ဖယ်ခုံမြို့နယ် တိုက်ပွဲ စစ်ကောင်စီဘက် သေဆုံးမှုများရှိ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လဟယ်ကျေးရွာအနီး လွယ်မကူးတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF တပ်ရင်း ၂ နှင့် KNDF BO3 ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဇူလိုင် ၂၁) နေ့လည် ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဆွဲထားသည့် နေရာကို ဖယ်ခုံ PDF တပ်ရင်း ၂ နှင့် KNDF BO3 ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်က (၉) ဦး ခန့် သေဆုံးကြောင်း သိရသည်။

“တိုက်ပွဲကတော့ ၁ နာရီကြာ လောက်ဖြစ်သွားတယ်။ အဲ့အချိန်အတွင်းမှာ စစ်ကောင်စီဘက်က (၉) ယောက်လောက်ထိခိုက်၊ သေဆုံးတာရှိတယ်။ ကျနော်တို့ကလည်း အချိန်ရရင်ရသလိုဝင်တိုက်ခဲ့တာပါ။ ကျနော်တို့ကပြောက်ကျားအနေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ” ဟု ဖယ်ခုံ PDF တပ်ရင်း ၂ တစ်ဦးက ပြောသည်။

ထိုနောက်ဖယ်ခုံမြို့ စကခ -၇ က လက်နက်ကြီးဖြင့် ပစ်ကူခဲ့သောကြောင့် တပ်ဆုတ်ခွဲခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ ကပြောသည်။

ထိုသို့ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ် နားဟီးကျေးရွာ နှင့် ဗန်ခူးကျေးရွာထဲတွင် လက်နက်ကြီးကျရောက်မှုကြောင့် ပြည်သူများထပ်မံထွက်ပြေးတိမ်းရှောင်ရကြောင်းသိရသည်။

အဆိုပါ ကျေးရွာ ၂ ခုရှိ ဒေသခံများသည် ယခင်က စစ်ဘေးရှောင်ခဲ့ပြီး ပြန်လာခဲ့သည့် ပြည်သူများဖြစ်ကာ ယမန်နေ့မှ တစ်ဖန် ထပ်တိမ်းရှောင်ရကြောင်း သိရသည်။

“ စစ်ကောင်စီက လက်နက်ကြီးပစ်တယ်။ တောင်ကိုကျော်သွားပြီး နားဟီးကျေးရွာ နဲ့ ဗန်ခူးကျေးရွာထဲ ကျရောက်သွားတာ။ အဲ့ရွာထဲမှာ ပေါက်ကွဲသေးတယ်။ အဲ့ရွာကလူတွေက အစက စစ်ရှောင်ခဲ့တာပဲ။ တစ်ချို့ပြန်လာနေတာ။ မနေ့က လက်နက်ကြီးကြောင့် သူတို့ အခုက တစ်ခါထပ်ပြေးရတာ” ဟု အထက်ပါ ဖယ်ခုံ PDF တပ်ရင်း ၂ က ပြောသည်။

အလားတူ ယနေ့တွင်လည်း စစ်ရေးတင်းမာနေလျက်ရှိပြီး စစ်ကောင်စီတပ်လည်း လွယ်မကူးတောင်ပေါ် တပ်စွဲပြီးနေထိုင်နေသေးသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်တွင်လည်း ဖယ်ခုံ PDF တပ်ရင်း ၂ မှ စစ်ကောင်စီတပ်စွဲထားသည့် ဆောင်နန်းခဲကျေးရွာ အရှေ့ဘက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...