွင်း စစ်ကောင်စီတွေက အရပ်ဝတ် နှင့် သွားလာလှုပ်ရှားနေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း လှုပ်ရှားနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်သားများသည် အရပ်ဝတ်များဖြင့်သာ သွားလာလှုပ်ရှားနေလျက်ရှိကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောင်ပိုင်းမှ စတင်ကာ ရွာငံမြို့နယ်ရှိ နာဘန်းကြီးကျေးရွာအုပ်စုအတွင်းတွင် စစ်ကောင်စီ တပ်သားတို့သည် ဒေသခံရွာသားများအသွင်ယူကာ အရပ်ဝတ်ဖြင့် PDF အကြောင်း၊ PDF ချိတ်ဆက်သူများကို လိုက်လံစုံစမ်းနေကြောင်း သတင်းသိရသည်။ “မသိရင်တော့...

မိုးမိတ်မြို့နယ် ထပ်တိုး PDF တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ တစ်နာရီ နီးပါး တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းတွင် ထပ်တိုးရောက်ရှိလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့သည် တစ်နာရီ နီးပါးကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (သြဂုတ် ၃) ရက် မွန်းလွဲပိုင်း ၁ နာရီကျော် မှ ၂ နာရီကျော် အထိ...

မူဆယ်မြို့ ဗိုလ်ကျားနက် တပ်ဖွဲ့သစ်မှ ည ၈ နာရီ အိမ်ပြင်မထွက်ရန် ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဗိုလ်ကျားနက် လက်နက်ကိုင် တပ်ဖွဲ့အသစ်ပေါ်ပေါက်လာခဲ့ပြီး ပြည်သူများကို ည ၈ နာရီမှစပြီး အိမ်ပြင်မထွက်ရန် ထုတ်ပြန်ကြေညာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့သစ်သည် မူဆယ်မြို့တွင် လှုပ်ရှားပြီး ပြည်သူများကို ည ၈ နာရီမှစပြီး အိမ်ပြင်မထွက်ရန် အတွက် ယနေ့ (သြဂုတ်...

မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်း နေရာယူမှုရှိ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တို့မှ စစ်အင်အားဖြည့် နေရာယူမှုများရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ ဇူလိုင် ၂၅ ရက်တွင် စစ်ကောင်စီတပ် တပ်မ ၉၉ လက်အောက်ခံ ခလရ ၂၇၆ နှင့် ၃၄၈ တို့သည် နမ့်မိတ်ချောင်း မြောက်ဘက်ရှိ ရွှေကာလီဘုန်းကြီးကျောင်းအနီး နှင့် သရက်ချိုကျေးရွာ၊...

မိုးမိတ်မြို့နယ်တိုက်ပွဲအတွင်း ကလေးငယ် တစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ကလေးတစ်ဦး သေဆုံးပြီး အရပ်သားတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ( ဇူလိုင် ၂၁ ) ရက် နံနက်ပိုင်း ၁၀ နာရီခွဲကျော် က...

ပင်လောင်း လွယ်ကျိုင့် စစ်ဘေးရှောင် စားနပ်ရိက္ခာ နှင့် ဆေးဝါးများအခက်တွေ့

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် လွယ်ကျိုင့်ကျေးရွာတွင် စစ်ရှောင်များ (၆၀၀) ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အခက်ခဲများရှိနေကြောင်း သတင်းသိရသည်။ လွယ်ကျိုင့်ကျေးရွာသည် ပင်လောင်းမြို့နှင့် (၂၅) မိုင်ဝေးကွာပြီး ၎င်းကျေးရွာတွင် စစ်ဘေးရှောင် (၆၀၀) ကျော် ရှိသည်။ ထိုထဲမှ အမျိုးသမီး (၆၀) ရာခိုင်နှုန်း ၊ ကလေးငယ်များ (၃၀)...

ဖယ်ခုံမြို့နယ် တိုက်ပွဲ စစ်ကောင်စီဘက် သေဆုံးမှုများရှိ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လဟယ်ကျေးရွာအနီး လွယ်မကူးတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF တပ်ရင်း ၂ နှင့် KNDF BO3 ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇူလိုင် ၂၁) နေ့လည် ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဆွဲထားသည့် နေရာကို ဖယ်ခုံ...

မိုးမိတ်မြို့နယ် ကျေးရွာတစ်ချို့ကို KIA နှင့် PDF တို့က လယ်ထွန်စက် မသုံးခိုင်း

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း ကျေးရွာတစ်ချို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ပြည်သူများကို လယ်ထွန်စက်မှ စက်မနိုးခိုင်းကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လယ်ထွန်စက်နိုးခြင်းကြောင့် စစ်ကောင်စီ၏ လေယာဉ်ပျံဝဲသံ မကြားမှာကို စိုးရိမ်သောကြောင့် KIA နှင့် PDF တို့မှ လယ်ထွန်စက်မသုံးခိုင်းခြင်းဖြစ်ကြောင်း...

မိုးမိတ်မြို့နယ် စစ်ကောင်စီ နှင့် KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲထပ်မံဖြစ် စစ်ကောင်စီကျဆုံးမှုရှိ

သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၃) ရက် နေ့လည်ပိုင်း ၁၂ ခွဲဝန်းကျင် တွင် စစ်ကောင်စီတပ်ပေါင်းစုဖြစ်သည့် ခလရ တပ်...

Latest news