NSPNC
RCSS နှင့် NSPNC တို့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေး
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့က နေပြည်တော်တွင် သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ တွေ့ဆုံဆွေးနွေးမှုတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရှိရာ ဒေသများ၌ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်...
NCA လက်မှတ်ထိုး လက်နက်ကိုင် (၅) ဖွဲ့ နှင့် NSPNC နေပြည်တော်တွင် (၃) ရက်ကြာ တွေ့ဆုံဆွေးနွေးမည်
စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် အပစ်ရပ် သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် တပ်ဖွဲ့ (၅) ဖွဲ့တို့သည် နေပြည်တော်တွင် (၃) ရက်ကြာ တွေ့ဆုံဆွေးနွေးမည်ဟု သတင်းရရှိသည်။ . ယမန်နေ့ (သြဂုတ် ၂၉) ရက်နေ့မှ စတင်ကာ...
လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် SSPP တိုက်ပွဲဖြစ်
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ် နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်တို့ ယနေ့ (သြဂုတ် ၆) ရက် နံနက် ၆ နာရီဝန်းကျင်တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ . ယနေ့ (သြဂုတ် ၆ )...
UWSA အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့ (၃) ဖွဲ့ နှင့် NSPNC တို့ နေပြည်တော်မှာ တွေ့ဆုံနေ
သျှမ်းပြည် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့ (၃) ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC တို့က...
ငြိမ်းချမ်းရေး ညီလာခံ ပြုလုပ်ရန် RCSS နှင့် NSPNC တို့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး
ငြိမ်းချမ်းရေး ညီလာခံ ပြုလုပ်ရန် အတွက် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံးညီညွှတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ RCSS/SSA...
PPST အဖွဲ့ဝင် ၅ ဖွဲ့ စစ်ကောင်စီ နှင့် သွားရောက်တွေ့ဆုံမည်
ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် NCA-S EAO (၅) ဖွဲ့သည် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း...
စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ သဘာတူညီချက် တစုံတရာမှ မရရှိ
တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုကြောင့် ဖြစ်လာသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံ NSPNC တို့ တွေ့ဆုံဆွေးနွေးမှုသည် သဘောတူညီချက် တစ်စုံတစ်ရာ မရှိဘဲ ပြီးဆုံးသွားခဲ့ကြောင်း စုံစမ်း သိရ သည်။ ပုံ- NSPNC နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့...
NSPNC နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ တွေ့ဆုံမှုတွင် မတရားအသင်းမှ ပယ်ဖျက်ရေးကိစ္စအတွက် ပြောဆိုဆွေးနွေးခဲ့
စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ တို့ တွေ့ဆုံဆွေးနွေးမှုတွင် မတရားအသင်းမှ ပယ်ဖျက်ရေး ကိစ္စများ ပြောဆို ဆွေးနွေးဖြစ်ခဲ့ကြောင်း သိရသည်။ ပုံ- ...
PPST အဖွဲ့ဝင်များ စစ်ကောင်စီ လက်အောက်ခံ NSPNC ဆိုင်ရာ ကိစ္စရပ်ဆွေးနွေးမည်
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် NCA-S-EAO (၇) ဖွဲ့သည် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီ (NSPNC) ဆိုင်ရာကို ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု စုံစမ်းသိရသည်။ အဆိုပါ...
အပစ်ရပ် (၇) ဖွဲ့နှင့် NSPNC တို နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (NCA-S EAO) ၇ ဖွဲ့ နှင့်အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီNSPNC တို့ နေပြည်တော်တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၂၈) ရက်တွင် NSPNC ၏ ဗဟိုဌာနရှိရာ နေပြည်တော်၌ တွေ့ဆုံခြင်းဖြစ်ပြီး NCA – S – EAO (၇) ဖွဲ့ အနေဖြင့်သက်ဆိုင်သူ အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှု အခင်းအကျင်း တစ်ရပ် ပေါ်ပေါက်ရေးကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ငြိမ်းချမ်းရေး အဆင့်ဆင့် နှင့် ဖက်ဒရယ် အခြေခံမူများ စသည့် အကြောင်းအရာအများကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်းလည်း NCA – S – EAO (၇) က ထုတ်ပြန်ထားသည်။ အဆိုပါ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် NCA – S – EAO (၇) ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စဝ်စိုင်းငင်း (RCSS /SSA) ၊ ဒုတိယ အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည့် စောမြရာဇာလင်း (ALP) နှင့်နိုင်အောင်မငေး (NMSP) ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး စောကျော်သန်းဌေး (DKBA) ၊ ဗိုလ်မှူးကြီး စောကျော်ညွှန့်(KNU/KNLA-PC) ၊ ကျာဖူး (LDU) ဗိုလ်မှူးခွန်သိန်းမင်းသိန်း (PNLO) နှင့် အထောက်အကူပြု ကိုယ်စားလှယ် (၅) ဦး၊ စုစုပေါင်း(၁၂) ဦးဖြင့် NSPNC နှင့် တက်ရောက်ဆွေးနွေးနေကြောင်း သိရသည်။ ထို့နည်းတူပင် စစ်ကောင်စီ လက်အောက်ခံ NSPNC ဘက်မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့က တက်ရောက်ခဲ့ကြောင်း လည်း သိရသည်။ အပစ်ရပ် NCA – S – EAO နှင့် NSPNC တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုသည် မတ်လ (၂၉) ရက်နေ့ အထိ ရှိမည်ဖြစ်ကြောင်းလည်း NCA – S –...





