ပင်လောင်း လွယ်ကျိုင့် စစ်ဘေးရှောင် စားနပ်ရိက္ခာ နှင့် ဆေးဝါးများအခက်တွေ့

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် လွယ်ကျိုင့်ကျေးရွာတွင် စစ်ရှောင်များ (၆၀၀) ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အခက်ခဲများရှိနေကြောင်း သတင်းသိရသည်။

လွယ်ကျိုင့် စစ်ရှောင်ကလေးများ

လွယ်ကျိုင့်ကျေးရွာသည် ပင်လောင်းမြို့နှင့် (၂၅) မိုင်ဝေးကွာပြီး ၎င်းကျေးရွာတွင် စစ်ဘေးရှောင် (၆၀၀) ကျော် ရှိသည်။

ထိုထဲမှ အမျိုးသမီး (၆၀) ရာခိုင်နှုန်း ၊ ကလေးငယ်များ (၃၀) ရာခိုင်နှုန်း နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး (၅) ဦးကျော် ရှိနေကြောင်း သိရသည်။

အဆိုပါ စစ်ရှောင်များသည် ယခုကာလ မိုးရာသီအချိန်တွင် စားနပ်ရိက္ခာများ၊ ဆေးဝါးများ နှင့် မိုးကာများ လုံလုံလောက်လောက် မရှိသဖြင့်လက်ရှိကာလမှာ ကျန်းမာရေးအတွက် အခက်အခဲများ ရင်ဆိုင် ကြုံတွေ့နေရ ကြောင်း လွယ်ကျိုင့်စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ စစ်ရှောင် အခက်ခဲတွေတော့ တော်တော်များတယ်ဗျ။ သန့်ရှင်းရေး အပိုင်းမှာကော ၊စားသောက်ကုန် ပိုင်းမှာကော ၊ ကျန်းမာရေး အပိုင်းမှာကော တော်တော်အခက်ခဲရှိတယ်။ မိုးကာတွေလည်း လိုအပ်နေတယ်။ ဆေးရုံဆေးခန်းလည်း လက်လှမ်းမမှီဘူး။ အခုမိုးရာသီချိန်မှာ ရာသီတုပ်ကွေးကြိုတင် ကာကွယ်ဖို့ စုဆောင်းဖို့ကော၊ အဓိကတော့ စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်နေတယ် ” ဟု ၎င်းစစ်ရှောင် တစ်ဦးကပြောသည်။

လွယ်ကျိုင့် စစ်ရှောင်ကလေးများ

လက်ရှိ ကာလမှာ စစ်ရှောင်များအတွက် ကျန်းမာရေး ဆိုင်ရာ ဆေးဝါးများအရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ထို့အပြင် လွယ်ကျိုင့်စစ်ရှောင်စခန်းတွင် ကလေးများအတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ ဖွင့်လှစ်ရန် စာရေးကိရိယာများ နှင့် ထိုင်ခုံများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။
“ ကျနော်တို့ ကလေးတွေအတွက် စားရေးကိရိယာ ဘောပင် ၊ နေရာထိုင်ခင်း ခုံ ၊ စားပွဲတွေ တော့အခက်ခဲတွေ ရှိတယ်။ ဒီရက်ပိုင်း အလှူရှင်တွေလည်း နည်းနည်းကျဲလာတယ်။ကျနော်တို့ကတော့ ဒီက ကလေးတွေအတွက် ပညာရေးတွေ မဆုံးရှုံး စေချင်ဘူး “ဟု သွားရောက်ကူညီပေးသူ တစ်ဦးက ပြောသည်။

ဖယ်ခုံမြို့ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်များ မကြာခဏ တိုက်ပွဲဖြစ်ပွားပြီးနောက် ၎င်းအနီးနားရှိ ကျေးရွာဒေသခံများ လွယ်ကျိုင့်ကျေးရွာသို့ စစ်ရှောင်လာခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...